Monday 25 August 2014

အမြန်လမ်းဘေးရှိ ရော်ဘာခြံများ သြဂုတ် ၂၈ ရက် နောက်ဆုံးထား ပြောင်းရွှေ့ ရန် သတိပေး

Photo: အမြန်လမ်းဘေးရှိ ရော်ဘာခြံများ သြဂုတ် ၂၈ ရက် နောက်ဆုံးထား ပြောင်းရွှေ့ ရန် သတိပေး
Monday, August 25, 2014

ရန်ကုန်−နေပြည်တော် အမြန်လမ်းဘေးရှိ ရော်ဘာစိုက်ပျိုးရေးခြံများကိုသြဂုတ် ၂၈ ရက် နောက်ဆုံးထား ပြောင်းရွှေ့ပေး ရန် လှည်းကူးမြို့နယ် အုပ်ချုပ် ရေးမှူးက သတိပေးထားကြောင်း သတင်းရရှိသည်။

အမြန်လမ်းဘေးရှိ  ဧက ထောင်နှင့်ချီသည့်  ရော်ဘာခြံများ လုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး လက်ရှိ ရော်ဘာစိုက်ပျိုးရေးလုပ် ဆောင်နေသည့် လုပ်ငန်းရှင်များ နှင့် တပ်မ ၁၁၊ တပ်မတော်မှ ကျောထောက်နောက်ခံ ပြုထား သည့် မြန်မာ့စီးပွားရေးကော်ပို ရေးရှင်း (MEC) တို့အကြား ကာ လရှည်ကြာ အငြင်းပွားနေခဲ့ခြင်း ဖြစ်သည်။

လုပ်ကိုင်ခွင့် အငြင်းပွားနေ သည့် ယင်းမြေနေရာများတွင်လက်ရှိရော်ဘာစိုက်ပျိုးသူ ၆၀ ခန့် က အခိုင်အမာ စိုက်ခင်းများ စိုက် ပျိုးထားပြီး မြန်မာ့စီးပွားရေးကော် ပိုရေးရှင်းကလည်း ယင်းမြေနေရာသည် ၎င်းတို့ ပိုင်ဆိုင်သည့် နေရာဖြစ်ကြောင်း သတိပေးဆိုင်း ဘုတ်များ နေရာအနှံ့အပြားတွင် စိုက်ထူထားသည်။

‘‘ရင်းနှီးထားတဲ့ ပမာဏက နည်းတာမဟုတ်ဘူး။ ကျွန်တော် တို့က  အကျိုးတူလုပ်ဖို့  ပြောတာ ညှိလို့ မရဘူး။ အပင်တွေက တော်တော်စိုက်ထားပြီးပြီ။ ဒီအ ခြေအနေရောက်မှ ထွက်သွားရ မယ်ဆိုရင် ကျွန်တော်တို့ ဆုံးရှုံး မှုက နည်းမှာမဟုတ်ဘူး’’ဟု အ ငြင်းပွားနေသည့် စိုက်ပျိုးမြေများ တွင် လက်ရှိ စိုက်ပျိုးနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက် ပြီး လှည်းကူးမြို့နယ် အုပ်ချုပ်ရေး မှူးရုံးနှင့် မြန်မာ့စီးပွားရေးကော် ပိုရေးရှင်းထံ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

 ယင်းမြေနေရာများသည် တပ်မတော်ပိုင် မြေနေရာများဖြစ် ပြီး မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်းက တရားဝင် လုပ်ကိုင်ခွင့်ရထားသည့် မြေနေရာများ ဖြစ်ကြောင်း၊ စီမံကိန်းဧရိယာအတွင်း တရားမ၀င် ၀င်ရောက်မှုများအတွက် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ အရာရှိတစ်ဦးက သတင်း ထောက်များအား ထုတ်ဖော်ပြော ဆိုထားသည်။

7Day DAILY 

အမြန်လမ်းဘေးရှိ ရော်ဘာစိုက်ခင်းတစ်ခု ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
အမြန်လမ်းဘေးရှိ ရော်ဘာစိုက်ခင်းတစ်ခု ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ရန်ကုန်−နေပြည်တော် အမြန်လမ်းဘေးရှိ ရော်ဘာစိုက်ပျိုးရေးခြံများကိုသြဂုတ် ၂၈ ရက် နောက်ဆုံး ထား ပြော င်းရွှေ့ပေး ရန် လှည်းကူးမြို့နယ် အုပ်ချုပ် ရေးမှူးက သတိပေးထားကြောင်း သတင်းရရှိသည်။
အမြန်လမ်းဘေးရှိ  ဧက ထောင်နှင့်ချီသည့်  ရော်ဘာခြံများ လုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး လက်ရှိ ရော်ဘာ စိုက်ပျိုးရေးလုပ် ဆောင်နေသည့် လုပ်ငန်းရှင်များ နှင့် တပ်မ ၁၁၊ တပ်မတော်မှ ကျောထောက်နောက်ခံ ပြု ထား သည့် မြန်မာ့စီးပွားရေးကော်ပို ရေးရှင်း (MEC) တို့အကြား ကာ လရှည်ကြာ အငြင်းပွားနေ ခဲ့ခြင်း ဖြစ်သည်။

လုပ်ကိုင်ခွင့် အငြင်းပွားနေ သည့် ယင်းမြေနေရာများတွင်လက်ရှိရော်ဘာစိုက်ပျိုးသူ ၆၀ ခန့် က အခိုင်အမာ စိုက်ခင်းများ စိုက် ပျိုးထားပြီး မြန်မာ့စီးပွားရေးကော် ပိုရေးရှင်းကလည်း ယင်းမြေနေရာသည် ၎င်းတို့ ပိုင်ဆိုင် သည့် နေရာဖြစ်ကြောင်း သတိပေးဆိုင်း ဘုတ်များ နေရာအနှံ့အပြားတွင် စိုက်ထူထားသည်။

‘‘ရင်းနှီးထားတဲ့ ပမာဏက နည်းတာမဟုတ်ဘူး။ ကျွန်တော် တို့က  အကျိုးတူလုပ်ဖို့  ပြောတာ ညှိလို့ မရဘူး။ အပင်တွေက တော်တော်စိုက်ထားပြီးပြီ။ ဒီအ ခြေအနေရောက်မှ ထွက်သွားရ မယ်ဆိုရင် ကျွန်တော် တို့ ဆုံးရှုံး မှုက နည်းမှာမဟုတ်ဘူး’’ဟု အ ငြင်းပွားနေသည့် စိုက်ပျိုးမြေများ တွင် လက်ရှိ စိုက်ပျိုးနေ သည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက် ပြီး လှည်းကူးမြို့နယ် အုပ်ချုပ်ရေး မှူးရုံးနှင့် မြန်မာ့စီးပွားရေးကော် ပိုရေးရှင်းထံ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

 ယင်းမြေနေရာများသည် တပ်မတော်ပိုင် မြေနေရာများဖြစ် ပြီး မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်းက တရား ၀င် လုပ်ကိုင်ခွင့်ရထားသည့် မြေနေရာများ ဖြစ်ကြောင်း၊ စီမံကိန်းဧရိယာအတွင်း တရားမ၀င် ၀င်ရောက်မှု များအတွက် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ အရာရှိတစ်ဦးက သတင်း ထောက်များအား ထုတ်ဖော်ပြော ဆိုထားသည်။

7Day DAILY

No comments:

Post a Comment