Monday 25 August 2014

ကွမ်းခြံကုန်းတွင် အေးရှားဝေါ တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံစီမံကိန်းဒေသခံများ ကန့်ကွက်

Photo: ကွမ်းခြံကုန်းတွင် အေးရှားဝေါ တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံ စီမံ ကိန်းဒေသခံများ ကန့်ကွက်
Monday, August 25, 2014

ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုံကျေးရွာတွင် ကျောက် မီးသွေးစက်ရုံစီမံကိန်း တည်ဆောက်ရန် ဒေသခံများနှင့် တွေ့ဆုံခဲ့ရာ ဒေသခံများက ကန့်ကွက် ခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုံ ကျေးရွာတွင် အေးရှားဝေါကုမ္ပဏီ က စုစုပေါင်း မဂ္ဂါဝပ်သုံးထောင် ကျော်ထွက်ရှိမည့် ကျောက်မီး သွေးစက်ရုံနှင့် တန်ချိန်နှစ်သောင်းရှိ သင်္ဘောများဆိုက်ကပ်နိုင်မည့် ဆိပ်ခံတံတားတစ်ခု    တည်ဆောက်ရန် ပြင်ဆင်လျက်ရှိသည်။

ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် ဇန်န၀ါရီလ ဆန်းတွင် ပထမအကြိမ် လူထုတွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်စဉ်ကဒေသခံများ ကန့်ကွက်ခဲ့ပြီး ယခုသြဂုတ်လတွင်   ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်   လူထုတွေ့ဆုံမှု တွင်လည်း  ဒေသခံများက  ကန့် ကွက်ခဲ့ကြသည်။

သောင်ခုံကျေးရွာတွင် အေးရှားဝေါကုမ္ပဏီပိုင် ကောင်း မြတ်သောမြေကုမ္ပဏီမှ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုလေ့လာ ဆန်းစစ်ချက် (EIA) ဆောင်ရွက် ခဲ့ကာ သန့်စင်သော ကျောက်မီး သွေးနည်းစနစ်ကို အသုံးပြု၍ ထုတ်လုပ်သွားမည်ဖြစ်ပြီး စက်ရုံ မှ စွန့်ပစ်ပစ္စည်းများကိုလည်း ကမ္ဘာ့ဘဏ်မှ သတ်မှတ်ထား သည့် နည်းစနစ်အတိုင်း  ပြုလုပ် သွားမည်ဟု ကုမ္ပဏီ၏ အထွေ ထွေမန်နေဂျာ ဦးမြင့်ဦးက  ပြော သည်။

ကျောက်မီးသွေးစက်ရုံ ဆောက်လုပ်မည့်နေရာကို ယခင် က အေးရှားဝေါကုမ္ပဏီပိုင် လက်ခွဲဖြစ်သည့် Green Asia ကုမ္ပဏီ အမည်ဖြင့် စက်မှုလယ်ယာစိုက် ပျိုးမှုအတွက်ဆိုကာ ဒေသခံများ ထံမှ လယ်ယာမြေများဝယ်ယူခဲ့ ပြီး    လယ်လုပ်ကိုင်ခြင်းမရှိဘဲ ယခုတွင်မှ    ကျောက်မီးသွေး စက်ရုံဆောက်လုပ်ရန် ဆောင် ရွက်နေခြင်းဖြစ်သည်ဟု ကွမ်းခြံ ကုန်းကွန်ရက်မှ ဦးမျိုးမြင့်အောင်က ပြောသည်။

‘‘ကျောက်မီးသွေးက သဘာ ၀ပတ်ဝန်းကျင်ရော ဒေသခံတွေ ရဲ့ ကျန်းမာရေးကိုရော ထိခိုက်စေ တယ်။ ဒီစက်ရုံကြောင့် ဆိုးကျိုး တွေဖြစ်တော့ တခြားနိုင်ငံတွေ မှာ ပြည်သူလူထုရဲ့ ဆန့်ကျင်မှု တွေကြောင့် လျှော့ချလာတာကို တွေ့ရတယ်။ အဲဒီလိုမျိုး အန္တရာယ်ရှိတဲ့ စက်ရုံတွေ ကိုယ့်နိုင်ငံမှာ လာလုပ်မယ်ဆိုတာ ဒေသခံပြည်သူတွေရဲ့  နစ်နာမှုတွေကို တားဆီး ဆန့်ကျင်တဲ့အနေနဲ့ ကန့်ကွက်တာ’’ဟု ၎င်းကဆိုသည်။

ထို့အပြင် ယင်းစက်ရုံတည် ဆောက်မည်ဆိုပါက ယင်းစက်ရုံ မှဖြစ်ပေါ်လာမည့် အနံအသက်နှင့် ဆိုးကျိုးများကြောင့် ဒေသခံများ နေရပ် စွန့်ခွာရမည်ကို စိုးရိမ်လျက်ရှိသည်ဟု     ဦးမျိုးမြင့် အောင်ကပြောသည်။

‘‘ကျောက်မီးသွေးဓာတ်အား ပေးစက်ရုံက ကောင်းကျိုးရှိသလို ဆိုးကျိုးလည်း များတယ်။ သူတို့ က ဘယ်လိုဆောက်မလဲဆိုတာ လည်း မသိဘူး။ အရင်တစ်ကြိမ် ရှင်းပြတုန်းက ကုမ္ပဏီက ကောင်းကျိုးတွေ ပြောပြတယ်။ ဆိုးကျိုး သိပ်မရှိဘူးလို့    ပြောတယ်။ တကယ်လို့ ဆိုးကျိုးတွေဖြစ်ရင် ဒေသခံတွေပဲ ခံစားရမှာ။  အဲဒါ ကြောင့် ကန့်ကွက်တယ်’’  ဟု သောင်ခုံကျေးရွာဒေသခံတစ်ဦး က ပြောသည်။

ယင်းကျောက်မီးသွေးစက် ရုံတည်ဆောက်ရန်     ပတ် ၀န်းကျင်ဆိုင်ရာ ထိခိုက်မှုလေ့ လာဆန်းစစ်ချက် (EIA) ကို မြန်မာအတိုင်ပင်ခံ အင်ဂျင်နီယာကုမ္ပဏီ လီမိတက် (MEC) က လေးလတာကွင်းဆင်းလေ့လာခဲ့ပြီး  လေ့လာမှုများအရ ထိခိုက်မှုအနည်းငယ် သာရှိသည်ဟု ယင်းကုမ္ပဏီမှ အစီအစဉ်ညှိနှိုင်းရေးမှူး    ဦးညီညီ အောင်ကပြောသည်။

ယင်းလေ့လာဆန်းစစ်ချက် တွင် ကျောက်မီးသွေးသိုလှောင် ရာနေရာသည် ဒေသခံများနေ ထိုင်ရာ ကျေးရွာများနှင့် ဝေးကွာ သည့်နေရာတွင် တည်ရှိပြီး ဒေသမျိုးရင်းပန်းမန်နှင့် တိရစ္ဆာန်များအပေါ် ဆိုးကျိုးသက်ရောက်မှု အနည်းငယ်ဖြစ်၍   မျိုးသုဉ်းမည့် အန္တရာယ်ရှိသည့် မျိုးစိတ်များနေထိုင်ကျက်စားခြင်း    မရှိသည့်အပြင် စီမံကိန်းမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ၏အနံ့အသက်၊ ဆူညံမှုများလည်း  အနည်းငယ်သာ ရှိသည်ဟု ၎င်းကဆိုသည်။

ဒုတိယအကြိမ် လူထုတွေ့ ဆုံမှုကို သြဂုတ် ၂၃ ရက်တွင် ကွမ်းခြံကုန်းမြို့နယ်၌ ပြုလုပ်ခဲ့ပြီး ပြည် သူလူထု၏    တုံ့ပြန်မှုကိုရယူ၍ ၀န်ကြီးဌာနသို့ အစီရင်ခံစာတင် သွင်းကာ လုပ်ငန်းစဉ်များ ဆက် လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

7Day DAILY 

ဒေသခံများနှင့်တွေ့ဆုံပွဲတွင် ထကန့်ကွက်သည့်ဒေသခံအချို့ ( ဓာတ်ပုံ−ခိုင်ခိုင်စိုး)
ဒေသခံများနှင့်တွေ့ဆုံပွဲတွင် ထကန့်ကွက်သည့်ဒေသခံအချို့ ( ဓာတ်ပုံ−ခိုင်ခိုင်စိုး)
ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုံကျေးရွာတွင် ကျောက် မီးသွေးစက်ရုံစီမံကိန်း တည်ဆောက်ရန် ဒေသခံ များနှင့် တွေ့ဆုံ ခဲ့ရာ ဒေသခံများက ကန့်ကွက် ခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုံ ကျေးရွာတွင် အေးရှားဝေါကုမ္ပဏီ က စုစုပေါင်း မဂ္ဂါဝပ်သုံးထောင် ကျော်ထွက်ရှိမည့် ကျောက်မီး သွေးစက်ရုံနှင့် တန်ချိန်နှစ်သောင်းရှိ သင်္ဘောများ ဆိုက် ကပ်နိုင် မည့် ဆိပ်ခံတံတားတစ်ခု    တည်ဆောက်ရန် ပြင်ဆင်လျက်ရှိသည်။

ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် ဇန်န၀ါရီလ ဆန်းတွင် ပထမအကြိမ် လူထုတွေ့ဆုံညှိနှိုင်း မှုများ ပြု လုပ် စဉ်ကဒေသခံများ ကန့်ကွက်ခဲ့ပြီး ယခုသြဂုတ်လတွင်   ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်   လူထုတွေ့ ဆုံ မှု တွင်လည်း  ဒေသခံများက  ကန့်ကွက်ခဲ့ကြသည်။

သောင်ခုံကျေးရွာတွင် အေးရှားဝေါကုမ္ပဏီပိုင် ကောင်း မြတ်သောမြေကုမ္ပဏီမှ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုလေ့လာ ဆန်းစစ်ချက် (EIA) ဆောင်ရွက် ခဲ့ကာ သန့်စင်သော ကျောက်မီး သွေးနည်းစနစ်ကို အသုံးပြု၍ ထုတ်လုပ်သွားမည်ဖြစ်ပြီး စက်ရုံ မှ စွန့်ပစ်ပစ္စည်းများကိုလည်း ကမ္ဘာ့ဘဏ်မှ သတ်မှတ်ထား သည့် နည်းစနစ်အတိုင်း  ပြုလုပ် သွားမည်ဟု ကုမ္ပဏီ၏ အထွေ ထွေမန်နေဂျာ ဦးမြင့်ဦးက  ပြော သည်။

ကျောက်မီးသွေးစက်ရုံ ဆောက်လုပ်မည့်နေရာကို ယခင် က အေးရှားဝေါကုမ္ပဏီပိုင် လက်ခွဲဖြစ်သည့် Green Asia ကုမ္ပဏီ အမည်ဖြင့် စက်မှုလယ်ယာစိုက် ပျိုးမှုအတွက်ဆိုကာ ဒေသခံများ ထံမှ လယ်ယာမြေ များ ၀ယ်ယူခဲ့ ပြီး    လယ်လုပ်ကိုင်ခြင်းမရှိဘဲ ယခုတွင်မှ    ကျောက်မီးသွေး စက်ရုံဆောက်လုပ်ရန် ဆောင် ရွက်နေခြင်းဖြစ်သည်ဟု ကွမ်းခြံ ကုန်းကွန်ရက်မှ ဦးမျိုးမြင့်အောင်က ပြောသည်။

‘‘ကျောက်မီးသွေးက သဘာ ၀ပတ်ဝန်းကျင်ရော ဒေသခံတွေ ရဲ့ ကျန်းမာရေးကိုရော ထိခိုက်စေ တယ်။ ဒီစက်ရုံကြောင့် ဆိုးကျိုး တွေဖြစ်တော့ တခြားနိုင်ငံတွေ မှာ ပြည်သူလူထုရဲ့ ဆန့်ကျင်မှု တွေကြောင့် လျှော့ချ လာတာကို တွေ့ရတယ်။ အဲဒီလိုမျိုး အန္တရာယ်ရှိတဲ့ စက်ရုံတွေ ကိုယ့်နိုင်ငံမှာ လာလုပ်မယ် ဆို တာ ဒေသ ခံပြည်သူတွေရဲ့  နစ်နာမှုတွေကို တားဆီး ဆန့်ကျင်တဲ့အနေနဲ့ ကန့်ကွက်တာ’’ဟု ၎င်းက ဆိုသည်။

ထို့အပြင် ယင်းစက်ရုံတည် ဆောက်မည်ဆိုပါက ယင်းစက်ရုံ မှဖြစ်ပေါ်လာမည့် အနံအသက်နှင့် ဆိုးကျိုးများကြောင့် ဒေသခံများ နေရပ်စွန့်ခွာရမည်ကို စိုးရိမ်လျက်ရှိသည်ဟု ဦးမျိုးမြင့် အောင် ကပြောသည်။

‘‘ကျောက်မီးသွေးဓာတ်အား ပေးစက်ရုံက ကောင်းကျိုးရှိသလို ဆိုးကျိုးလည်း များတယ်။ သူတို့ က ဘယ် လိုဆောက်မလဲဆိုတာ လည်း မသိဘူး။ အရင်တစ်ကြိမ် ရှင်းပြတုန်းက ကုမ္ပဏီက ကောင်း ကျိုးတွေ ပြောပြ တယ်။ ဆိုးကျိုး သိပ်မရှိဘူးလို့    ပြောတယ်။ တကယ်လို့ ဆိုးကျိုးတွေဖြစ်ရင် ဒေသခံတွေပဲ ခံစားရမှာ။  အဲဒါ ကြောင့် ကန့်ကွက်တယ်’’  ဟု သောင်ခုံကျေးရွာဒေသခံတစ်ဦး က ပြောသည်။

ယင်းကျောက်မီးသွေးစက် ရုံတည်ဆောက်ရန်     ပတ် ၀န်းကျင်ဆိုင်ရာ ထိခိုက်မှုလေ့ လာဆန်းစစ်ချက် (EIA) ကို မြန်မာအတိုင်ပင်ခံ အင်ဂျင်နီယာကုမ္ပဏီ လီမိတက် (MEC) က လေးလတာကွင်းဆင်းလေ့လာ ခဲ့ပြီး  လေ့လာမှုများအရ ထိခိုက်မှုအနည်းငယ် သာရှိသည်ဟု ယင်းကုမ္ပဏီမှ အစီအစဉ်ညှိနှိုင်းရေးမှူး    ဦးညီညီ အောင်ကပြောသည်။

ယင်းလေ့လာဆန်းစစ်ချက် တွင် ကျောက်မီးသွေးသိုလှောင် ရာနေရာသည် ဒေသခံများနေ ထိုင်ရာ ကျေးရွာ များနှင့် ဝေးကွာ သည့်နေရာတွင် တည်ရှိပြီး ဒေသမျိုးရင်းပန်းမန်နှင့် တိရစ္ဆာန်များအပေါ် ဆိုးကျိုး သက်ရောက်မှု အနည်းငယ်ဖြစ်၍  မျိုးသုဉ်းမည့် အန္တရာယ်ရှိသည့် မျိုးစိတ်များနေထိုင်ကျက်စားခြင်း မရှိသည့် အပြင် စီမံကိန်းမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ၏အနံ့အသက်၊ ဆူညံမှုများလည်း  အနည်းငယ်သာ ရှိ သည်ဟု ၎င်းကဆိုသည်။

ဒုတိယအကြိမ် လူထုတွေ့ ဆုံမှုကို သြဂုတ် ၂၃ ရက်တွင် ကွမ်းခြံကုန်းမြို့နယ်၌ ပြုလုပ်ခဲ့ပြီး ပြည်သူ လူထု ၏တုံ့ပြန်မှုကိုရယူ၍ ၀န်ကြီးဌာနသို့ အစီရင်ခံစာတင်သွင်းကာ လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက် သွားမည်ဟု သိရသည်။

7Day DAILY

No comments:

Post a Comment