Monday 25 August 2014

ငွေရေးကြေးရေး အဖွဲ့အစည်းများ ကျပ် ၁၈၀ ဘီလီယံကျော် ထုတ်ချေးထား

ပြည်တွင်းရှိ ငွေရေး ကြေးရေးအဖွဲ့အစည်း ၂၀၀ ခန့်ရှိ ပြီး ၎င်းတို့က ကျပ်ငွေ ၁၈၀ ဘီလီ ယံကျော် ထုတ်ချေးထားကြောင်း သတင်းရရှိသည်။
၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ခွင့်ပြုပေးထားသော လိုင် စင်ရငွေကြေး အဖွဲ့အစည်းသည်၁၄၂ ခုရှိပြီး ကျပ် ၆၃ ဘီလီယံရှိ ရာမှ ယခုဘဏ္ဍာနှစ် ဇူလိုင်လ ကုန်အထိ ငွေကြေး အဖွဲ့အစည်း ၁၉၇ ဖွဲ့နှင့် ကျပ် ၁၈၀ ဘီလီယံ ကျော် ထုတ်ချေးထားကြောင်း အစိုးရအဖွဲ့၏ ၂၀၁၄- ၁၅ ဘဏ္ဍာနှစ် ပထမလေးလပတ်အစည်းအဝေးတွင် ထုတ်ပြန် သော ကိန်းဂဏန်းများအရ သိရ သည်။

အသေးစားချေးငွေလုပ်ငန်း များတွင် ပြည်တွင်း၌ ငွေချေးရာတွင် အတိုးနှုန်းအဖြစ် တစ်လလျှင်၂ ရာခိုင်နှုန်း သတ်မှတ်ထားသည်။ အသေးစားချေးငွေ၏ အတိုးများ မှာ လစဉ်အတိုးဖြစ်ပြီး ကာလတို ချေးငွေများဖြစ် သဖြင့် တစ်နှစ် လျှင် အတိုးနှုန်း ၂၄ ရာခိုင်နှုန်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အသေးစား ငွေချေးလုပ်ငန်းကို နိုင်ငံခြားဘဏ် များနှင့် ငွေကြေးအဖွဲ့အစည်းများက ၀င်ရောက် လုပ်ကိုင်ရန် အဆို ပြုလွှာများစွာ တင်ပြမှုများရှိနေ ကြောင်း ဘဏ္ဍာခွန် ဒုဝန်ကြီး ဒေါက် တာ မောင်မောင်သိန်းက ပြောကြားသည်။

အသေးစားချေးငွေလုပ်ငန်း များအပြင် သမ၀ါယမ၀န်ကြီးဌာန ကလည်း ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ထုတ်ချေးငွေ ကျပ် ၇၇ ဘီ လီယံရှိရာမှ ယခုဘဏ္ဍာနှစ်တွင် ၁၅၀ ဘီလီယံဝန်းကျင်ထိ တိုးမြှင့် လာနို င်ကြောင်း အဆိုပါအစည်း အဝေးတွင် စာရင်းများတွင် ဖော် ပြထားသည်။

7Day DAILY

No comments:

Post a Comment