Saturday 16 August 2014

ဆော်ဒီအမျိုးသားများကို (၄) နိုင်ငံမှအမျိုးသမီးများနှင့် လက်ထပ်ခွင့်တားမြစ်

Photo: ဆော်ဒီအမျိုးသားများကို (၄) နိုင်ငံမှအမျိုးသမီးများနှင့် လက်ထပ်ခွင့်တားမြစ်
Saturday, August 16, 2014

ဆော်ဒီအမျိုးသားများကို ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ချဒ် နှင့် မြန်မာနိုင်ငံတို့မှ အမျိုးသမီး နှင့် လက်ထပ်ခွင့်ကိုပိတ်ပင်တား မြစ်လိုက်ကြောင်း မာခါးရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အာ ဆတ်ဖ်အယ်လ် ကူရာစီကို ကိုးကား၍ မာခါးနေ့စဉ်သတင်း စာက ရေးသားဖော်ပြလိုက်သည်။

တရားဝင်ထုတ်ပြန်ကြေညာ ခြင်းမရှိသော စာရင်းဇယားများ အရ ထို (၄) နိုင်ငံမှ အမျိုးသမီး (၅၀၀၀၀) ခန့် ဆော်ဒီအာရေဗျ နိုင်ငံတွင် နေထိုင်လျက်ရှိပြီး ယခု တားမြစ်ချက်သည် ဆော်ဒီအမျိုး သားများအတွက် နိုင်ငံခြားသူ များကို လက်ထပ်ခြင်းကို စိတ် ပျက်သွားစေရန် ယခင်ရှိနှင့်ပြီး ဖြစ်သည့် နိုင်ငံခြားသူများနှင့် လက်ထပ်လျှင် ခွင့်ပြုချက်ရယူရ မည်ဆိုသော ကန့်သတ်ချက်ကို ထပ်လောင်းဖြည့်စွက်လိုက်ခြင်း ဖြစ်ဟန်တူသည်။ ယခုအခါ နိုင်ငံ ခြားသူများနှင့်လက်ထပ်လိုသော ဆော်ဒီအမျိုးသားများအနေနှင့် ပို၍တင်းကြပ်သော လုပ်ထုံး လုပ်နည်းများနှင့် ကြုံတွေ့နေရ ပြီဖြစ်သည်။
နိုင်ငံခြားသူများနှင့်လက်ထပ် လိုသည့် ဆော်ဒီအမျိုးသားများ သည် ပထမဦးစွာ အစိုးရ၏ သဘောတူညီချက်ကိုရယူရမည် ဖြစ်ပြီး တရားဝင်လျှောက်လွှာ တင်သွင်းရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကူရာစီက ပြောကြားခဲ့ သည်ဟု သတင်းစာတွင် ဆက် လက်ရေးသားဖော်ပြသည်။

လက်ထပ်လျှောက်လွှာတင် သွင်းသူများသည် အသက် (၂၅) နှစ်အထက်ရှိရမည်ဖြစ်ပြီး ဒေသခံ မြို့ဝန်က လက်မှတ်ရေးထိုးထား သည့် သက်သေခံအထောက် အထားအပြင် မိသားစုကတ်မိတ္တူ အပါအ၀င် အခြားသောသက်သေခံ အထောက်အထားစာရွက်စာတမ်း များ တင်ပြရမည်ဖြစ်သည်။ 

အကယ်၍ လျှောက်ထား သူသည် လက်ထပ်ထားသူဖြစ် မည်ဆိုပါက ၎င်း၏ ဇနီးသည် မစွမ်းမသန်ဖြစ်နေကြောင်း သို့မဟုတ် နာတာရှည်ရောဂါ ခံစားနေရကြောင်း သို့မဟုတ် မျိုးဆက်မပွားနိုင်သူဖြစ်ကြောင်း ဆေးရုံ၏ ထောက်ခံစာတင်ပြရန် လည်း လိုအပ်သည်။ 

ကွာရှင်းပြတ်စဲထားသူ အမျိုး သားတစ်ဦးအနေနှင့် ကွာရှင်း ပြတ်စဲသည့်နေ့မှစ၍ (၆) လ အတွင်း လက်ထပ်ရန်လျှောက် ထားခွင့်မရှိကြောင်းလည်း ဗိုလ်ချုပ် ကူရာစီက ဆက်လက်ပြောကြား သည်။    

Hot News
ဆော်ဒီအမျိုးသားများကို ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ချဒ် နှင့် မြန်မာနိုင်ငံတို့မှ အမျိုးသမီး နှင့် လက်ထပ် ခွင့်ကို ပိတ်ပင်တား မြစ်လိုက်ကြောင်း မာခါးရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အာဆတ်ဖ်အယ်လ် ကူရာစီကို ကိုးကား၍ မာခါးနေ့စဉ်သတင်း စာက ရေးသားဖော်ပြလိုက်သည်။

တရားဝင်ထုတ်ပြန်ကြေညာ ခြင်းမရှိသော စာရင်းဇယားများ အရ ထို (၄) နိုင်ငံမှ အမျိုးသမီး (၅၀၀၀၀) ခန့် ဆော်ဒီအာရေဗျ နိုင်ငံတွင် နေထိုင်လျက်ရှိပြီး ယခု တားမြစ်ချက်သည် ဆော်ဒီအမျိုး သားများအတွက် နိုင်ငံခြား သူ များကို လက်ထပ်ခြင်းကို စိတ် ပျက်သွားစေရန် ယခင်ရှိနှင့်ပြီး ဖြစ်သည့် နိုင်ငံခြားသူ များနှင့် လက်ထပ်လျှင် ခွင့်ပြုချက်ရယူရ မည်ဆိုသော ကန့်သတ်ချက်ကို ထပ်လောင်းဖြည့်စွက်လိုက်ခြင်း ဖြစ်ဟန်တူသည်။  

ယခုအခါ နိုင်ငံ ခြားသူများနှင့်လက်ထပ်လိုသော ဆော်ဒီအမျိုးသားများအနေနှင့် ပို၍တင်းကြပ်သော လုပ်ထုံး လုပ်နည်းများနှင့် ကြုံတွေ့နေရ ပြီဖြစ်သည်။ နိုင်ငံခြားသူများနှင့်လက်ထပ် လိုသည့် ဆော်ဒီ အမျိုးသား များ သည် ပထမဦးစွာ အစိုးရ၏ သဘောတူညီချက်ကိုရယူရမည် ဖြစ်ပြီး တရားဝင်လျှောက်လွှာ တင်သွင်းရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကူရာစီက ပြောကြားခဲ့ သည်ဟု သတင်းစာတွင် ဆက် လက်ရေးသား ဖော်ပြသည်။

လက်ထပ်လျှောက်လွှာတင် သွင်းသူများသည် အသက် (၂၅) နှစ်အထက် ရှိရမည်ဖြစ်ပြီး ဒေသခံ မြို့ဝန်က လက်မှတ်ရေးထိုးထား သည့် သက်သေခံ အထောက် အထားအပြင် မိသားစုကတ်မိတ္တူ အပါအ၀င် အခြားသောသက်သေခံ အထောက်အထားစာရွက်စာတမ်း များ တင်ပြရမည်ဖြစ်သည်။ 

အကယ်၍ လျှောက်ထားသူသည် လက်ထပ်ထားသူဖြစ် မည်ဆိုပါက ၎င်း၏ဇနီးသည် မစွမ်းမသန်ဖြစ် နေကြောင်း သို့မဟုတ် နာတာရှည်ရောဂါ ခံစားနေ ရကြောင်း သို့မဟုတ် မျိုးဆက်မပွားနိုင်သူဖြစ်ကြောင်း ဆေးရုံ၏ ထောက်ခံစာ တင်ပြရန် လည်း လိုအပ်သည်။ 

ကွာရှင်းပြတ်စဲထားသူ အမျိုး သားတစ်ဦးအနေနှင့် ကွာရှင်း ပြတ်စဲသည့်နေ့မှစ၍ (၆) လ အတွင်း လက်ထပ်ရန်လျှောက် ထားခွင့်မရှိကြောင်းလည်း ဗိုလ်ချုပ် ကူရာစီက ဆက်လက်ပြော
ကား သည်။    

Hot News Journal 

No comments:

Post a Comment