Saturday 16 August 2014

လက်မှတ်ငါးသန်းကိုစဉ်းစားရန် ပြည်ထောင်စုလွှတ်တော်နာယကနှင့် လွှတ်တော်တွင် သာတာဝန်ရှိ

Photo: လက်မှတ်ငါးသန်းကိုစဉ်းစားရန် ပြည်ထောင်စုလွှတ်တော်နာယကနှင့် လွှတ်တော်တွင် သာတာဝန်ရှိ
Saturday, August 16, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ် ငါးသန်းသည် ပြည်ထောင်စုလွှတ် တော်၏ အခြေခံဥပဒေပြင်ဆင် နိုင်ရေးအကောင်အထည်ဖော်မှု ကော်မတီအပေါ် သက်ရောက်မှု မရှိကြောင်း လွှတ်တော်နာယက ပြောကြားသကဲ့သို့ပင် ကော်မတီ ကထပ်တူပြောကြားလိုက်သည်။

  ‘‘လက်မှတ်ငါးသန်းကို ထည့်သွင်းစဉ်းစားဖို့ကော်မတီမှာ တာဝန်မရှိပါဘူး။ စဉ်းစားရမှာက လွှတ်တော်နာယကနဲ့ဥက္ကဋ္ဌပြည် ထောင်စုလွှတ်တော်ကစဉ်းစားရ မှာပါ’’ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအကောင်အထည် ဖော်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာအေးမောင်ကပြောသည်။

 ဇူလိုင်လအတွင်းကလည်း ပြည်ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်းက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူများ ၏ ဆန္ဒပြုလက်မှတ်များသည် လွှတ်တော်ကော်မတီအပေါ် သက်ရောက်မှုမရှိနိုင်ဟု ပြော ကြားခဲ့ခြင်းဖြစ်သည်။

 လက်မှတ်ကောက်ယူရေး လှုပ်ရှားမှုကို စတင်ခဲ့သည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် သည့် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးဝင်းထိန်ကလည်း ထို လက်မှတ်များသည် ကော်မတီ အပေါ် သက်ရောက်မှုမရှိနိုင်ဆို သည်မှာ မှန်ကန်သည်ဟုပြော ကြားခဲ့သည်။

  သို့သော် လွှတ်တော်နှင့် သက်ဆိုင်သောကိစ္စဖြစ်သော ကြောင့် ပြည်သူများ၏အသံကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စား လှယ်များက စဉ်းစားဆောင်ရွက် နိုင်သဖြင့် ထိုက်သင့်သောအကျိုး သက်ရောက်မှုရှိနိုင်ပါသည်ဟု သြဂုတ်လ ၁၁ ရက်တွင် ပြည် ထောင်စုလွှတ်တော် နာယကကပြန်ပြောင်းပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်နိုင်ရေးအကောင်အထည် ဖော်ရေးကော်မတီသည် အခြေခံ ဥပဒေပါပုဒ်မအားလုံးကို ဆွေး နွေးပြီးစီးပြီးဖြစ်၍ ဇယား ၁ မှ ဇယား ၅ အထိသာဆွေးနွေးရန် ကျန်ရှိတော့ကြောင်းသတင်းရရှိ သည်။

 ဇယား ၁၊၂၊၃ နှင့် ၅သည် အရေးကြီးသဖြင့် ဆွေးနွေးရန် အချိန်ယူရမည်ဖြစ်ကြောင်း ကော်မတီ အဖွဲ့ဝင် ဒေါက်တာအေးမောင်ကပြောသည်။

ကော်မတီ၏ဆွေးနွေးမှုများ ပြီးစီးပါက ဥပဒေကြမ်းကို ယခု လာမည့် (၁၁)ကြိမ်မြောက်လွှတ် တော်တွင် တင်သွင်းနိုင်ရန်စီစဉ် နေပြီဖြစ်ကြောင်းလည်း လွှတ် တော်နာယက ကပြောကြားထား သည်။ အဖွဲ့ဝင် ၃၁ ဦးပါဝင်သော ကော်မတီသည် အစီရင်ခံစာနှင့် အတူ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ခြင်းဥပဒေကြမ်းနှင့် ပြင်ဆင် ရန်အဆိုကိုပါ ပြည်ထောင်စု လွှတ်တော်သို့တင်သွင်းရမည်ဖြစ် ပြီး ရွေးကောက်ပွဲမတိုင်မီ ၆ လ အလိုတွင် တင်သွင်းရမည်ဟု ကော်မတီ၏တာဝန်များတွင် ပြဋ္ဌာန်းထားသည်။

7Day DAILY 

ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ဆန္ဒပြနေစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)
ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ဆန္ဒပြနေစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ် ငါးသန်းသည် ပြည်ထောင်စုလွှတ် တော်၏ အခြေခံဥပဒေပြင်ဆင် နိုင်ရေးအကောင်အထည်ဖော်မှု ကော်မတီအပေါ် သက်ရောက်မှု မရှိကြောင်း လွှတ်တော်နာယက ပြောကြားသကဲ့သို့ပင် ကော်မတီ ကထပ်တူပြောကြားလိုက်သည်။

‘‘လက်မှတ်ငါးသန်းကို ထည့်သွင်းစဉ်းစားဖို့ကော်မတီမှာ တာဝန်မရှိပါဘူး။ စဉ်းစားရမှာက လွှတ်တော် နာယကနဲ့ဥက္ကဋ္ဌပြည် ထောင်စုလွှတ်တော်ကစဉ်းစားရ မှာပါ’’ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာအေးမောင်ကပြောသည်။

 ဇူလိုင်လအတွင်းကလည်း ပြည်ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်းက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ပြည်သူများ ၏ ဆန္ဒပြုလက်မှတ်များသည် လွှတ်တော်ကော်မတီအပေါ် သက်ရောက်မှုမရှိနိုင်ဟု ပြော ကြားခဲ့ခြင်းဖြစ်သည်။

 လက်မှတ်ကောက်ယူရေး လှုပ်ရှားမှုကို စတင်ခဲ့သည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ် အမှုဆောင်လည်းဖြစ် သည့် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးဝင်းထိန်ကလည်း ထို လက်မှတ်များသည် ကော်မတီ အပေါ် သက်ရောက်မှုမရှိနိုင်ဆို သည်မှာ မှန်ကန်သည်ဟုပြော ကြားခဲ့သည်။

သို့သော် လွှတ်တော်နှင့် သက်ဆိုင်သောကိစ္စဖြစ်သော ကြောင့် ပြည်သူများ၏အသံကို သက်ဆိုင်ရာ လွှတ်တော် ကိုယ်စား လှယ်များက စဉ်းစားဆောင်ရွက် နိုင်သဖြင့် ထိုက်သင့်သောအကျိုး သက်ရောက်မှု ရှိနိုင် ပါသည်ဟု သြဂုတ်လ ၁၁ ရက်တွင် ပြည် ထောင်စုလွှတ်တော် နာယကကပြန်ပြောင်းပြောကြား ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်နိုင်ရေးအကောင်အထည် ဖော်ရေးကော်မတီသည် အခြေခံ ဥပဒေပါပုဒ်မ အားလုံးကို ဆွေး နွေးပြီးစီးပြီးဖြစ်၍ ဇယား ၁ မှ ဇယား ၅ အထိသာဆွေးနွေးရန် ကျန်ရှိတော့ကြောင်း သတင်း ရရှိ သည်။

 ဇယား ၁၊၂၊၃ နှင့် ၅သည် အရေးကြီးသဖြင့် ဆွေးနွေးရန် အချိန်ယူရမည်ဖြစ်ကြောင်း ကော်မတီ အဖွဲ့ဝင် ဒေါက်တာအေးမောင်ကပြောသည်။

ကော်မတီ၏ဆွေးနွေးမှုများ ပြီးစီးပါက ဥပဒေကြမ်းကို ယခု လာမည့် (၁၁)ကြိမ်မြောက်လွှတ် တော်တွင် တင်သွင်းနိုင်ရန်စီစဉ် နေပြီဖြစ်ကြောင်းလည်း လွှတ် တော်နာယက ကပြောကြားထား သည်။ အဖွဲ့ဝင် ၃၁ ဦးပါဝင်သော ကော်မတီသည် အစီရင်ခံစာနှင့် အတူ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ခြင်းဥပဒေကြမ်းနှင့် ပြင်ဆင် ရန်အဆိုကိုပါ ပြည်ထောင်စု လွှတ်တော်သို့တင်သွင်းရမည်ဖြစ် ပြီး ရွေးကောက်ပွဲမတိုင်မီ ၆ လ အလိုတွင် တင်သွင်းရမည်ဟု ကော်မတီ၏တာဝန်များတွင် ပြဋ္ဌာန်းထားသည်။

7Day DAILY 

No comments:

Post a Comment