Saturday 16 August 2014

ပိုလန်က မြန်မာနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး အရှိန်မြှင့်မည်

အီးယူအဖွဲ့ဝင်နိုင်ငံတစ် နိုင်ငံဖြစ်သော ပိုလန်နိုင်ငံအနေဖြင့် ယခုနှစ်အတွင်း မြန်မာ့တပ်မ တော်နှင့် စစ်ဘက် ဆိုင်ရာ ဆက်ဆံရေးကို အရှိန်မြှင့်ဆောင်ရွက် မည်ဖြစ်ကာ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့များ အပြန် အလှန် စေလွှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုလ ၁၅ ရက် နံနက်တွင် နေပြည်တော်၊ ဇေယျာသီရိဗိမာန် တွင် တပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မြန်မာနိုင်ငံဆိုင်ရာ ပိုလန်သံအမတ်ကြီး လာရောက် တွေ့ဆုံစဉ် ပိုလန်သံအမတ်ကြီး က အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

အနောက်အုပ်စုမှ မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့မှုအချို့ ရှိနေ သေးသော်လည်း ပိုလန်နိုင်ငံအ နေဖြင့် မြန်မာနိုင်ငံ သို့ နိုင်ငံတကာ ကူညီထောက်ပံ့မှုများ ဆောင် ရွက်သွားမည်ဖြစ်ကာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ထိတွေ့ဆက်ဆံ မှုများကိုလည်း အရှိန်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပိုလန်သံအမတ်ကြီးက ပြောသည်။

မိမိတို့အနေဖြင့် နိုင်ငံတကာ နှင့် ချစ်ကြည်စွာ ဆက်ဆံရေးအ တွက် အစဉ်အမြဲတံခါးဖွင့်ထားပါ ကြောင်းနှင့် တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေးအသွင်ဖြင့် ရပ်တည်ဆောင်ရွက်နေပါကြောင်း တပ်မတော် ကာ ကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောသည်။

အီးယူအနေဖြင့် မြန်မာနိုင်ငံ အား စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုအများစု ဖယ်ရှားပေးခဲ့သော် လည်း စစ်ဘက် ဆိုင်ရာ အကူအ ညီပေးရေးကိစ္စရပ်များကိုမူ ပွင့် လင်းစွာ ဆက်ဆံပြောဆိုခြင်းမရှိ သေးပေ။

မြန်မာနိုင်ငံအနေဖြင့် ပိုလန် နိုင်ငံနှင့် ၁၉၅၅ ခုနှစ်မှစတင်ကာ သံတမန်အဆက်အသွယ် ဆောင် ရွက်ခဲ့ပြီး ၁၉၉၀ ဝန်းကျင်တွင် စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်များကို ပိုလန်နိုင်ငံမှ ဝယ်ယူအသုံးပြုခဲ့သည်။

7Day DAILY

No comments:

Post a Comment