Saturday 16 August 2014

ယူကရိန်း သူပုန်တပ်ဖွဲ့၏ စစ်ရေးခေါင်းဆောင် နုတ်ထွက်

Photo: ယူကရိန်း သူပုန်တပ်ဖွဲ့၏ စစ်ရေးခေါင်းဆောင် နုတ်ထွက်
Saturday, August 16, 2014

ယူကရိန်းစစ်တပ်က အသာစီးရနေပြီး သူပုန်များ၏ ရုရှားဘက်မှ ထောက်ပို့ရေး လမ်းကြောင်းတစ်ခုကိုပင် သိမ်းထားလိုက်နိုင်သော အခြေအနေတွင် သူပုန်တပ်ဖွဲ့မှ ခေါင်းဆောင်ဖြစ်သူက ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရှေ့တန်းစစ်မျက်နှာနှင့် နီးသော နေရာများအထိ ရုရှားဘက်မှ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးဟု အမည်တပ်ထားသော ယာဉ်တန်း ဝင်ရောက်လာချိန်တွင် ယူကရိန်းအစိုးရ တပ်များ၏ ထိုးစစ်များကလည်း ရှေ့ကို တိုးလာခဲ့ခြင်း ဖြစ်သည်။

လေးလကြာ တိုက်ခိုက်မှုများ ဖြစ်လျက်ရှိကာ လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ရပြီး ပြည်သူပေါင်းများစွာ ရေမီးပြတ်တောက်ပြီး နေထိုင်ရလျက် ရှိသော အခြေအနေတွင် ခွဲထွက်ရေး စစ်ခေါင်းဆောင် နုတ်ထွက်ခဲ့ခြင်းက စစ်ရေးအရ ကျဆုံးမှုဘက်သို့ ဦးတည်နေသည်ကို ပြလျက်ရှိသည်။

သူပုန်တပ်ဖွဲ့၏ စစ်ခေါင်းဆောင် အိုင်ဂေါစတာရယ်ကော့ဗ်က ဒဏ်ရာ အခြေအနေကြောင့် နုတ်ထွက်သွားခဲ့ကြောင်း အဓိက သူပုန်နယ်မြေ လူဂန်စ်က်တွင် အခြေစိုက်သည့် ဒုတိယစစ်ခေါင်းဆောင် ဗယ်လာရီဘိုလိုတော့ဗ်က ရုရှားရုပ်သံလိုင်း တစ်ခုကို ပြောကြားခဲ့သည်။

သူပုန်အဓိကနေရာ လူဂန်စ်က်နယ်မြေကို လုံးဝ ဝိုင်းရံပြီးဖြစ်ကာ ရုရှားနယ်စပ်ဘက်မှ ဝင်မည့် လမ်းကြောင်းများကိုလည်း ပိတ်ထားခဲ့ပြီး ဖြစ်သည်ဟု ယူကရိန်း စစ်တပ်က ဆိုထားသည်။

ရုရှားသည် ယူကရိန်း သူပုန်များကို လက်နက်များ ထောက်ပံ့လျက် ရှိသည်ဟု ယူကရိန်းအစိုးရက ယုံကြည်ထားပြီး ရုရှားကလည်း ယင်းကိစ္စကို အကြိမ်ကြိမ် ငြင်းဆန်ထားခဲ့သည်။

လူဂန်စ်က်နယ်မြေနှင့် ဒွန်နက်စ်တို့ကို လက်နက်ကြီးများဖြင့် ယူကရိန်းက ဆက်တိုက် ပစ်ခတ်လျက်ရှိကာ ၂၅ ဦး ကျော် သေဆုံးသွားခဲ့ပြီး ယူကရိန်း စစ်တပ်ဘက်မှလည်း ကိုးဦး ကျဆုံးသွားခဲ့ကာ ၁၈ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။

ယင်းဒေသများရှိ လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေများ အလွန်ဆိုးဝါးနေလျက် ရှိခြင်းကြောင့် အမြန်ဆုံး အပစ်အခတ်ရပ်စဲရန် လိုအပ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်ဖက်လုံးကို တိုက်တွန်းပြောကြားခဲ့သည်။

အဖြူရောင် တာပေါ်လင်စများဖြင့် အုပ်ထားသော လော်ရီကားအစီး ၃၀၀ ဖြင့် ရုရှား၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ယာဉ်တန်းဟု ဆိုမည့် ကားများက နယ်စပ်မြို့တစ်မြို့ အနီးတွင် ရပ်တန့်ထားကြောင်း ရုရှားမီဒီယာများက သတင်းထုတ်ပြန်ထားသည်။

ရုရှားလော်ရီကား ယာဉ်တန်းတွင် ဆေးဝါးများ၊ ကလေးအစားအစာများ၊ အိပ်ရာများနှင့် မီးစက်များ တန်ချိန် ၁၈၀၀ ကျော်ခန့် ပါလာသည်ဟု ရုရှားဘက်က သတင်းထုတ်ပြန်ထားပြီး ယူကရိန်းက ယင်းယာဉ်တန်းကို ဝင်ခွင့်ပြုမည် ဆိုပါက နယ်စပ်တွင် နိုင်ငံတကာကြက်ခြေနီ အဖွဲ့အစည်းနှင့် ယူကရိန်း နယ်ခြားစောင့်တပ်များ၏ စစ်ဆေးမှုကို ခံယူရမည်ဟု ယူကရိန်းသမ္မတ ပီတရိုပိုရိုရှန်ကိုက ပြောဆိုထားသည်။

The Voice Weekly
ယူကရိန်းစစ်တပ်က အသာစီးရနေပြီး သူပုန်များ၏ ရုရှားဘက်မှ ထောက်ပို့ရေး လမ်းကြောင်းတစ်ခုကိုပင် သိမ်းထားလိုက်နိုင်သော အခြေအနေတွင် သူပုန်တပ်ဖွဲ့မှ ခေါင်းဆောင်ဖြစ်သူက ရာထူးမှ နုတ်ထွက်သွား ခဲ့ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရှေ့တန်းစစ်မျက်နှာနှင့် နီးသော နေရာများအထိ ရုရှားဘက်မှ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေး ရေးဟု အမည်တပ်ထားသော ယာဉ်တန်း ဝင်ရောက်လာချိန်တွင် ယူကရိန်းအစိုးရ တပ်များ၏ ထိုးစစ်များ ကလည်း ရှေ့ကို တိုးလာခဲ့ခြင်း ဖြစ်သည်။

လေးလကြာ တိုက်ခိုက်မှုများ ဖြစ်လျက်ရှိကာ လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ရပြီး ပြည်သူပေါင်းများစွာ ရေမီးပြတ်တောက်ပြီး နေထိုင်ရလျက်ရှိသော အခြေအနေတွင် ခွဲထွက်ရေး စစ်ခေါင်းဆောင် နုတ်ထွက် ခဲ့ခြင်း က စစ်ရေးအရ ကျဆုံးမှုဘက်သို့ ဦးတည်နေသည်ကို ပြလျက်ရှိသည်။

သူပုန်တပ်ဖွဲ့၏ စစ်ခေါင်းဆောင် အိုင်ဂေါစတာရယ်ကော့ဗ်က ဒဏ်ရာ အခြေအနေကြောင့် နုတ်ထွက် သွားခဲ့ကြောင်း အဓိက သူပုန်နယ်မြေ လူဂန်စ်က်တွင် အခြေစိုက်သည့် ဒုတိယစစ်ခေါင်းဆောင် ဗယ်လာရီဘိုလိုတော့ဗ် က ရုရှားရုပ်သံလိုင်း တစ်ခုကို ပြောကြားခဲ့သည်။

သူပုန်အဓိကနေရာ လူဂန်စ်က်နယ်မြေကို လုံးဝဝိုင်းရံပြီးဖြစ်ကာ ရုရှားနယ်စပ်ဘက်မှ ဝင်မည့် လမ်းကြောင်း များကိုလည်း ပိတ်ထားခဲ့ပြီး ဖြစ်သည်ဟု ယူကရိန်း စစ်တပ်က ဆိုထားသည်။

ရုရှားသည် ယူကရိန်း သူပုန်များကို လက်နက်များ ထောက်ပံ့လျက် ရှိသည်ဟု ယူကရိန်းအစိုးရက ယုံကြည် ထားပြီး ရုရှားကလည်း ယင်းကိစ္စကို အကြိမ်ကြိမ် ငြင်းဆန်ထားခဲ့သည်။

လူဂန်စ်က်နယ်မြေနှင့် ဒွန်နက်စ်တို့ကို လက်နက်ကြီးများဖြင့် ယူကရိန်းက ဆက်တိုက် ပစ်ခတ်လျက်ရှိကာ ၂၅ ဦး ကျော် သေဆုံးသွားခဲ့ပြီး ယူကရိန်း စစ်တပ်ဘက်မှလည်း ကိုးဦး ကျဆုံးသွားခဲ့ကာ ၁၈ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။

ယင်းဒေသများရှိ လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေများ အလွန်ဆိုးဝါးနေလျက် ရှိခြင်းကြောင့် အမြန်ဆုံး အပစ်အခတ်ရပ်စဲရန် လိုအပ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်ဖက်လုံးကို တိုက်တွန်း ပြောကြားခဲ့သည်။

အဖြူရောင် တာပေါ်လင်စများဖြင့် အုပ်ထားသော လော်ရီကားအစီး ၃၀၀ ဖြင့် ရုရှား၏ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေး ယာဉ်တန်းဟု ဆိုမည့် ကားများက နယ်စပ်မြို့တစ်မြို့ အနီးတွင် ရပ်တန့် ထားကြောင်း ရုရှားမီဒီယာများက သတင်းထုတ်ပြန်ထားသည်။

ရုရှားလော်ရီကား ယာဉ်တန်းတွင် ဆေးဝါးများ၊ ကလေးအစားအစာများ၊ အိပ်ရာများနှင့် မီးစက်များ တန်ချိန် ၁၈၀၀ ကျော်ခန့် ပါလာသည်ဟု ရုရှားဘက်က သတင်းထုတ်ပြန်ထားပြီး ယူကရိန်းက ယင်းယာဉ်တန်းကို ဝင်ခွင့်ပြုမည် ဆိုပါက နယ်စပ်တွင် နိုင်ငံတကာကြက်ခြေနီ အဖွဲ့အစည်းနှင့် ယူကရိန်း နယ်ခြားစောင့် တပ်များ၏ စစ်ဆေးမှုကို ခံယူရမည်ဟု ယူကရိန်းသမ္မတ ပီတရိုပိုရိုရှန်ကိုက ပြောဆိုထားသည်။

The Voice Weekly 

No comments:

Post a Comment