Saturday 16 August 2014

မြန်မာနိုင်ငံရေးအပြောင်းအလဲ ဂျွန်ကယ်ရီသုံးသပ်ချက်ထွက်လာ

Photo: မြန်မာနိုင်ငံရေးအပြောင်းအလဲ ဂျွန်ကယ်ရီသုံးသပ်ချက်ထွက်လာ
Saturday, August 16, 2014

မြန်မာနိုင်ငံတွင် အံ့အား သင့်ဖွယ်အပြောင်းအလဲများဖြစ် ပေါ်နေသော်လည်း နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍ၊ ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ပြည် တွင်းစစ်ရပ်စဲရေး စသည့်ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးမြှင့်တင်မှုများပြုလုပ်ရန် လိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံခရီး စဉ်အတွင်း အစိုးရနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ခဲ့သည့် တိုး တက်မှုများကို မြင်တွေ့ခဲ့ရပြီး ယခုအပြောင်းအလဲများဖြစ်ပေါ် ရန် အမေရိကန်အစိုးရက ၂၅ နှစ် ကြာတိုက်တွန်းဆောင်ရွက်နိုင်ခဲ့ ခြင်းကို ဂုဏ်ယူကြောင်း ၎င်းက ပြောသည်။

အမေရိကန်အစိုးရအနေ ဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲရေးတွင် တတ်နိုင်သမျှပါဝင် ကူညီပေးလိုပြီး နောင်နှစ်တွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲကို အထောက်အပံ့ပေး လိုကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို ဖြေရှင်းရန်နှင့် ဘာသာရေးအကြမ်းဖက်မှုနှင့် အမုန်းတရား လှုံ့ဆော်မှုများကို ကိုင်တွယ်ဖြေ ရှင်းရန် မြန်မာအစိုးရကိုတိုက် တွန်းကြောင်း ၎င်းကပြောသည်။

အမေရိကန်အစိုးရအနေ ဖြင့် မြန်မာအပါအဝင် အာရှဒေသတွင်းတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးမြှင့်တင်ရေးအတွက် အထူးဦးစားပေးဆောင်ရွက်လိုကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံသို့ အာရှထိပ် သီးညီလာခံတက်ရောက်ရန် လာရောက်ခဲ့သည့် ဂျွန်ကယ်ရီသည်၎င်း၏ ဩဂုတ် ၁၀ ရက် ခရီးစဉ်သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံရေးနှင့်ပတ်သက်၍ အကောင်းမြင်ချဉ်းကပ်မှုဖြင့် ထိန်းထိန်းသိမ်းသိမ်းပြောကြားခဲ့ပြီး သုံးရက်အကြာ ဟိုနိုလူလူရှိ East West စင်တာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာပြည်ခရီးစဉ် သတင်း စာရှင်းလင်းပွဲတွင် စစ်တပ်၏ အခန်းကဏ္ဍကို ထည့်သွင်းပြော ကြားခဲ့ခြင်းမရှိခဲ့ဘဲ ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံပြီး နောက် ယခု ဟိုနိုလူလူခရီးစဉ်တွင် မြန်မာ့နိုင်ငံရေး၌ စစ်တပ်ပါဝင်မှု အခန်းကဏ္ဍကို တိတိကျကျ သတ်မှတ်ရေး ထည့်သွင်းပြောကြားသွားခဲ့သည်။

‘‘စစ်တပ်ရဲ့အခန်းကဏ္ဍကို သတ်မှတ်ရမယ်။ ဖွဲ့စည်းပုံပြင် ဆင်ရေးနဲ့ လွတ်လပ်ပြီး တရားမျှ တတဲ့ရွေးကောက်ပွဲဖြစ်ဖို့ အစိုးရ က ထောက်ပံ့ပေးရမယ်။ ဆယ်စု နှစ်တစ်ခုကျော်ကြာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကိုလည်း အဆုံး သတ်ရမှာဖြစ်ပြီး မြန်မာပြည်သူ လူထုတွေရဲ့ လူ့အခွင့်အရေးအတွက် အာမခံချက်ရှိတဲ့ ဥပဒေ တွေဖြစ်ဖို့က မြန်မာ့ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးအတွက် နက် ရှိုင်းတဲ့စိန်ခေါ်မှုတွေဖြစ်တယ်’’ ဟု ၎င်းက ပြောကြားခဲ့သည်။

၁၉၉၀ ပြည့်နှစ် ၎င်း၏ မြန်မာပြည် ပထမဆုံးခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရပြီး ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်မှာ လွှတ် တော်အတွင်း လွတ်လပ်စွာ ပြော ဆိုဆွေးနွေးနိုင်သည့်အဆင့်ကို ရောက်နေကြောင်း ဂျွန်ကယ်ရီက ပြောသည်။

မြန်မာတွင် အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင် လိုပါက အကျင့်ပျက်ခြစားမှုများ ကို တိုက်ဖျက်ရမည်ဖြစ်ကြီး သစ် တောနှင့် သယံဇာတများကို ကာ ကွယ်ရန်မှာ မြန်မာနိုင်ငံအသွင် ကူးပြောင်းရေးအတွက် ကြီးမား သည့် စမ်းသပ်ချက်ပင်ဖြစ် ကြောင်း ၎င်းက ပြောသည်။

‘‘မြန်မာ့ပြုပြင်ပြောင်းလဲရေး ကို ဆက်ပြီးလက်တွဲကူညီသွားဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ပိုင်းမှာတော့ စိန် ခေါ်မှုတွေကို မှန်မှန်ကန်ကန်ရွေး ချယ်ဖြေရှင်းနိုင်ဖို့လိုပါမယ်’’ဟု ဂျွန်ကယ်ရီက ပြောသည်။

လတ်တလောမြန်မာနိုင်ငံ ရေးကို အိမ်နီးချင်းအာဆီယံနိုင်ငံ များဖြစ်သည့် ထိုင်း၊အင်ဒိုနီးရှားတို့နှင့် နှိုင်းယှဉ်ပြောကြားသွားသည်။ ထိုင်းတွင် စစ်တပ်က အာဏာ သိမ်းလိုက်သည့်အတွက် ဒီမိုကရေစီလမ်းကြောင်း နောက်ကြောင်းပြန်လှည့်သွားခြင်းကို စိုးရိမ်ကြောင်းနှင့် လွတ်လပ်သည့် ရွေးကောက်ပွဲတစ်ရပ်ကျင်းပရန် လိုကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိစဉ် ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် ဒီမိုကရေစီ အလားအလာကောင်းများကို တွေ့မြင်ခဲ့ရပြီး အာရှတစ်လွှားရှိ နိုင်ငံများအနေဖြင့် အင်ဒိုနီးရှားကို စံထားနိုင်ကြောင်းလည်း ၎င်းက အကြံပြုခဲ့သည်။

‘‘အခုထိတော့ မြန်မာအပေါ် ကျယ်ကျယ်လောင်လောင်တုံ့ပြန် တဲ့အရိပ်အယောင်ကိုမတွေ့ရပါ ဘူး။ မြန်မာကို အမေရိကန်က မိတ်ဖက်အဖြစ်ပဲ ဆက်ပြီးဆက် ဆံဦးမယ်လို့ ခန့်မှန်းပါတယ်။ ကျန်တဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေနဲ့ယှဉ်ရင် မြန်မာက သိပ်ပြီးအဆိုးရွားဆုံးအခြေအနေကို မရောက်သေးဘူးလေ’’ဟု အာဆီ ယံရေးရာကျွမ်းကျင်သူ ကဝီက ပြောကြားသည်။

7Day Daily 

သမ္မတဦးသိန်းစိန်နှင့် ဂျွန်ကယ်ရီတွေ့ဆုံစဉ်(ဓာတ်ပုံ − အီးပီအေ)
သမ္မတဦးသိန်းစိန်နှင့် ဂျွန်ကယ်ရီတွေ့ဆုံစဉ်(ဓာတ်ပုံ − အီးပီအေ) 
မြန်မာနိုင်ငံတွင် အံ့အား သင့်ဖွယ်အပြောင်းအလဲများဖြစ် ပေါ်နေသော်လည်း နိုင်ငံရေးတွင် စစ်တပ်၏ အခန်း ကဏ္ဍ၊ ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ပြည် တွင်းစစ်ရပ်စဲရေး စသည့် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးမြှင့်တင်မှုများပြုလုပ်ရန် လိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံခရီး စဉ်အတွင်း အစိုးရနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ခဲ့သည့် တိုး တက်မှုများကို မြင်တွေ့ခဲ့ရပြီး ယခုအပြောင်းအလဲများဖြစ်ပေါ် ရန် အမေရိကန်အစိုးရက ၂၅ နှစ် ကြာတိုက်တွန်းဆောင်ရွက် နိုင်ခဲ့ ခြင်းကို ဂုဏ်ယူကြောင်း ၎င်းက ပြောသည်။

အမေရိကန်အစိုးရအနေ ဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲရေးတွင် တတ်နိုင်သမျှပါဝင် ကူညီပေးလိုပြီး နောင်နှစ်တွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲကို အထောက်အပံ့ပေး လိုကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို ဖြေရှင်းရန်နှင့် ဘာသာရေးအကြမ်းဖက်မှုနှင့် အမုန်းတရား လှုံ့ဆော်မှုများကို ကိုင်တွယ်ဖြေရှင်းရန် မြန်မာအစိုးရကိုတိုက် တွန်းကြောင်း ၎င်းကပြောသည်။

အမေရိကန်အစိုးရအနေ ဖြင့် မြန်မာအပါအဝင် အာရှဒေသတွင်းတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးမြှင့် တင်ရေး အတွက် အထူးဦးစားပေးဆောင်ရွက်လိုကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံသို့ အာရှထိပ် သီးညီလာခံတက်ရောက်ရန် လာရောက်ခဲ့သည့် ဂျွန်ကယ်ရီသည်၎င်း၏ ဩဂုတ် ၁၀ ရက် ခရီးစဉ်သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံရေးနှင့်ပတ်သက်၍ အကောင်းမြင်ချဉ်းကပ်မှုဖြင့် ထိန်းထိန်းသိမ်းသိမ်းပြောကြားခဲ့ပြီး သုံးရက်အကြာ ဟိုနိုလူလူရှိ East West စင်တာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာပြည်ခရီးစဉ် သတင်း စာရှင်းလင်းပွဲတွင် စစ်တပ်၏ အခန်းကဏ္ဍကို ထည့်သွင်းပြော ကြားခဲ့ခြင်း မရှိခဲ့ဘဲ ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံပြီး နောက် ယခု ဟိုနိုလူလူခရီးစဉ်တွင် မြန်မာ့နိုင်ငံရေး၌ စစ်တပ် ပါဝင်မှု အခန်းကဏ္ဍကို တိတိကျကျ သတ်မှတ်ရေး ထည့်သွင်းပြောကြားသွားခဲ့သည်။

‘‘စစ်တပ်ရဲ့အခန်းကဏ္ဍကို သတ်မှတ်ရမယ်။ ဖွဲ့စည်းပုံပြင် ဆင်ရေးနဲ့ လွတ်လပ်ပြီး တရားမျှ တတဲ့ရွေး ကောက် ပွဲဖြစ် ဖို့ အစိုးရ က ထောက်ပံ့ပေးရမယ်။ ဆယ်စု နှစ်တစ်ခုကျော်ကြာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် ကိုလည်း အဆုံး သတ်ရမှာဖြစ်ပြီး မြန်မာပြည်သူ လူထုတွေရဲ့ လူ့အခွင့်အရေးအတွက် အာမခံချက်ရှိတဲ့ ဥပဒေ တွေဖြစ်ဖို့က မြန်မာ့ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးအတွက် နက် ရှိုင်းတဲ့စိန်ခေါ်မှုတွေဖြစ်တယ်’’ ဟု ၎င်းက ပြောကြားခဲ့သည်။

၁၉၉၀ ပြည့်နှစ် ၎င်း၏ မြန်မာပြည် ပထမဆုံးခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရပြီး ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်မှာ လွှတ် တော်အတွင်း လွတ်လပ် စွာ ပြော ဆိုဆွေးနွေးနိုင်သည့်အဆင့်ကို ရောက်နေကြောင်း ဂျွန်ကယ်ရီက ပြောသည်။

မြန်မာတွင် အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင် လိုပါက အကျင့်ပျက်ခြစားမှုများ ကို တိုက်ဖျက် ရမည်ဖြစ်ကြီး သစ် တောနှင့် သယံဇာတများကို ကာ ကွယ်ရန်မှာ မြန်မာနိုင်ငံအသွင် ကူးပြောင်းရေးအတွက် ကြီးမား သည့် စမ်းသပ်ချက်ပင်ဖြစ် ကြောင်း ၎င်းက ပြောသည်။

‘‘မြန်မာ့ပြုပြင်ပြောင်းလဲရေး ကို ဆက်ပြီးလက်တွဲကူညီသွားဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ ခေါင်းဆောင် ပိုင်းမှာတော့ စိန် ခေါ်မှုတွေကို မှန်မှန်ကန်ကန်ရွေး ချယ်ဖြေရှင်းနိုင်ဖို့လိုပါမယ်’’ဟု ဂျွန်ကယ်ရီက ပြောသည်။

လတ်တလောမြန်မာနိုင်ငံ ရေးကို အိမ်နီးချင်းအာဆီယံနိုင်ငံ များဖြစ်သည့် ထိုင်း၊အင်ဒိုနီးရှားတို့နှင့် နှိုင်းယှဉ်ပြောကြားသွားသည်။ ထိုင်းတွင် စစ်တပ်ကအာဏာသိမ်းလိုက်သည့်အတွက် ဒီမိုကရေစီ လမ်းကြောင်း နောက်ကြောင်းပြန်လှည့်သွားခြင်းကို စိုးရိမ်ကြောင်းနှင့် လွတ်လပ်သည့် ရွေးကောက်ပွဲ တစ်ရပ် ကျင်းပရန် လိုကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိစဉ် ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် ဒီမိုကရေစီ အလားအလာကောင်းများကို တွေ့မြင်ခဲ့ရပြီး အာရှတစ်လွှားရှိ နိုင်ငံများအနေဖြင့် အင်ဒိုနီးရှားကို စံထားနိုင်ကြောင်းလည်း ၎င်းက အကြံပြုခဲ့သည်။

‘‘အခုထိတော့ မြန်မာအပေါ် ကျယ်ကျယ်လောင်လောင်တုံ့ပြန် တဲ့အရိပ်အယောင်ကိုမတွေ့ရပါ ဘူး။ မြန်မာကို အမေရိကန်က မိတ်ဖက်အဖြစ်ပဲ ဆက်ပြီးဆက် ဆံဦးမယ်လို့ ခန့်မှန်းပါတယ်။ ကျန်တဲ့ အာဆီယံ ဒေသတွင်း နိုင်ငံတွေနဲ့ယှဉ်ရင် မြန်မာက သိပ်ပြီးအဆိုးရွားဆုံးအခြေအနေကို မရောက်သေးဘူးလေ’’ဟု အာဆီ ယံရေးရာကျွမ်းကျင်သူ ကဝီက ပြောကြားသည်။

7Day Daily 

သမ္မတဦးသိန်းစိန်နှင့် ဂျွန်ကယ်ရီတွေ့ဆုံစဉ်(ဓာတ်ပုံ − အီးပီအေ) 

No comments:

Post a Comment