Monday 25 August 2014

ကုလသမဂ္ဂ ကျန်းမာရေးဝန်ထမ်းတစ်ဦး အီဘိုလာ ကူးစက်ခံရ


ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ ကျန်းမာရေးစောင့်ရှောက်မှု ၀န်ထမ်းတစ်ဦး အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း WHO က သြဂုတ် ၂၄ ရက်တွင် ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာလိုက်သည်။
ဗြိတိန် လူမျိုး အဆိုပါ ကျန်းမာရေးဝန်ထမ်းအား ဆီရာလီယွန်မြို့မှ လန်ဒန်မြို့ဆေးရုံသို့ ခေါ်ဆောင် လာပြီး ၎င်း၏ အသက်၊ ကျား၊မနှင့် နိုင်ငံ သားတို့ကို WHO က အသေးစိတ်ဖော်ပြမထားပေ။

အီဘိုလာဆိုင်ရာ အချက်အလက်
အနောက်အာဖရိကတိုက်တွင် ဖြစ်ပွားနေသည့် အိုဘိုလာဗိုင်းရပ်ပိုးကူးစက်ရောဂါကြောင့် သေဆုံးသူ ၁၄၂၇ ဦး ထက် မနည်းရှိသွားပြီဖြစ်သည်။

ဆီရာလီယွန်ကျန်းမာရေးဝန်ကြီးဌာနက ဗိုင်းရပ်စ်ကူးစက်ခံလိုက်ရသည့် ဗြိတိန်လူမျိုးသည် စေတနာ့ ၀န် ထမ်း သူ နာပြု တစ်ဦးဖြစ်ပြီး အလွန်အား ကိုးရသူတစ်ဦးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ၎င်း သည် ရောဂါဖြစ်ပွားမှုအဆိုးရွားဆုံး နိုင်ငံအရှေ့ပိုင်း ကီနီမာမြို့တွင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ် ကိုင်နေသူ တစ်ဦးဖြစ်သည်။

အီဘိုလာဗိုင်းရပ်စ်ကူးစက်နေသည့် အနောက်အာဖရိကတိုက် လေးနိုင်ငံတွင် သေဆုံး သူအရေ အတွက် မှာ ဆီရာလီယွန်တွင် ၃၉၂ ဦး၊ လိုင်ဘေးရီးယားတွင် ၆၂၄ ဦး၊ ဂီနာတွင် ၄၀၆ ဦးနှင့် နိုင်ဂျီးရီးယားတွင် ငါးဦးရှိသွားပြီဖြစ်ကြောင်း WHO က ကြေညာထားသည်။

ဗိုင်းရပ်စ်ကူးစက်ခံထားရ သူအရေအတွက်မှာလည်း ၂၆၁၅ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အနောက်မြောက်ဘက်တွင်လည်း အီဘိုလာကြောင့် နှစ်ဦးသေဆုံး သွားကြောင်း အစိုးရက ထုတ်ပြန်ကြေ ညာထားသည်။

-အနောက်အာဖရိကတွင် လင်းနို့များသည် အီဘိုလာဗိုင်းရပ်စ်ကို သယ်ဆောင်သည့် အဓိကသတ္တ၀ါဖြ စ်သော် လည်း ၎င်းတို့ တွင် ရောဂါလက္ခဏာမတွေ့ရှိရ။

-အီဘိုလာကူးစက်ခံရပါက အပြင်းဖျားဖြင့် သွေးယိုစိမ့်ခြင်းနှင့် ဗဟိုအာရုံကြောစနစ် ပျက်စီးခြင်း၊

-ရောဂါကူးစက်ခံရသူ ၉၀ ရာခိုင်နှုန်း သေဆုံးနိုင်သောလည်း လက်ရှိအချိန်ထိ ၅၅ ရာခိုင်နှုန်းသာ ရှိသေး သည်။

-ဗိုင်းရပ်စ်ကူးစက်ခံရပြီး နှစ်ရက်မှ ၂၁ ရက်အကြာတွင် ရောဂါလက္ခဏာပေါ်လာသည်။

-ကာကွယ်ဆေး၊ ကုသဆေး မရှိသေးပါ။

-ဗိုင်းရပ်ကူးစက်ခံထားရသူများ ၀မ်းလျောခြင်းနှင့် အော့အန်ခြင်းဖြစ်ပါက ရေဓာတ်ပြန်လည်ဖြည့် ဆည်းပေးနိုင် သည်။

Ref:AFP
BBC

No comments:

Post a Comment