Monday 25 August 2014
စက်တင်ဘာမှစ၍ ဓာတ်အားသုံးစွဲခ အွန်လိုင်းမှ ပေးဆောင်နိုင်တော့မည်
Photo: စက်တင်ဘာမှစ၍ ဓာတ်အားသုံးစွဲခ အွန်လိုင်းမှ ပေးဆောင်နိုင်တော့မည်
Monday, August 25, 2014
လျှပ်စစ်ဓာတ်အားသုံးစွဲခပေးဆောင်ခြင်းကို  ပြည်တွင်း ဘဏ်ငါးခုတွင် အကောင့်ဖွင့်၍ အွန်လိုင်းမှတစ်ဆင့် လာမည့်စက်တင်ဘာမှစတင်၍ ပေးဆော င်နိုင်ပြီဖြစ်ကြောင်း  သတင်းရရှိသည်။
အွန်လိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားသုံးစွဲခ ပေးဆောင်သည့် ၀န်ဆောင်မှုကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ မြို့နယ် ၁၆ ခုတွင် စတင်ပေးဆောင်နိုင်မည်ဖြစ်သည်။
အဆိုပါဝန်ဆောင်မှုကို ရတ နာပုံတယ်လီပို့နှင့်  လျှပ်စစ်စွမ်း အားဝန်ကြီးဌာနတို့  ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး Easy Pay နှင့်ချိတ်ဆက်ထားသော ဘဏ် များဖြစ်သည့် ဧရာဝတီဘဏ်၊ CB ဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုး ရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာနိုင်ငံသားများဘဏ်တို့တွင်အကောင့်ဖွင့်၍ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း  သတင်းရရှိသည်။
  အဆိုပါ ၀န်ဆောင်မှုကို အသုံးပြုလိုပါက ဘဏ်အကောင့် ပြုလုပ်ရန် ငွေတစ်သောင်းကျပ်၊ နောက်ဆုံးပေးဆောင်ထားသည့် ပြေစာစာရွက်မူရင်း၊ မှတ်ပုံတင်နှင့်သုံးလစာကြိုတင်ငွေပေးသွင်းခြင်းတို့ကို  ပြုလုပ်ရမည်ဖြစ်ကြောင်းAGD ဘဏ်မှ သတင်းရရှိသည်။
‘‘ကျွန်တော်တို့ဘဏ်ကနေ မီတာဘီလ်ဆောင်မယ်ဆိုရင် တော့ ဘဏ်အကောင့်နဲ့ အွန် လိုင်းPayment  အကောင့်နှစ်ခုကိုချိတ်ပေးပြီးတော့  လစဉ်ဘီလ်ဆောင်လို့ရအောင် လုပ်ပေးသွားပါ့မယ်။  ၀န်ဆောင်ခအနေနဲ့ ဘီလ်တစ်ခါဆောင်ရင် ငါးရာကျပ်ဖြတ်ပါတယ်’’ဟု AGD ဘဏ်မှ  လုပ်ငန်းတာဝန်ခံ တစ်ဦးကပြောကြားသည်။
 အွန်လိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားသုံးစွဲခပေးဆောင်ခြင်းကို https://ebilling.ypay.com.mm/လစဉ် အလိုအလျောက်  ငွေပေးဆောင်သည့်စနစ်(သို့) မိမိကိုယ်တိုင်အွန်လိုင်းမှ ပေးဆောင်သည့်စနစ်ဟူ၍ နှစ်မျိုး သတ်မှတ်ထားပြီး ကြိုက်နှစ်သက်သည့် ပုံစံဖြင့် ရွေးချယ်၍အသုံးပြုနိုင်မည်ဖြစ်သည်။
7Day DAILY 
အိမ်ခန်းဝတစ်ခုတွင် ချိန်ထားသည့် ဓာတ်အားသုံးစွဲခ ပြေစာ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
အိမ်ခန်းဝတစ်ခုတွင် ချိန်ထားသည့် ဓာတ်အားသုံးစွဲခ ပြေစာ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
လျှပ်စစ်ဓာတ်အားသုံးစွဲခပေးဆောင်ခြင်းကို  ပြည်တွင်း ဘဏ်ငါးခုတွင် အကောင့်ဖွင့်၍ အွန်လိုင်းမှတစ်ဆင့် လာမည့်စက်တင်ဘာမှစတင်၍ ပေးဆောင်နိုင်ပြီဖြစ်ကြောင်း  သတင်းရရှိသည်။
အွန်လိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားသုံးစွဲခ ပေးဆောင်သည့်ဝန်ဆောင်မှုကို ရန်ကုန်၊ မန္တလေးနှ င့် နေပြည်တော် တို့ ရှိ မြို့နယ် ၁၆ ခုတွင် စတင်ပေးဆောင်နိုင်မည်ဖြစ်သည်။
အဆိုပါဝန်ဆောင်မှုကို ရတ နာပုံတယ်လီပို့နှင့်  လျှပ်စစ်စွမ်း အားဝန်ကြီးဌာနတို့  ပူးပေါင်း ဆောင် ရွက်ခြ င်းဖြစ်ပြီး Easy Pay နှင့်ချိတ်ဆက်ထားသော ဘဏ် များဖြစ်သည့် ဧရာဝတီဘဏ်၊ CB ဘဏ်၊ အာရှစိမ်း လန်းမှုဖွံ့ဖြိုး ရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာနိုင်ငံသားများဘဏ်တို့တွင်အကောင့်ဖွင့်၍ ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း  သတင်းရရှိသည်။
အဆိုပါ ၀န်ဆောင်မှုကို အသုံးပြုလိုပါက ဘဏ်အကောင့် ပြုလုပ်ရန် ငွေတစ်သောင်း ကျပ်၊ နောက် ဆုံးပေးဆောင် ထားသည့် ပြေစာစာရွက်မူရင်း၊ မှတ်ပုံတင်နှင့်သုံးလစာကြိုတင်ငွေပေး သွင်းခြင်း တို့ကို  ပြု လုပ် ရ မည်ဖြစ်ကြောင်းAGD ဘဏ်မှ သတင်းရရှိသည်။
‘‘ကျွန်တော်တို့ဘဏ်ကနေ မီတာဘီလ်ဆောင်မယ်ဆိုရင် တော့ ဘဏ်အကောင့်နဲ့ အွန် လိုင်းPayment  အကောင့်နှစ်ခုကိုချိတ်ပေးပြီးတော့  လစဉ်ဘီလ်ဆောင်လို့ရအောင် လုပ်ပေးသွားပါ့မယ်။ ၀န်ဆောင်ခ အနေ နဲ့ ဘီလ်တစ်ခါဆောင်ရင် ငါးရာကျပ်ဖြတ်ပါတယ်’’ဟု AGD ဘဏ်မှ  လုပ်ငန်းတာဝန်ခံ တစ်ဦး ကပြော ကြား သည်။
 အွန်လိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားသုံးစွဲခပေးဆောင်ခြင်းကို https://ebilling.ypay.com.mm/လစဉ် အလိုအလျောက်  ငွေပေးဆောင်သည့်စနစ်(သို့) မိမိကိုယ်တိုင်အွန်လိုင်းမှ ပေးဆောင်သည့်စနစ်ဟူ၍ နှစ်မျိုး သတ်မှတ်ထားပြီး ကြိုက်နှစ်သက်သည့် ပုံစံဖြင့် ရွေးချယ်၍အသုံးပြုနိုင်မည်ဖြစ်သည်။
7Day DAILY
No comments:
Post a Comment