Monday 25 August 2014

ခေါင်းလောင်းရှာဖွေနေသည့် ကမ်းစပ်တွင် မွန်တိုင်းရင်းသားတစ်ရာကျော် ဆုတောင်း

Photo: ခေါင်းလောင်းရှာဖွေနေသည့် ကမ်းစပ်တွင် မွန်တိုင်းရင်းသားတစ်ရာကျော် ဆုတောင်း
Monday, August 25, 2014

ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေသည့် အေးရှားပွိုင့် ဘိုး လင်းစင်တာ ကမ်းစပ်အနီးတွင် မွန်တိုင်းရင်းသား တစ်ရာကျော်ကသြဂုတ် ၂၄ ရက်၊ နံနက် ၇ နာရီမှ နံနက် ၉ နာရီခွဲထိ ကမ်းစပ်၌ စင်ထိုး၍ ပွဲများပေးကာ မွန်ဘာသာဖြင့် ဆုတောင်းခဲ့ကြောင်း သတင်းရရှိသည်။

ရာမညပုညကာရီ မွန်ဝတ်ရွတ်ဖတ်ပူဇော်အသင်းမှ ကြီးမှူး၍ ဗုဒ္ဓမြတ်ဘုရားရှင်များနှင့် မွန်ဓမ္မ စေတီခေါင်းလောင်းတော်ကြီးတို့ အား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ဆီမီးတို့ဖြင့် ဆက်ကပ်လှူဒါန်းပူ ဇော်ခဲ့ခြင်း ဖြစ်သည်။

‘‘ကမ်းစပ်မှာစင်ထိုးပြီး ကန် တော့ပွဲပေးတယ်။ ဆွမ်းကပ် တယ်။ မွန်လိုရွတ်ဖတ်ကြတယ်။ ပစ္စည်းပွဲတွေက အများကြီးပဲ။ ဘုရားပန်းအစုံ၊ သစ်သီးပွဲတွေ ရော’’ဟု ယင်းနေရာတွင် တာဝန် ကျနေသည့် ဒေါပုံမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ  ဦးဝင်းလွင်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်းရှိ မွန်တိုင်း ရင်းသားလူငယ်များစုပေါင်း၍ ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူ ရေးအတွက် အထောက်အကူပြု ရန် လာရောက်အဓိဋ္ဌာန်ပြုဆု တောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ရာမညပုညကာရီ မွန်ဝတ်ရွတ်ဖတ်ပူဇော်အသင်းမှ သတင်းရရှိသည်။

ဓမ္မစေတီခေါင်းလောင်းရှာ ဖွေရေးလုပ်ငန်းကို သြဂုတ် ၉ ရက်က စတင်ခဲ့ပြီး သြဂုတ် ၁၆ ရက် တွင် သဲသောင်တူးစက်ဖြင့် ရှိမည့် နေရာကို တည်နေရာသတ်မှတ် ကာ သဲစုပ်ယူမှုများပြုလုပ်ခဲ့ ကြောင်း၊ သြဂုတ်လ ၂၆ ရက် နောက်ဆုံးတူးဖော်မည်ဟု ပြော ကြားထားသော်လည်း ရက်တိုးချဲ့ လုပ်ဆောင်ရန်ရှိကြောင်း စုံစမ်းသိရှိရသည်။

သြဂုတ် ၂၄ ရက်နေ့တွင် သဲသောင်တူးစက်ဖြင့် ဆက်လက်တူးဖော်နေပြီး သတ်မှတ်ရက်နီးလာ၍ လာကြည့်သူများ ပိုများလာကြောင်း၊ ရုံးပိတ်ရက်ဖြစ်သဖြင့် ငါးဖမ်းလှေအစီး ၂၀ ခန့်ထိ ထွက်နေရကြောင်း၊ သမ္ဗန်စက်လှေ ဂိတ်မှူး ဦးဇင်ဘိုက ပြောသည်။

ကမ်းနားတွင် အများပြည်သူ ကြည့်ရှုရန် အမိုးများကာပေးခြင်း၊ မှန်ပြောင်း  ခြောက်ခုခန့် အများပြည်သူကြည့်ရှုရန် တပ်ဆင်ထားသည်။

ရေငုပ်သမား ဦးစံလင်းသည် ကော့သောင်းရှိ နေအိမ်ကိုရောင်း ချ၍ ဓမ္မစေတီခေါင်းလောင်းဆယ် ယူရန် စတင်ကြိုးပမ်းခြင်းဖြစ်ကာ ဦးဝင်းမြင့်က ဆက်လက်မတည် ၍ ယခုလို ဆယ်ယူခြင်းဖြစ်ကြောင်း အခြားစေတနာရှင်များ၏ လှူဒါန်းငွေများကိုလည်း ဘဏ်တွင် ထည့်

သွင်းထားပြီး ယနေ့ထိ ထုတ်ယူသုံးစွဲခြင်းမရှိသေးကြောင်း၊ ဆယ်ယူ ရေးအဖွဲ့ ထံမှ သတင်းရရှိသည်။

7Day DAILY 

ခေါင်းလောင်းရှာဖွေမှုကို လာရောက်စောင့်ကြည့်နေကြသူများ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ခေါင်းလောင်းရှာဖွေမှုကို လာရောက်စောင့်ကြည့်နေကြသူများ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေသည့် အေးရှားပွိုင့် ဘိုး လင်းစင်တာ ကမ်းစပ်အနီးတွင် မွန်တိုင်းရင်းသား တစ်ရာကျော်ကသြဂုတ် ၂၄ ရက်၊ နံနက် ၇ နာရီမှ နံနက် ၉ နာရီခွဲထိ ကမ်းစပ်၌ စင်ထိုး၍ ပွဲများပေးကာ မွန်ဘာသာဖြင့် ဆုတောင်းခဲ့ကြောင်း သတင်းရရှိသည်။
ရာမညပုညကာရီ မွန်ဝတ်ရွတ်ဖတ်ပူဇော်အသင်းမှ ကြီးမှူး၍ ဗုဒ္ဓမြတ်ဘုရားရှင်များနှင့် မွန်ဓမ္မ စေတီခေါင်းေ လာင်းေ တာ် ကြီးတို့ အား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ဆီမီးတို့ဖြင့် ဆက်ကပ်လှူဒါန်းပူ ဇော် ခဲ့ခြင်း ဖြစ် သည်။

‘‘ကမ်းစပ်မှာစင်ထိုးပြီး ကန် တော့ပွဲပေးတယ်။ ဆွမ်းကပ် တယ်။ မွန်လိုရွတ်ဖတ်ကြတယ်။ ပစ္စည်းပွဲတွေက အများကြီးပဲ။ ဘုရားပန်းအစုံ၊ သစ်သီးပွဲတွေ ရော’’ဟု ယင်းနေရာတွင် တာဝန် ကျနေသည့် ဒေါပုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ  ဦးဝင်းလွင်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်းရှိ မွန်တိုင်း ရင်းသားလူငယ်များစုပေါင်း၍ ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူ ရေးအတွက် အထောက်အကူပြုရန် လာရောက်အဓိဋ္ဌာန်ပြုဆု တောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ရာမညပုညကာရီ မွန်ဝတ် ရွတ်ဖတ်ပူဇော်အသင်းမှ သတင်းရရှိသည်။

ဓမ္မစေတီခေါင်းလောင်းရှာ ဖွေရေးလုပ်ငန်းကို သြဂုတ် ၉ ရက်က စတင်ခဲ့ပြီး သြဂုတ် ၁၆ ရက် တွင် သဲသောင်တူးစက်ဖြင့် ရှိမည့် နေရာကို တည်နေရာသတ်မှတ် ကာ သဲစုပ်ယူမှုများပြုလုပ်ခဲ့ ကြောင်း၊ သြဂုတ် လ ၂၆ ရက် နောက်ဆုံးတူးဖော်မည်ဟု ပြော ကြားထားသော်လည်း ရက်တိုးချဲ့ လုပ်ဆောင်ရန်ရှိကြောင်း စုံစမ်း သိရှိရသည်။

သြဂုတ် ၂၄ ရက်နေ့တွင် သဲသောင်တူးစက်ဖြင့် ဆက်လက်တူးဖော်နေပြီး သတ်မှတ်ရက်နီးလာ၍ လာကြည့် သူများ ပိုများလာကြောင်း၊ ရုံးပိတ်ရက်ဖြစ်သဖြင့် ငါးဖမ်းလှေအစီး ၂၀ ခန့်ထိ ထွက်နေရကြောင်း၊ သမ္ဗန်စက်လှေ ဂိတ်မှူး ဦးဇင်ဘိုက ပြောသည်။

ကမ်းနားတွင် အများပြည်သူ ကြည့်ရှုရန် အမိုးများကာပေးခြင်း၊ မှန်ပြောင်း  ခြောက်ခုခန့် အများပြည် သူကြည့်ရှုရန် တပ်ဆင်ထားသည်။

ရေငုပ်သမား ဦးစံလင်းသည် ကော့သောင်းရှိ နေအိမ်ကိုရောင်း ချ၍ ဓမ္မစေတီခေါင်းလောင်းဆယ် ယူရန် စတင်ကြိုးပမ်းခြင်းဖြစ်ကာ ဦးဝင်းမြင့်က ဆက်လက်မတည်၍ ယခုလို ဆယ်ယူခြင်းဖြစ်ကြောင်း အခြားစေ တနာ ရှင်များ၏ လှူဒါန်းငွေများကိုလည်း ဘဏ်တွင် ထည့်သွင်းထားပြီး ယနေ့ထိ ထုတ်ယူ သုံးစွဲခြင်း မရှိသေးကြောင်း၊ ဆယ်ယူ ရေးအဖွဲ့ထံမှ သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment