Saturday 16 August 2014

ဓမ္မစေတီခေါင်းလောင်းဆယ်ယူနေသောနေရာအနီး သဲတင်သမ္ဗန်နှစ်စီးတိုက်မိ

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူနေသည့် လုပ်ငန်းခွင်အနီး၌ သဲတင်သမ္ဗန် နှစ်စီး တိုက်မိခဲ့ရာ တိုက်ခံရ သည့် သမ္ဗန်တစ် စီးနစ်မြုပ်သွားပြီး လူတစ်ယောက် မှသေဆုံးခြင်းမရှိဘဲ ၀င်တိုက်ခဲ့ သော သမ္ဗန်မှာ မောင်းပြေးသွား ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပု ဇွန်တောင်ချောင်းတို့ဆုံရာ ဓမ္မစေ တီခေါင်းလောင်းဆယ်ယူနေ သည့်လုပ်ငန်း ခွင်အနီး၌ သြဂုတ်  ၁၃ရက် ညနေက ‘‘အောင်မင်္ဂလာ’’သဲတင်သမ္ဗန်နှင့်အခြား သဲတင်သမ္ဗန် တစ်စီးတို့ တိုက်မိခဲ့သဖြင့်အောင်မင်္ဂလာသဲတင်သမ္ဗန်မှာ နစ်မြုပ်သွားခဲ့ပြီး အခြားသဲတင်သမ္ဗန်မှာ မောင်းပြေးသွား ခဲ့သည်။ရေယာဉ်နှစ်စီးတိုက်မိမှုကြောင့်လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ရဲမှတ်တမ်းတွင်ဖော် ပြထား သည်။

‘‘နှစ်စီးတိုက်မိပြီး အတိုက်ခံ ရတဲ့ သမ္ဗန်ကနစ်သွားလို့ လူ တွေတော့အသက်ဆုံးရှုံးမှုမရှိဘဲ လွတ်မြောက် လာတယ်။မောင်း ပြေးသွားတဲ့ သမ္ဗန်ကိုစုံစမ်းနေ ဆဲပါ။ ဘယ်လိုတိုက်တယ်ဆိုတာ နဲ့ မြုပ်သွားတဲ့ သမ္ဗာန် ပေါ်မှာလူ ဘယ်နှယောက်ပါတယ်ဆိုတာ တော့ စုံစမ်းစစ်ဆေးနေဆဲပါ’’ဟု ဆိပ်ကမ်းမြို့မရဲစခန်းမှ တာဝန် ကျရဲအရာရှိတစ်ဦးကပြောသည်။

ယင်းသို့ ရေယာဉ်ကိုမဆင်မ ခြင်မောင်းနှင်ကြသူများဖြစ်သည့်  အောင်မင်္ဂလာသဲတင်သမန်
 ရေ ယာဉ် မောင်း နှင့် မောင်းပြေးသွား သည့်သဲတင်သမ္ဗန်ရေယာဉ် မောင်းနှစ်ဦးကို ဆိပ်ကမ်းမြို့မရဲစခန်းမှပြစ်မှုပုဒ်မ ၂၈၀ဖြင့်အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်နေကြောင်းအဆိုပါရဲအရာရှိကပြောသည်။

သြဂုတ် ၉ရက်မှစတင်ကာ ဓမ္မစေတီခေါင်းလောင်းဆယ်ယူ ခြင်းလုပ်ငန်းဆောင်ရွက်နေရာသြဂုတ် ၁၅ရက်၌ ခုနစ်ရက်တိုင်ပြီဖြစ်သော်လည်း ခေါင်းလောင်းဆယ်ယူ ရရှိနိုင်ရေးမှာ ထူးခြားမှု မရှိသေးကြောင်း သိရှိရသည်။ ဓမ္မစေတီခေါင်းလောင်းရှာဖွေရာအဆိုပါနေရာသည် ရေစီးကြမ်းသဖြင့် ကော့သောင်းမှ ဆလုံ တိုင်းရင်းသားများက ရေငုပ်ကိရိယာမပါဘဲနေ့စဉ်တစ်ကြိမ်မှ နှစ်ကြိမ်တိုင် ၁၅မိနစ်စီရေငုပ်ပြီး ရှာဖွေနေ သည်။

7Day DAILY 

No comments:

Post a Comment