Monday 25 August 2014

အချုပ်ခန်းဖောက်ပြေးမှု များလာ၍ တစ်နေ့လျှင် ငါးကြိမ်ခန့် စစ်ဆေးမှုလုပ်မည်

မန္တလေးတိုင်းအတွင်း အချုပ်ခန်းဖောက်ပြေးသည့် ဖြစ်စဉ်မှာ ဆယ်ရက်ခန့်အတွင်း နှစ်ကြိမ်ဖြစ်ပွား ခဲ့ ရာ စောင့် ကြပ် သူ ပေါ့ဆမှုကြောင့် အဓိကဖြစ်၍ တစ်နေ့လျှင် ငါးကြိမ်ခန့် စစ်ဆေးမှုများကို အဆင့် လိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက မဇ္ဈိမကို ပြော သည်။
“ဟိုနားပြေးလိုက်၊ ဒီနားပြေးလိုက် ဖြစ်နေတာ။ အဓိက တာဝန်ပေါ့ဆမှုကြောင့်ပဲ။ အဲ့ဒီအတွက် အဖွဲ့ဖွဲ့ပြီး စစ်ဆေး မှုတွေကို အရင်ကတည်းက လုပ်ဆောင်နေပါတယ်၊ အခု ငါးကြိမ်လောက် စစ်ဆေးမှုလုပ်ဆောင် သွားမယ်။ တိုင်းအဆင့် တာဝန်ရှိသူ၊ တာဝန်မှူး၊ စခန်းမှူး၊ ဒု-မြို့နယ်မှူး၊ မြို့နယ်မှူး စစ်ဆေးမှု လုပ်သွား မယ်”ဟု ၎င်း က ပြောသည်။

စစ်ဆေးမှုများကို ပိုမိုလုပ်ဆောင်မည့်အပြင် တာဝန်ပေါ့လျော့မှုကြောင့် အချုပ်ခန်းဖောက်ပြေးလျှင် ရဲစည်း ကမ်း ထိန်းသိမ်း ရေးဥပဒေနှင့် ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူသွားမည်ဖြစ်သည်။ အရေးယူမှု ပြုလုပ် ရာတွင်လည်း ရာထူးမှ လျှော့ချခြင်း၊ ထောင်ဒဏ်အပြစ်ပေးခြင်း၊ တာဝန်မှ ရပ်စဲခြင်းစသည်တို့ကိုလည်း လုပ်ဆောင်မည်ဟု ဆိုသည်။

ထို့သို့လုပ်ဆောင်မှုအပြင် အချုပ်ခန်းများကို ခိုင်ခံ့မှုအတွက် အင်ဂျင်နီယာများက တစ်နှစ်တစ်ကြိမ် စစ်ဆေး မှုများ အပြင် လိုအပ်ပါက ထပ်မံစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ဧည့်ဝင်ခွင့်ပြုလုပ်ရာတွင်လည်း အချုပ် ခန်းဖောက်ပြေးနို င်သော ပစ္စည်းများ သယ်ဆောင်သွားနိုင်ခြင်း မရှိအောင် ဂရုပြုစစ်ဆေးခြင်းတို့ကိုလည်း လုပ်ဆောင်မည်ဖြစ်သည်။

သို့သော် အချုပ်ခန်းများ၏ လုံခြုံရေးအတွက် ပိုမိုစိတ်ချရစေရန် စီစီတီဗွီကင်မရာတပ်ဆင်ခြင်းကို လတ် တလော လုပ်ဆောင်ရန် မလွယ်ကူသေးပေ။

အချုပ်ခန်း ဖောက်ပြေးသည့်ဖြစ်စဉ်အဖြစ် ပြင်ဦးလွင်မြို့မရဲစခန်း သြဂုတ် ၉ ရက်တွင် အချုပ်သားသုံးဦး ထွက်ပြေး၊ တစ်ဦး ဖမ်းဆီးရမိ၊ သြဂုတ် ၂၀ရက် အောင်ပင်လယ်ရဲစခန်း အချုပ်သားသုံးဦး ထွက်ပြေး၊ တစ်ဦး ဖမ်း ဆီးရမိတို့ ဖြစ်ပွားခဲ့သည်။

ထို့ပြင် ဇူလိုင်၂၆ ကျောက်မဲရဲစခန်း အချုပ်ခန်းဖောက်ပြေးရာ ပစ်ခတ်ဖမ်းဆီးခဲ့သဖြင့် သုံးဦး သေဆုံးခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment