Monday 25 August 2014

အတိတ်မေ့သွားပေမယ့် အတိတ်သစ်များ ဖန်တီးပေးနိုင်တဲ့ ချစ်သူ

Photo: အတိတ်မေ့သွားပေမယ့် အတိတ်သစ်များ ဖန်တီးပေးနိုင်တဲ့ ချစ်သူ
Monday, August 25, 2014 

ယုံတမ်းစကားမဟုတ်တဲ့ တကယ့်အပြင်က လက်တွေ့ ချစ်သူ နှစ်ဦး ဖြစ်ပါတယ်။ အမျိုးသမီး ဖြစ်သူက Krickitt လို့ အမည်ရပြီး အမျိုးသားက Kim ဖြစ်ပါတယ်။ အိမ်ထောင်ကျတဲ့အချိန်က အမျိုးသမီးဟာ ၂၄ နှစ်၊ အမျိုးသားက ၂၇ နှစ် ဖြစ်ပါတယ်။ ထင်မှတ်မထားတဲ့ ကံကြမ္မာဆိုးကြောင့် နှစ်ယောက်သား ကား အက်ဆီးဒန့် တစ်ခု ကြုံတွေ့ခဲ့ရ ပါတယ်။ အမျိုးသမီး ဖြစ်သူဟာ အိမ်ထောင်ကျပြီး နှစ်နှစ်အတူ နေထိုင်ခဲ့ကြတဲ့ အမှတ်တရ အားလုံး အတိတ်အားလုံးကို မေ့သွားပါတယ်။ Kim ကတော့ မမေ့ ပါဘူး။ 

လက်ထက်ပွဲ ဗီဒီယိုခွေများ ပြန်ကြည့်သည့်တိုင် Krickitt မှာ အေးဆက်ဆက် နှစ်လုံးသား တစ်စုံသာ ရှိပါတော့တယ်။ ချစ်သူကို မစွန့်လွတ်နိုင်တဲ့ Kim ကတော့ သူမကို ပြန်လက်ခံနိုင်ဖို့ ကြိုးစားပါတယ်။ ယင်း ကြိုးစားမှုက အတိတ်များကို ပြန်လည်အမှတ်ရစေဖို့ မဟုတ်ပါဘူး။ သူမကို Kim ဟာ တကယ်ချစ်ကြောင်း သိစေဖို့ ဖြစ်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ ပြန်လည်ကြိုးစား မှုကြောင့် ချစ်သူတွေ ပြန်ဖြစ်သွားပါတယ်။ အတိတ်ကို သတိရလို့ ပြန်တွဲတာ မဟုတ်ပါဘူး။ သူမဟာ အချစ်စစ်ကို အတိတ်မေ့ပြီး ဘ၀ သစ် တစ်ခုမှာ ပြန် လည် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၃ နှစ်ကြာမှ အိမ်ထောင် နောက် တစ်ခါ ပြန်ပြုပါ တယ်။ ယခုတော့ သားသမီးတွေပါ ရှိနေပါတယ်။ ငယ်စဉ်က ချစ်ကြိုက်ခဲ့ တာတွေ၊ ပထမ တစ်ကြိမ် အိမ်ထောင်ပြုပြီး အမှတ်တရများ သူမဆီမှာ မရှိပါဘူး။ သို့ပေမယ့် ၁၈ နှစ်တာ အမှတ်ရစရာများ ဖြစ်ရပ်များက သူမ တစ်ဘ၀ စာ အတွက် လုံလောက်ကြောင်း ပြောဆိုဝန်ခံပါတယ်။ သားသမီးတွေတောင် ရှိနေပါပြီ။ 

အမေရိကန်က Kim နဲ့ Krickitt တို့ရဲ့ ဖြစ်ရပ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးပြီး The Vow လို့ အမည်ပေးထားပါတယ်။ ၂၀၁၂ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ ယင်း ရုပ်ရှင်ဟာ ကမ္ဘာ့စံချိန်တင်ရလောက်အောင် အောင်မြင်ခဲ့ ပါတယ်။ သူတို့ရဲ့ အကြောင်းအစုံအလင်ကို အောက်ပါ လခ့်နှစ်ခုမှာ ၀င်ရောက် ဖတ်ရှု နိုင်ပါတယ်။
http://www.dailymail.co.uk/tvshowbiz/article-2733142/Mother-five-Katie-Price-shows-incredible-figure-skimpy-underwear-three-weeks-giving-birth.html
http://en.wikipedia.org/wiki/The_Vow_%282012_film%29 

အောင်ခမ်း (ရိုးရာလေး)
ယုံတမ်းစကားမဟုတ်တဲ့ တကယ့်အပြင်က လက်တွေ့ ချစ်သူ နှစ်ဦး ဖြစ်ပါတယ်။ အမျိုးသမီး ဖြစ်သူက Krickitt လို့ အမည်ရပြီး အမျိုးသားက Kim ဖြစ်ပါတယ်။ အိမ်ထောင်ကျတဲ့အချိန်က အမျိုးသမီးဟာ ၂၄ နှစ်၊ အမျိုးသားက ၂၇ နှစ် ဖြစ်ပါတယ်။ ထင်မှတ်မထားတဲ့ ကံကြမ္မာဆိုးကြောင့် နှစ်ယောက်သား ကား အက်ဆီးဒန့် တစ်ခု ကြုံတွေ့ခဲ့ရ ပါတယ်။ အမျိုးသမီး ဖြစ်သူဟာ အိမ်ထောင်ကျပြီး နှစ်နှစ်အတူ နေထိုင် ခဲ့ကြ တဲ့ အမှတ်တရ အားလုံး အတိတ်အားလုံးကို မေ့သွားပါတယ်။ Kim ကတော့ မမေ့ ပါဘူး။
လက်ထက်ပွဲ ဗီဒီယိုခွေများ ပြန်ကြည့်သည့်တိုင် Krickitt မှာ အေးဆက်ဆက် နှစ်လုံးသား တစ်စုံသာ ရှိပါတော့တယ်။ ချစ်သူကို မစွန့်လွတ်နိုင်တဲ့ Kim ကတော့ သူမကို ပြန်လက်ခံနိုင်ဖို့ ကြိုးစားပါတယ်။ ယင်း ကြိုးစားမှုက အတိတ်များကို ပြန်လည်အမှတ်ရစေဖို့ မဟုတ်ပါဘူး။ သူမကို Kim ဟာ တကယ်ချစ်ကြောင်း သိစေဖို့ ဖြစ်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ ပြန်လည်ကြိုးစား မှုကြောင့် ချစ်သူတွေ ပြန်ဖြစ်သွားပါတယ်။ အတိတ်ကို သတိရလို့ ပြန်တွဲတာ မဟုတ်ပါဘူး။ သူမဟာ အချစ်စစ်ကို အတိတ်မေ့ပြီး ဘ၀သစ်တစ်ခုမှာ ပြန် လည် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၃ နှစ်ကြာမှ အိမ်ထောင် နောက် တစ်ခါ ပြန်ပြုပါ တယ်။ ယခုတော့ သား သမီးတွေ ပါ ရှိနေပါတယ်။ ငယ်စဉ်က ချစ်ကြိုက်ခဲ့ တာတွေ၊ ပထမ တစ်ကြိမ် အိမ်ထောင်ပြုပြီး အမှတ်တရ များ သူမဆီမှာ မရှိပါဘူး။ သို့ပေမယ့် ၁၈ နှစ်တာ အမှတ်ရစရာများ ဖြစ်ရပ်များက သူမတစ်ဘ၀စာအတွက် လုံလောက်ကြောင်း ပြောဆိုဝန်ခံပါတယ်။ သားသမီးတွေတောင် ရှိနေပါပြီ။

အမေရိကန်က Kim နဲ့ Krickitt တို့ရဲ့ ဖြစ်ရပ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးပြီး The Vow လို့ အမည်ပေးထား ပါတယ်။ ၂၀၁၂ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ ယင်း ရုပ်ရှင်ဟာ ကမ္ဘာ့စံချိန်တင်ရလောက်အောင် အောင်မြင်ခဲ့ ပါတယ်။ သူတို့ရဲ့ အကြောင်းအစုံအလင်ကို အောက်ပါ လခ့်နှစ်ခုမှာ ၀င်ရောက် ဖတ်ရှု နိုင်ပါတယ်။

http://www.dailymail.co.uk/tvshowbiz/article-2733142/Mother-five-Katie-Price-shows-incredible-figure-skimpy-underwear-three-weeks-giving-birth.html
http://en.wikipedia.org/wiki/The_Vow_%282012_film%29

အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment