Monday 25 August 2014

မန္တလေး ယဉ်ကျေးမှုပြပွဲများ နိုင်ငံခြားသား ပိုမိုစိတ်ဝင်စားရန် အရှိန်မြှင့်

မန္တလေးမြို့ရှိ အမျိုးသားကဇာတ်ရုံတွင် နှစ်ပတ်တစ် ကြိမ်ကျင်းပမည့် မြန်မာယဉ်ကျေး မှုပြပွဲများ ကို နိုင် ငံခြားသားများ စိတ်ဝင်စားမှုပိုမိုမြင့်တက်လာစေရန်  အရှိန်မြှင့်လုပ်ဆောင်နေ ကြောင်း သတင်းရရှိသည်။
မန္တလေး   ယဉ်ကျေးမှုဇုန် အနီးတစ်ဝိုက်ရှိ နိုင်ငံခြားသား ဧည့်သည်အများစု လှည့်လည်သွား လာလေ့ရှိ သည့် အင်းဝမြို့ ဟောင်း၊ တံတားဦး၊ မင်းကွန်း၊ မြနန်းစံကျော် ရွှေနန်းတော်၊ မဟာမုနိဘုရားကြီး၊ မန္တလေးတောင် အနီးတစ်ဝိုက်နေရာများတွင် ယဉ် ကျေးမှုပြပွဲနှင့်  ပတ်သက်သည့် ကြော်ငြာဆိုင်းဘုတ် များဖြင့် ကြော် ငြာ မှု များ ပြုလုပ်နေသည့်အပြင် သက်ဆိုင်ရာနိုင်ငံအလိုက် ဧည့် လမ်းညွှန်များကိုလည်း ၀င်ကြေး ရာခိုင်နှုန်းအလိုက်ပေးကာ နိုင်ငံ ခြားသားဧည့်သည်အ၀င်များစေရန် ပြုလုပ်ထားကြောင်း မန္တလေး တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညီညီလွင် ကပြောသည်။

သြဂုတ်လ ၁၇ ရက်က မြန်မာ့ယဉ်ကျေးမှုပြပွဲကို  ပထမဆုံးအ ကြိမ်အဖြစ် အမျိုးသားကဇာတ်ရုံ ၌ ကျင်းပ ခဲ့ရာ ပြည်ပဧည့်သည် ၂၃ ဦးနှင့်  ပြည်တွင်းဧည့်သည် သုံးရာကျော်  လာရောက်ကြည့် ရှုခဲ့သည်။ ဒုတိယ အကြိမ်ပြပွဲကို ယခုလ ၃၀ ရက်တွင် ထပ်မံကျင်းပသွားမည်ဖြစ်သည်။

7Day DAILY

No comments:

Post a Comment