Monday 25 August 2014

နှမ်းဈေးကောင်းသော်လည်း မိုးဦးနှမ်းအထွက်နှုန်း ထက်ဝက်ကျော် လျော့

 အောင်လံ၊ ဆင်ပေါင် ၀ဲနှင့် သရက်မြို့နယ်များတွင် မိုးဦး နှမ်းများပေါ်ချိန်ရောက်ပြီး နှမ်း ဈေးကောင်းသော် လည်း မိုးဦးမိုး ခေါင်ကာ  နှမ်းပွင့်သီးချိန်၌ မိုးအဆက်မပြတ် ရွာသွန်းခဲ့သော ကြောင့် ထက်ဝက်ကျော် အထွက် လျော့ကြောင်း ဒေသခံတောင်သူ များက ပြောကြားသည်။
ပြီးခဲ့သည့်နှစ်  မိုးနှမ်းပေါ် စရာသီတွင် နှမ်းနက်(စမုံ)ပေါက် ဈေးကျပ် ၁၂၀,၀၀၀ ၊ ၁၃၀,၀၀၀ ၀န်း ကျင်ဖြင့် ဈေးပေါက်ခဲ့ပြီး နှမ်းနီ ကျပ် ၈၈,၀၀၀၊ ၉၀,၀၀၀ ၀န်းကျင် ပေါက်ဈေးဖြင့် စတင်ဖွင့် ခဲ့သော မြန်မာနိုင်ငံ အလယ်ပိုင်းနှမ်းဈေးကွက်မှာ မဖြစ်စဖူး ဈေးနှုန်းဖြစ်သော နှမ်းနက် ၄၅ ပိဿာသုံး တင်း ဈေးနှုန်း ကျပ်၁၇၀,၀၀၀ ဖြင့် ဈေးပိတ်သိမ်းခဲ့သည်။ ယခုနှစ် မိုးဦးနှမ်း ပေါ် စဈေးကွက် ဖွင့် စကပင် နှမ်းနက်(စမုံ) ကျပ် ၁၆၀,၀၀၀၊ ၁၅၀,၀၀၀၀န်းကျင်ဖြင့် ဈေးကွက် စဖွင့်ခဲ့ သောကြောင့် ယခုနှစ် နှမ်းဈေး ကောင်းသည်ဟု ဆိုနိုင်ခြင်းလည်း ဖြစ်သည်။

‘‘စစိုက်တော့လည်း မိုးခေါင်၊လွန်တောင်ဆွဲရတယ်။ နောက်ရွာ လိုက်သမှ အပွင့်ကြွေအောင် ရွာတာ၊ အသီးအတက်မကောင်း ပါဘူးဆိုမှ အခုနှမ်းထောင်နေချိန် တောင် မိုးကရွာနေတယ်။ နှမ်း မခါရသေးဘူး။ ဒီနှစ်က လုံးဝအ ထွက် မကောင်းပါဘူး။ အရင် တစ်ဧကဆယ်တောင်းလောက် ပြေးမလွတ်ဘူး။ အခု ငါးတောင်း တောင် မတင်ချင်ဘူး’’ ဆင်ပေါင် ၀ဲနယ် ဧကရာဇ်ကျေးရွာမှ တောင်သူ ကိုမြင့်ဇော်ဦး က ပြောကြားသည်။

ထို့အပြင် ဆင်ပေါင်ဝဲနယ် ကျောက်ချက်၊ ရွာသစ် ကျေးရွာ၊ စာရပေ၊ ဆင်ဖြူတောင်နှင့် ချောင်းနက်ကျေးရွာ များတွင် နှမ်း အထွက်နှုန်းမှာ ယခင်နှစ်ထက် ထက်ဝက်မျှပင် မတင်ကြောင်းလည်း အဆိုပါ ကျေးရွာ များမှ တောင်သူများက ပြောသည်။

အလားတူ အောင်လံနယ် တစ်ဝိုက်တွင်လည်း အကောင်း ဆုံးစံပြစိုက်ကွက်များပင် ရာသီဥတု မမှန်မှုကြောင့် အထွက်နှုန်း လျော့ကျမှုများ ဖြစ်နေသည်။ နှမ်းရိတ်သိမ်းပြီး နှမ်းခါရန် နှမ်းပင်များ အခြောက် ခံသော (နှမ်းထောင်) အချိန်ဖြစ်နေသော်လည်း နေ့စဉ်နီးပါး မိုးအဆက်မပြတ် ရွာသွန်းနေသောကြော င့်  နှမ်းထောင် ထား သည်မှာ ဆယ့်ငါးရက်ခန့် ယနေ့အချိန်အထိ နှမ်းမခါနိုင်သေးကြောင်း ရွာထောင်ရပ် ကွက် မှ နှမ်းစိုက်တောင်သူတစ်ဦးက ဆိုပါသည်။

ထို့အပြင် သရက်နယ် ဧရာ ၀တီကမ်းနံဘေးမှ ကျေးရွာများ ဖြစ်သော မကျည်းတော၊ မြစကိုင်း၊ စမ်းအိုင့်၊ ပိဿလေး၊ ကမ်းနီကံ မနယ်တစ်ဝိုက် ကျေးရွာများတွင်လည်း  ရာသီဥတုမမှန်သော ကြောင့် ယခင်နှ စ်လောက် နှမ်းမထွက်ကြောင်း အဆိုပါ ဒေသခံများသို့ ဖုန်းဖြင့် ဆက်သွယ်မေး မြန်းချက်အရ သိရသည်။

7Day DAILY

No comments:

Post a Comment