Monday 25 August 2014

ထူးအိမ်သင်ကို မြတ်နိုးတန်ဖိုးထားတဲ့ စိတ်နဲ့ ရိုးရိုးလေး ခံစားသီဆိုခဲ့တယ်ဆိုတဲ့ သျှီ

Photo: ထူးအိမ်သင်ကို မြတ်နိုးတန်ဖိုးထားတဲ့ စိတ်နဲ့ ရိုးရိုးလေး ခံစားသီဆိုခဲ့တယ်ဆိုတဲ့ သျှီ
Monday, August 25, 2014

ထူးအိမ်သင်ဂီတပွဲတော် တွင် ပရိသတ်အားပေး မှု အများ ဆုံးရရှိခဲ့သည့် အဆိုတော် သျှီက ဗင်းဆင့်ဗန်ဂိုးသီချင်း သီဆိုရာ တွင် ထူးအိမ်သင်ကို မြတ်မြတ် နိုးနိုး တန်ဖိုးထားသည့် စိတ်နှင့် ရိုး ရိုးလေး ခံစားကာ သီဆိုခဲ့သည်ဟု ပြောသည်။

‘‘ပရိသတ်အားပေးသံက အနုပညာသမားရဲ့ အသက်လို ဖြစ်နေတာဆိုတော့ သူတို့လက် ခုပ်သံအချက်တိုင်းက ကိုယ့်အ တွက် အသက်ပိုရှည်ခွင့်ရခဲ့သလို ပါပဲ။ ပိုပြီးတော့လည်း တွန်းအား ရတယ်။ ညတုန်းက ပရိသတ်တွေ လည်း Heart ထိသွားပုံရပါတယ်။ လက်ခုပ်တွေ အကြိမ်ကြိမ်တီးကြ တယ်။ အဲဒီအချိန်မှာ ကိုယ့်ရင်ထဲ မှာလည်း တကယ်ကို လှိုက်လှိုက် လှဲလှဲနဲ့ ပိုပြီးခံစားရတယ်’’ ဟု ၎င်းက ပြောသည်။

ထူးအိမ်သင်အလွမ်းပြေ ပြုလုပ်သည့်ပွဲဖြစ်သောကြောင့် အလွမ်းဓာတ်ခံရှိသူများအနေဖြင့် ငိုနေသူများ၊ မျက်ရည်ဝိုင်းနေသူ များရှိသလို   ကိုယ်တိုင်လည်း ငိုချင်စိတ်ဖြစ်ပေါ်ခဲ့သော်လည်း မျက်ရည်မကျဘဲ သီချင်းဖြင့်သာ ငိုခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် အဆိုပါ ဗင်းဆင့် ဗန်ဂိုးသီချင်းသည် ၎င်းငယ်ရွယ် စဉ်အချိန်ကတည်းက နားထောင် ပြီး သီချင်း၏ အဓိပ္ပာယ်ကို မသိ သော်လည်း မျက်ရည်ကျခဲ့ရသည့် သီချင်းတစ်ပုဒ်ဖြစ်ကြောင်း သြဂုတ် ၂၃ ရက် ညတွင်ပြုလုပ် သည့် ဖျော်ဖြေပွဲ၌ ပြောခဲ့သည်။

‘‘အဲဒီသီချင်းကလည်း ဗင်း ဆင့်ဗန်ဂိုးရဲ့ ဘ၀ကိုဒီသီချင်းထဲ မှာ ပြည့်ပြည့်စုံစုံခံစားလို့ရ တယ်။ စာသားတစ်ကြောင်းချင်းဖတ်နေ ရင်းနဲ့ကို သူ့ဘ၀တစ်ခုလုံးကို မြင် ပြီး ရင်ထုမနာဖြစ်ရတယ်။ အနု ပညာသမားတစ်ယောက်အနေနဲ့ ခံစားပေးလို့လည်း ပိုရတယ်’’ ဟု သျှီက အဆိုပါ သီချင်းနှင့်ပတ် သက်၍ ၎င်း၏ခံစားချက်ကို ပြော ပြသည်။

ယင်းဖျော်ဖြေပွဲတွင် သျှီက ထူးအိမ်သင်ရေးသားသည့် လူနဲ့ အင်္ကျီသီချင်းနှင့် ထူးအိမ်သင်သီ ဆိုခဲ့သော ဗင်းဆင့်ဗန်ဂိုးတမ်းချင်း သီချင်းနှစ်ပုဒ်ကို သီဆိုပေးခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့သည်။ ယင်းဖျော်ဖြေပွဲတွင် သီဆိုသည့် သီချင်းများကို  ထူးအိမ်သင်၏ ပရိသတ်များက ဝေဖန်ခဲ့ကြသော် လည်း  သျှီ၏သီဆိုမှုကိုမူ ချီးကျူး ခဲ့ကြသည်။ 

7Day DAILY 

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ထူးအိမ်သင်ဂီတပွဲတော်တွင် ပရိသတ်အားပေးမှု အများဆုံးရရှိခဲ့သည့် အဆိုတော် သျှီက ဗင်းဆင့်ဗန်ဂိုး သီချင်း သီဆိုရာ တွင် ထူးအိမ်သင်ကို မြတ်မြတ် နိုးနိုး တန်ဖိုးထားသည့် စိတ်နှင့် ရိုး ရိုးလေး ခံစားကာ သီဆိုခဲ့ သည်ဟု ပြောသည်။
‘‘ပရိသတ်အားပေးသံက အနုပညာသမားရဲ့ အသက်လို ဖြစ်နေတာဆိုတော့ သူတို့လက် ခုပ်သံအချက် တိုင်းက ကိုယ့်အ တွက် အသက်ပိုရှည်ခွင့်ရခဲ့သလို ပါပဲ။ ပိုပြီးတော့လည်း တွန်းအား ရတယ်။ ညတုန်းက ပရိ သတ်တွေ လည်း Heart ထိသွားပုံရပါတယ်။ လက်ခုပ်တွေ အကြိမ်ကြိမ်တီးကြ တယ်။ အဲဒီအချိန်မှာ ကိုယ့်ရင်ထဲ မှာလည်း တကယ်ကို လှိုက်လှိုက် လှဲလှဲနဲ့ ပိုပြီးခံစားရတယ်’’ ဟု ၎င်းက ပြောသည်။

ထူးအိမ်သင်အလွမ်းပြေ ပြုလုပ်သည့်ပွဲဖြစ်သောကြောင့် အလွမ်းဓာတ်ခံရှိသူများအနေဖြင့် ငိုနေသူများ၊ မျက် ရည် ၀ိုင်းနေ သူ များရှိသလို   ကိုယ်တိုင်လည်း ငိုချင်စိတ်ဖြစ်ပေါ်ခဲ့သော်လည်း မျက်ရည်မကျဘဲ သီချင်းဖြင့်သာ ငိုခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် အဆိုပါ ဗင်းဆင့် ဗန်ဂိုးသီချင်းသည် ၎င်းငယ်ရွယ် စဉ်အချိန်ကတည်းက နားထောင် ပြီး သီချင်း၏ အဓိပ္ပာယ်ကို မသိ သော်လည်း မျက်ရည်ကျခဲ့ရသည့် သီချင်းတစ်ပုဒ်ဖြစ်ကြောင်း သြဂုတ် ၂၃ ရက် ည တွင်ပြု လုပ် သည့် ဖျော်ဖြေပွဲ၌ ပြောခဲ့သည်။

‘‘အဲဒီသီချင်းကလည်း ဗင်းဆင့်ဗန်ဂိုးရဲ့ ဘ၀ကိုဒီသီချင်းထဲမှာ ပြည့်ပြည့်စုံစုံခံစားလို့ရတယ်။ စာသား တစ်ကြောင်း ချင်းဖတ်နေရင်းနဲ့ကို သူ့ဘ၀တစ်ခုလုံးကို မြင်ပြီး ရင်ထုမနာဖြစ်ရတယ်။ အနုပညာသမား တစ်ယောက် အနေနဲ့ ခံစားပေးလို့လည်း ပိုရတယ်’’ ဟု သျှီက အဆိုပါ သီချင်းနှင့်ပတ် သက်၍ ၎င်း၏ ခံစားချက် ကို ပြော ပြသည်။

ယင်းဖျော်ဖြေပွဲတွင် သျှီက ထူးအိမ်သင်ရေးသားသည့် လူနဲ့ အင်္ကျီသီချင်းနှင့် ထူးအိမ်သင်သီ ဆိုခဲ့သော ဗင်းဆင့်ဗန်ဂိုးတမ်းချင်း သီချင်းနှစ်ပုဒ်ကို သီဆိုပေးခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့သည်။ ယင်းဖျော်ဖြေပွဲတွင် သီဆိုသည့် သီချင်းများကို  ထူးအိမ်သင်၏ ပရိသတ်များက ဝေဖန်ခဲ့ကြသော် လည်း  သျှီ၏သီဆိုမှုကိုမူ ချီးကျူး ခဲ့ကြသည်။

7Day DAILY

No comments:

Post a Comment