Monday 25 August 2014

ကုလကိုယ်တိုင် ရိုဟင်ဂျာဟု ခေါ်ဝေါ်သုံးစွဲနေသရွေ့ ရခိုင်ပြဿနာဖြေရှင်းနိုင်မည် မဟုတ်ဟု စစ်တွေမြို့မိမြို့ဖအဖွဲ့က နမ်ဘီးယားကို ပြော

ကုလသမဂ္ဂအဖွဲ့ကိုယ် တိုင် ရိုဟင်ဂျာဟုခေါ်ဝေါ်သုံးနှုန်း နေသရွေ့ ရခိုင်ပြဿနာကို ဖြေ ရှင်းနိုင်မည် မဟုတ်ကြော င်း စစ် တွေမြို့မိမြို့ဖအဖွဲ့က ကုလအထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယားနှင့် တွေ့ဆုံစဉ် ထည့် သွင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ကုလ အထွေထွေအတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာနမ် ဘီးယားသည် သြဂုတ် ၂၃ ရက်က စစ်တွေမြို့သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

 မစ္စတာ  နမ်ဘီးယားနှင့် တွေ့ဆုံရာတွင် ရခိုင်ပြဿနာကိုဖြေရှင်းရန် ကြိုးပမ်းနေသည့် အစိုးရအပေါ် ကုလ အနေဖြင့် ဖိအား မပေးဘဲ ထိရောက်သည့် အကူ အညီများကိုသာ ပံ့ပိုးပေးရန်နှင့် ကုလကိုယ်တိုင် ရိုဟင်ဂျာ ဟုခေါ် ဝေါ်နေသရွေ့ ပြဿနာကို ဖြေ ရှင်းနိုင်မည်မဟုတ်ကြောင်း တင် ပြဆွေးနွေးခဲ့သည်ဟု စစ်တွေမြို့ မိမြို့ဖ အဖွဲ့ဝင် ဦးသန်းထွန်းက ပြောသည်။

‘‘သူတို့ (ကုလ)ကိုယ်တိုင်ကရိုဟင်ဂျာလို့ သုံးနေသမျှ ပြဿနာကို ဖြေရှင်းနိုင်မှာ  မဟုတ်ဘူး။ ပြဿနာကို ဖြေ ရှင်းချင်တဲ့ ဆန္ဒရှိရင် ဘင်္ဂါလီတွေကို ရိုဟင်ဂျာမ ဟုတ်ဘူးဆိုတာ သူတို့အနေနဲ့ ရှင်းပြပြောဆိုဖို့ လိုတယ် ဆိုတာ ဆွေးနွေးခဲ့တယ်’’ဟု ဦးသန်းထွန်း က ပြောသည်။

နမ်ဘီးယားက စစ် တွေမြို့မိမြို့ဖအဖွဲ့နှင့် တွေ့ဆုံစဉ်လူသားချင်း စာနာထောက်ထားမှု ဆိုင် ရာ အကူအညီ များ၊ နှစ်ဖက်လူ့ အဖွဲ့အစည်း သဟဇာတဖြစ်ရေး တို့အတွက် ကူညီပံ့ပိုးပေးမှုများ ထည့်သွင်းဆွေးနွေး ခဲ့သည်။

စစ်တွေမြို့မိမြို့ဖအဖွဲ့က ၁၉၈၂ ခုနှစ် ဥပဒေအရ နိုင်ငံသား ဖြစ်သင့်သူများကို ကန့်ကွက်စရာ  မရှိဘဲ နိုင်ငံ သား မဖြစ်နိုင်သည့်သူများအား မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်ကို ကုလအနေဖြင့် အစိုးရအား အကြံပေးစေလိုသည်ဟု မစ္စတာ နမ်ဘီးယားနှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment