Saturday 16 August 2014

ဗိုလ်ချုပ်အောင်ဆန်းအတ္တုပ္ပတိ္တရုပ်ရှင်ကို ကြိုဆိုပါသည်

Photo: ဗိုလ်ချုပ်အောင်ဆန်းအတ္တုပ္ပတိ္တရုပ်ရှင်ကို ကြိုဆိုပါသည်
Saturday, August 16, 2014 

မြန်မာပြည်သူပြည်သားအားလုံးက စိတ်ဝင်တစားဖြစ်နေသော ဗိုလ်ချုပ် အောင်ဆန်းအတ္တူပ္ပတိ္တရုပ်ရှင်ဇာတ်ကား ကြီးကို ရိုက်ကူးတော့မည်ဆိုသောသတင်း ကို ကြားသိရသောအခါ ၀မ်းသာကြည်နူး ရပါသည်။ ဟောလီဝုဒ်၌ ရုပ်ရှင်အကယ် ဒမီဆုများရရှိခဲ့သော အိနိ္ဒယခေါင်းဆောင် မျိုးချစ်ပုဂ်္ဂိုလ်ကြီး “မဟတ္တမဂနီ်္ဓရုပ်ရှင်ကား ကြီးထွက်ပေါ်လာခဲ့စဉ်ကလည်းကောင်း၊ အိနိ္ဒယနိုင်ငံမှရိုက်ကူးသော “ချန်ဒရာဘို့” ရုပ်ရှင်ကားကြီးထွက်ပေါ်လာစဉ်ကလည်း ကောင်း၊ ကျူးဘားတော်လှန်ရေးသမား ကြီး “ချီဗွေဗားရား”ရုပ်ရှင်ကားကြီးကို ကြည့်ခဲ့ရစဉ်ကလည်းကောင်း အံ့သြခြင်း များစွာဖြစ်ခဲ့ရသည်။
ယခုလွတ်လပ်ရေး၏ ဖခင်၊ အမျိုး သားခေါင်းဆောင်ကြီး၊ ပြည်သူများ၏ ရင်တွင်းက ဘယ်တော့မှမေ့ဖျောက်၍ မရသော အသည်းနှလုံးဟုဆိုရမည့် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္တူပ္ပတိ္တဇာတ် ကား မြန်မာနိုင်ငံတွင်ရိုက်ကူးပြသလျှင် အဘယ်မျှကောင်းလိုက်လေမည်နည်းဟု တွေးခဲ့ဖူးသည်။  

ယခုမြန်မာနိုင်ငံမှရုပ်ရှင် ပညာရှင်များက ဗိုလ်ချုပ်အောင်ဆန်း အတ္တူပ္ပတိ္တရုပ်ရှင်ဇာတ်ကားကိုရိုက်ကူး တော့မည်ဟု သိရသောအခါ ရင်ထဲမှ ဆန်္ဒများပြည့်ဝတော့မှာပါလားဆိုသည့် အတွေးဖြင့်ပျော်နေမိသည်။
ကျွန်တော်ငယ်စဉ်က ဦးလေး(အဒေါ် ၏ ယောက်ျား)က သုံးဆယ်မြို့မှ ရှိန်ရုပ် ရှင်ရုံ (ယခုရတနာဝင်းအဆင့်မြင့်ရုပ်ရှင် ရုံ)၏ မန်နေဂျာဖြစ်သဖြင့် ရုပ်ရှင်တစ် ကားကို တစ်ခါက မကကြည့်ခဲ့သူဖြစ်၍ ရုပ်ရှင်ကိုနှစ်ခြိုက်သည်။ စာရေးဆရာ ဖြစ်လာသောအခါ ရုပ်ရှင်ဆရာသမား များထံမှ ရုပ်ရှင်ဇာတ်ညွှန်းရေးနည်းပညာ ကိုသင်ယူခဲ့သည်။ သည်တော့ရုပ်ရှင်နှင့် ပတ်သက်ပြီး မစိမ်းဟုဆိုရပါမည်။ ကျွန်တော်ရေးခဲ့သည့်ဝတ္တူတိုများကိုဗီဒီယို ဇာတ်ကားများရိုက်ကူးခဲ့ရသည်များလည်း ရှိခဲ့သည်။ ၀တ္တူတစ်ပုဒ်ကို ဗီဒီယိုဇာတ် လမ်းရိုက်ကူးလိုက်သည့်အခါ မူလဇာတ် လမ်းအားကောင်းသွားခြင်း၊ အားနည်း သွားခြင်းကို ဝေဖန်သုံးသပ်တတ်လာပါ သည်။ 

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကားကြီး ရိုက်ကူးတော့မည်ဟုကြားသိရသောအခါ ကျွန်တော့်ရင်ထဲတွင် ခံစားနေသောဆန္ဒ များကို အနည်းငယ်မျှလောက်သောရုပ် ရှင်ပညာလေးဖြင့် ဖြည့်စွမ်းပေးချင်မိ သည်။ ပညာရှင်ကြီးများအနေဖြင့် စာနာ ခွင့်လွှတ်ပေးစေချင်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ရုပ်ရှင် ဆက်စပ်ခဲ့ဖူးသည်ကို စာအုပ်တစ်အုပ်ထဲ တွင် ဖတ်ဖူးပါသည်။ ဗိုလ်ချုပ်အောင်ဆန်း သည်လည်း ရုပ်ရှင်ချစ်သူတစ်ဦးဖြစ် ကြောင်း သိခဲ့ရသည်။ ဗိုလ်ချုပ်အောင် ဆန်း၏ အတ္တူပ္ပတိ္တစာအုပ်တစ်အုပ်ထဲ၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အပါးတော်မြဲ ဗိုလ်ထွန်းမှ (စာရေးဆရာတက္ကသိုလ် နေ၀င်း၊ ရုပ်ရှင်သရုပ်ဆောင်လည်းလုပ်ခဲ့ သူ)တို့ အပန်းဖြေရုပ်ရှင်ကြည့်ခဲ့ပုံကို ဖတ် ခဲ့ရသည်။
စစ်အတွင်းက ရုပ်ရှင်ပညာရှင်များ ရုပ်ရှင်မရိုက်ရသောကြောင့် ပြဇာတ်များ ကပြခဲ့ရာ မြိုင်ရုံတွင်တင်ဆက်ကပြခဲ့သော ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ “တကယ့် စစ်သား”ပြဇာတ်ကို ဗိုလ်ချုပ်အောင်ဆန်း က လာရောက်ကြည့်ရှုပြီးသဘောကျနေ ပုံကို ဖတ်ခဲ့ရဖူးသည်။ နှစ်ဆယ့်ငါးနှစ် မြောက်(ငွေရတု)မြန်မာနိုင်ငံရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးကြီးဖွင့်ပွဲသို့ ဗိုလ်ချုပ် အောင်ဆန်းက လာရောက်၍ဖွင့်လှစ်ပေး ခဲ့ပုံကို သမိုင်းမှတ်တမ်းဓာတ်ပုံများတွင် မြင်တွေ့ဖူးပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်စဉ် ဘ၀သည် ထူးခြားလှသည်။ နတ်မောက် မြို့ဖွားဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘ၀ကိုစတင်ပြသရမည့်ပြကွက်ဖြစ် သည်။ဗိုလ်ချုပ်အောင်ဆန်းသည်ငယ်စဉ် ကတည်းကပင် အမှန်ကိုမြတ်နိုးသူ၊ ကြိုး စားထက်မြက်သူ၊လူသားချင်းစာနာသနား တတ်သူ၊ စစ်တိုက်တန်းကစားရသည်ကို ၀ါသနာထုံသူဖြစ်ရာရုပ်ရှင်အနေနှင့် သရုပ်ဖော်ရိုက်ပြရန်အလွန်ကောင်းသော ပြကွက်များဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းအတ္တူပ္ပတိ္တရုပ်ရှင် ဇာတ်ကားကြီးသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနောက်ခံဖြစ်ရပ်များဖြစ် လေရာ ဗိုလ်ချုပ်အောင်ဆန်း၏စွန့်လွှတ် စွန့်စားခဲ့ရပုံများ၊ ဗိုလ်ချုပ်နှင့်အတူ ထို ခေတ်၊ ထိုအခါက သက်ရှိထင်ရှားရှိခဲ့သူ များ၏ ရုပ်ပုံလွှာများသည်ဝတ္တူဇာတ် လမ်းထဲမှ ဇာတ်ကောင်များမဟုတ်ကြ (သမိုင်းကြောင်းထဲမှာ အမှန်လှုပ်ရှားခဲ့ကြ သူများ)သောကြောင့် သရုပ်ဆောင်များ ကို တကယ်ဖြစ်ရပ်နှင့်တစ်ထပ်တည်းကျ စေရန်လိုပါသည်။(ဆရာလုပ်ခြင်းမဟုတ် ပါ)မြန်မာရုပ်ရှင်လောက၌ ထင်ရှား ကျော်ကြားခဲ့သော ရုပ်ရှင်ဒါရိုက်တာကြီး ရွှေဒုံးဘီအောင်သည် စစ်မဖြစ်မီကာလ က ဗြိတိသျှဘားမားရုပ်ရှင်ကုမ္ပဏီမှ “စစ် သူကြီး မဟာဗန္ဓူလ”ရုပ်ရှင်ကားကိုရိုက်ကူး ရန်ကြိုးစားခဲ့ပါသည်။ သို့သော် စစ်ကြီး ဖြစ်လာသဖြင့် အကောင်အထည်မဖော် နိုင်တော့ချေ။
စစ်သူကြီးမဟာဗန်္ဓုလသည် မြန်မာ လူမျိုးများအတွက် အတုယူစရာ၊ ဂုဏ်ယူ စရာ မြန်မာစစ်သူကြီးတစ်ဦးဖြစ်ပါသည်။ နယ်ချဲ့တို့ကပင် လေးစားခဲ့ရသော မြန်မာ သူရဲကောင်းဖြစ်သည်။ သို့သော်စစ်သူကြီး မဟာဗန္ဓူလကို သိမှီလိုက်သူမရှိသဖြင့် အလှမ်းဝေးလှသည်ဟုဆိုရပါမည်။ 

ဗိုလ်ချုပ်အောင်ဆန်းကိုတော့ သိမှီ လိုက်သူတွေကများလှသည်။ ဗိုလ်ချုပ် အတ္တူပ္ပတိ္တစာအုပ်များ၊ သမိုင်းဝင်မှတ် တမ်းဓာတ်ပုံများ၊ မှတ်တမ်းရုပ်ရှင်မှ ပြန် လည်ကူးယူထားသည့် ဗိုလ်ချုပ်အောင် ဆန်း၏ လှုပ်ရှားမှုများရှိနေရာ ဗိုလ်ချုပ် အောင်ဆန်းနှင့် ပတ်သက်၍ မသိရသေး သော ဖြစ်ရပ်များကိုရုပ်ရှင်ဇာတ်လမ်းထဲ တွင် မြင်ချင်သိချင်နေကြသည်။ ဗိုလ်ချုပ် အောင်ဆန်းအတ်္ထုပ်္ပတိ္တရုပ်ရှင်ပေါ်ထွက် လာရေးကို ပြည်သူအားလုံးကမျှော်လင့် နေကြသည်။
ဗိုလ်ချုပ်အောင်ဆန်းကိုချစ်မြတ်နိုး သူတိုင်းက ဗိုလ်ချုပ်၏မြန်မာဆန်ခြင်းကို လေးစားကြသည်။ မိသားစုဘ၀ကိုအချိန် တို ကလေးသာရခဲ့သော ဗိုလ်ချုပ်ဘ၀ တွင် ကြည်နူးစရာလေးများရှိခဲ့သည်။ အထူးသဖြင့် ဇနီးဖြစ်သူကို စာတိုကလေး ရေးပြီး “ကြည်ရေ ပဲပြုတ်နဲ့ နံပြားစားချင် တယ်”ဟု ပြောခဲ့ပုံမှာ အမျိုးသားခေါင်း ဆောင်တစ်ဦး၏ ချစ်စရာကောင်းသော စိတ်ဓာတ်ကိုပြသနိုင်သောပြကွက်လေး ဖြစ်နေသည်။
ဗိုလ်ချုပ်အောင်ဆန်းအတ္တူပ္ပတိ္တဇာတ် ကားသည် သမိုင်းနောက်ခံကျယ်ဝန်း သောကြောင့် နိုင်ငံတော်အစိုးရ၏ပံ့ပိုး ကူညီမှုကလည်း အမှန်ပင်လိုအပ်ကြောင်း ယူဆမိပါသည်။ ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတိ္တရုပ်ရှင်၌ ဗိုလ်ချုပ်ပြတိုက်အဖြစ် လုပ်ထားသော အိမ်သည်လည်း ရိုက်ကူး ရမည့်ဇာတ်ဝင်အိမ်ဖြစ်နေသည်။ ယခင် အတိုင်းရှိအောင်ထိန်းသိမ်းထားသည်ကို ကျေးဇူးတင်မိသည်။ ထိုအိမ်တွင် ဗိုလ်ချုပ် တို့ မိသားစု၏ဘ၀ကိုအသေးစိပ်ရိုက်ကူး ပြသရမည်ဖြစ်သည်။ သားအလတ် အောင်ဆန်းလင်းရေနစ်သေဆုံးသွားသော အခါ အမျိုးသားခေါင်းဆောင်ကြီး၏ ကြေကွဲနေပုံကို ရင်နင့်ဖွယ်ဖြစ်အောင် ပြသရမည့်ပြကွက်ဟု ဆိုချင်သည်။ 

နိုင်ငံတကာအဆင့်မီရုပ်ရှင်ဇာတ် ကားကြီးဖြစ်ရန် ကြိုးပမ်းကြမည်ဆိုပါ လျှင် မိတ်ကပ်အထူးကျွမ်းကျင်သော ပညာရှင်များ၊ ကွန်ပျူတာအထူးပြုလုပ် ချက်ကို ဖန်တီးပေးနိုင်သောပြည်တွင်း ပြည်ပပညာရှင်များလိုအပ်ပါသည်။
သမိုင်းနောက်ခံကျယ်ပြန့်သော ဗိုလ်ချုပ်အောင်ဆန်းအတ္တုပ္ပတိ္တရုပ်ရှင်ကို ဖန်တီးရိုက်ကူးကြရာတွင် ရသလည်း မြောက်ရပါမည်။ အားမာန်လည်းပါရပါ မည်။ ဇာတ်ကောင်များက သမိုင်းဖြစ်ရပ် များကို ဖော်ကြူးကြမည်ဖြစ်ရာ သရုပ် ဆောင်များ၏ သရုပ်ဆောင်မှုများပီပြင် စေရန် အချိန်ယူ၍စနစ်တကျသင်ကြား ပေးရန်လိုအပ်လှပါကြောင်း တင်ပြရင်း ဗိုလ်ချုပ်အောင်ဆန်းအတ်္ထုပ်္ပတိ္တရုပ်ရှင် ဇာတ်ကားကြီးကို လွမ်းမောစွာကြိုဆိုလိုက် ရပါသတည်း။        

မန္တလာမျိုးနွယ်
Hot News Journal
မြန်မာပြည်သူပြည်သားအားလုံးက စိတ်ဝင်တစားဖြစ်နေသော ဗိုလ်ချုပ် အောင်ဆန်းအတ္တူပ္ပတိ္တရုပ်ရှင် ဇာတ်ကား ကြီးကို ရိုက်ကူးတော့မည်ဆိုသောသတင်း ကို ကြားသိရသောအခါ ၀မ်းသာကြည်နူး ရပါသည်။ ဟောလီဝုဒ်၌ ရုပ်ရှင်အကယ် ဒမီဆုများရရှိခဲ့သော အိနိ္ဒယခေါင်းဆောင် မျိုးချစ်ပုဂ်္ဂိုလ်ကြီး “မဟတ္တမဂနီ်္ဓ ရုပ်ရှင်ကား ကြီးထွက်ပေါ်လာခဲ့စဉ်ကလည်းကောင်း၊ အိနိ္ဒယနိုင်ငံမှရိုက်ကူးသော “ချန်ဒရာဘို့” ရုပ်ရှင်ကားကြီး ထွက်ပေါ်လာစဉ်ကလည်း ကောင်း၊ ကျူးဘားတော်လှန်ရေးသမား ကြီး “ချီဗွေဗားရား”ရုပ်ရှင် ကားကြီး ကို ကြည့်ခဲ့ရစဉ်ကလည်းကောင်း အံ့သြခြင်း များစွာဖြစ်ခဲ့ရသည်။
ယခုလွတ်လပ်ရေး၏ ဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး၊ ပြည်သူများ၏ ရင်တွင်းက ဘယ်တော့မှ မေ့ဖျောက် ၍ မရသော အသည်းနှလုံးဟုဆိုရမည့် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္တူပ္ပတိ္တဇာတ်ကား မြန်မာနိုင်ငံတွင် ရိုက်ကူးပြသလျှင် အဘယ်မျှကောင်းလိုက်လေမည်နည်းဟု တွေးခဲ့ဖူးသည်။ 

ယခုမြန်မာနိုင်ငံမှရုပ်ရှင် ပညာရှင်များက ဗိုလ်ချုပ်အောင်ဆန်း အတ္တူပ္ပတိ္တရုပ်ရှင်ဇာတ်ကားကိုရိုက်ကူး တော့မည်ဟု သိရသောအခါ ရင်ထဲမှ ဆန်္ဒများပြည့်ဝတော့မှာပါလားဆိုသည့် အတွေးဖြင့်ပျော်နေမိသည်။
ကျွန်တော်ငယ်စဉ်က ဦးလေး(အဒေါ် ၏ ယောက်ျား)က သုံးဆယ်မြို့မှ ရှိန်ရုပ် ရှင်ရုံ (ယခုရတနာဝင်း အဆင့်မြင့်ရုပ်ရှင် ရုံ)၏ မန်နေဂျာဖြစ်သဖြင့် ရုပ်ရှင်တစ် ကားကို တစ်ခါက မကကြည့်ခဲ့သူဖြစ်၍ ရုပ်ရှင်ကို နှစ်ခြိုက်သည်။ စာရေးဆရာ ဖြစ်လာသောအခါ ရုပ်ရှင်ဆရာသမား များထံမှ ရုပ်ရှင်ဇာတ်ညွှန်းရေး နည်းပညာ ကိုသင်ယူခဲ့သည်။ သည်တော့ရုပ်ရှင်နှင့် ပတ်သက်ပြီး မစိမ်းဟုဆိုရပါမည်။ ကျွန်တော်ရေး ခဲ့သည့် ၀တ္တူတိုများကိုဗီဒီယို ဇာတ်ကားများရိုက်ကူးခဲ့ရသည်များလည်း ရှိခဲ့သည်။ ၀တ္တူတစ်ပုဒ်ကို ဗီဒီယိုဇာတ် လမ်းရိုက်ကူးလိုက်သည့်အခါ မူလဇာတ် လမ်းအားကောင်းသွားခြင်း၊ အားနည်း သွားခြင်းကို ဝေဖန်သုံးသပ်တတ်လာပါ သည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကားကြီး ရိုက်ကူးတော့မည်ဟုကြားသိရသောအခါ ကျွန်တော့်ရင်ထဲတွင် ခံစားနေ သော ဆန္ဒ များကို အနည်းငယ်မျှလောက်သောရုပ် ရှင်ပညာလေးဖြင့် ဖြည့်စွမ်းပေးချင်မိ သည်။ ပညာရှင်ကြီးများအနေဖြင့် စာနာ ခွင့်လွှတ်ပေးစေချင်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ရုပ်ရှင် ဆက်စပ်ခဲ့ဖူးသည်ကို စာအုပ်တစ်အုပ်ထဲ တွင် ဖတ်ဖူးပါသည်။ ဗိုလ်ချုပ်အောင်ဆန်း သည်လည်း ရုပ်ရှင်ချစ်သူတစ်ဦးဖြစ် ကြောင်း သိခဲ့ရသည်။ ဗိုလ်ချုပ်အောင် ဆန်း၏ အတ္တူပ္ပတိ္တစာအုပ်တစ်အုပ်ထဲ၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အပါးတော်မြဲ ဗိုလ်ထွန်းမှ (စာရေးဆရာတက္ကသိုလ် နေ၀င်း၊ ရုပ်ရှင်သရုပ်ဆောင်လည်းလုပ်ခဲ့ သူ)တို့ အပန်းဖြေရုပ်ရှင်ကြည့်ခဲ့ပုံကို ဖတ် ခဲ့ရသည်။

စစ်အတွင်းက ရုပ်ရှင်ပညာရှင်များ ရုပ်ရှင်မရိုက်ရသောကြောင့် ပြဇာတ်များ ကပြခဲ့ရာ မြိုင်ရုံတွင်တင်ဆက် ကပြခဲ့သော ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ “တကယ့် စစ်သား”ပြဇာတ်ကို ဗိုလ်ချုပ်အောင်ဆန်း က လာရောက်ကြည့်ရှုပြီးသဘောကျနေ ပုံကို ဖတ်ခဲ့ရဖူးသည်။ နှစ်ဆယ့်ငါးနှစ် မြောက်(ငွေရတု)မြန်မာနိုင်ငံ ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးကြီးဖွင့်ပွဲသို့ ဗိုလ်ချုပ် အောင်ဆန်းက လာရောက်၍ဖွင့်လှစ်ပေး ခဲ့ပုံကို သမိုင်းမှတ်တမ်းဓာတ်ပုံများတွင် မြင်တွေ့ဖူးပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်စဉ် ဘ၀သည် ထူးခြားလှသည်။ နတ်မောက် မြို့ဖွားဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်း ၏ ငယ်ဘ၀ကိုစတင်ပြသရမည့်ပြကွက်ဖြစ် သည်။ဗိုလ်ချုပ်အောင်ဆန်းသည်ငယ်စဉ် ကတည်းကပင် အမှန်ကိုမြတ်နိုးသူ၊ ကြိုး စားထက်မြက်သူ၊လူသားချင်းစာနာသနား တတ်သူ၊ စစ်တိုက်တန်းကစားရသည်ကို ၀ါသနာထုံသူဖြစ်ရာရုပ်ရှင်အနေနှင့် သရုပ်ဖော်ရိုက်ပြရန်အလွန်ကောင်းသော ပြကွက်များဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းအတ္တူပ္ပတိ္တရုပ်ရှင် ဇာတ်ကားကြီးသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနောက်ခံ ဖြစ်ရပ်များဖြစ် လေရာ ဗိုလ်ချုပ်အောင်ဆန်း၏စွန့်လွှတ် စွန့်စားခဲ့ရပုံများ၊ ဗိုလ်ချုပ်နှင့်အတူ ထို ခေတ်၊ ထိုအခါက သက်ရှိထင်ရှားရှိခဲ့သူများ၏ ရုပ်ပုံလွှာများသည်ဝတ္တူဇာတ် လမ်းထဲမှ ဇာတ်ကောင်များ မဟုတ်ကြ (သမိုင်းကြောင်းထဲမှာ အမှန်လှုပ်ရှားခဲ့ကြ သူများ)သောကြောင့် သရုပ်ဆောင်များကို တကယ်ဖြစ် ရပ်နှင့် တစ်ထပ်တည်းကျ စေရန်လိုပါသည်။(ဆရာလုပ်ခြင်းမဟုတ် ပါ)မြန်မာရုပ်ရှင်လောက၌ ထင်ရှား ကျော်ကြားခဲ့သော ရုပ်ရှင်ဒါရိုက်တာကြီး ရွှေဒုံးဘီအောင်သည် စစ်မဖြစ်မီကာလ က ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီမှ “စစ် သူကြီး မဟာဗန္ဓူလ”ရုပ်ရှင်ကားကိုရိုက်ကူး ရန်ကြိုးစားခဲ့ပါသည်။ သို့သော် စစ်ကြီး ဖြစ်လာ သဖြင့် အကောင်အထည်မဖော် နိုင်တော့ချေ။

စစ်သူကြီးမဟာဗန်္ဓုလသည် မြန်မာ လူမျိုးများအတွက် အတုယူစရာ၊ ဂုဏ်ယူ စရာ မြန်မာစစ်သူကြီး တစ်ဦးဖြစ် ပါသည်။ နယ်ချဲ့တို့ကပင် လေးစားခဲ့ရသော မြန်မာ သူရဲကောင်းဖြစ်သည်။ သို့သော်စစ်သူကြီး မဟာဗန္ဓူလကို သိမှီလိုက်သူမရှိသဖြင့် အလှမ်းဝေးလှသည်ဟုဆိုရပါမည်။

ဗိုလ်ချုပ်အောင်ဆန်းကိုတော့ သိမှီ လိုက်သူတွေကများလှသည်။ ဗိုလ်ချုပ် အတ္တူပ္ပတိ္တစာအုပ်များ၊ သမိုင်းဝင်မှတ် တမ်းဓာတ်ပုံများ၊ မှတ်တမ်းရုပ်ရှင်မှ ပြန် လည်ကူးယူထားသည့် ဗိုလ်ချုပ်အောင် ဆန်း၏ လှုပ်ရှားမှုများရှိနေရာ ဗိုလ်ချုပ် အောင်ဆန်းနှင့် ပတ်သက်၍ မသိရသေး သော ဖြစ်ရပ်များကို ရုပ်ရှင်ဇာတ်လမ်းထဲ တွင် မြင်ချင်သိချင်နေကြသည်။ ဗိုလ်ချုပ် အောင်ဆန်းအတ်္ထုပ်္ပတိ္တရုပ်ရှင်ပေါ်ထွက် လာရေးကို ပြည်သူအားလုံးကမျှော်လင့် နေကြသည်။

ဗိုလ်ချုပ်အောင်ဆန်းကိုချစ်မြတ်နိုး သူတိုင်းက ဗိုလ်ချုပ်၏မြန်မာဆန်ခြင်းကို လေးစားကြသည်။ မိသားစုဘ၀ကိုအချိန် တို ကလေးသာရခဲ့သော ဗိုလ်ချုပ်ဘ၀ တွင် ကြည်နူးစရာလေးများရှိခဲ့သည်။ အထူးသဖြင့် ဇနီးဖြစ်သူကို စာတိုကလေး ရေးပြီး “ကြည်ရေ ပဲပြုတ်နဲ့ နံပြားစားချင် တယ်”ဟု ပြောခဲ့ပုံမှာ အမျိုးသားခေါင်း ဆောင်တစ်ဦး၏ ချစ်စရာကောင်းသော စိတ်ဓာတ်ကိုပြသနိုင်သောပြကွက်လေး ဖြစ်နေသည်။

ဗိုလ်ချုပ်အောင်ဆန်းအတ္တူပ္ပတိ္တဇာတ် ကားသည် သမိုင်းနောက်ခံကျယ်ဝန်း သောကြောင့် နိုင်ငံတော်အစိုးရ၏ပံ့ပိုး ကူညီမှုကလည်း အမှန်ပင်လိုအပ်ကြောင်း ယူဆမိပါသည်။ ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတိ္တ ရုပ်ရှင်၌ ဗိုလ်ချုပ်ပြတိုက်အဖြစ် လုပ်ထားသော အိမ်သည်လည်း ရိုက်ကူး ရမည့်ဇာတ်ဝင် အိမ်ဖြစ်နေသည်။ ယခင် အတိုင်းရှိအောင်ထိန်းသိမ်းထားသည်ကို ကျေးဇူးတင်မိသည်။ ထိုအိမ်တွင် ဗိုလ်ချုပ် တို့ မိသားစု၏ ဘ၀ကိုအသေးစိပ်ရိုက်ကူး ပြသရမည်ဖြစ်သည်။ သားအလတ် အောင်ဆန်းလင်း ရေနစ်သေဆုံးသွားသောအခါ အမျိုးသားခေါင်းဆောင်ကြီး၏ ကြေကွဲနေပုံကို ရင်နင့်ဖွယ်ဖြစ်အောင် ပြသရမည့် ပြကွက် ဟု ဆိုချင်သည်။

နိုင်ငံတကာအဆင့်မီရုပ်ရှင်ဇာတ် ကားကြီးဖြစ်ရန် ကြိုးပမ်းကြမည်ဆိုပါ လျှင် မိတ်ကပ်အထူးကျွမ်းကျင်သော ပညာရှင်များ၊ ကွန်ပျူတာအထူးပြုလုပ် ချက်ကို ဖန်တီးပေးနိုင်သောပြည်တွင်း ပြည်ပပညာရှင်များ လိုအပ်ပါသည်။

သမိုင်းနောက်ခံကျယ်ပြန့်သော ဗိုလ်ချုပ်အောင်ဆန်းအတ္တုပ္ပတိ္တရုပ်ရှင်ကို ဖန်တီးရိုက်ကူးကြရာတွင် ရသလည်း မြောက်ရပါမည်။ အားမာန်လည်းပါရပါ မည်။ ဇာတ်ကောင်များက သမိုင်းဖြစ်ရပ် များကို ဖော်ကြူးကြမည်ဖြစ်ရာ သရုပ် ဆောင်များ၏ သရုပ်ဆောင်မှုများပီပြင် စေရန် အချိန်ယူ၍စနစ်တကျ သင်ကြား ပေးရန်လိုအပ်လှပါကြောင်း တင်ပြရင်း ဗိုလ်ချုပ်အောင်ဆန်းအတ်္ထုပ်္ပတိ္တရုပ်ရှင် ဇာတ်ကားကြီးကို လွမ်းမောစွာကြိုဆိုလိုက် ရပါသတည်း။       

မန္တလာမျိုးနွယ်
Hot News Journal 

No comments:

Post a Comment