Saturday 16 August 2014

ရဲနှင့်တောင်သူ ရုန်းရင်းဆန်ခတ်မှု နှစ်ဖက်ပြောကြားချက်များ ကွဲလွဲနေ

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေး ရွာတွင် တပ်သိမ်းမြေ ပြန်ရရေး ထွန်တုံးတိုက်ပွဲ ဆင်နွှဲသည့် ဒေသ ခံတောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှု နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် ဒေ သခံတောင်သူများကြား ပြောကြား ချက်များတွင် ကွဲလွဲမှုများ ရှိနေ သည်။

သြဂုတ်လ ၁၄ ရက်က ဖြစ် ပွားသော ရုန်းရင်းဆန်ခတ်မှုတွင် ဒေသခံတောင်သူ သုံးဦးနှင့် ရဲတပ် ဖွဲ့ဝင် ၁၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် ဒေသခံ တောင်သူများက ပြောသည်။

ထိုနေ့က ညောင်ဝန်းကျေး ရွာအလယ်တန်းကျောင်းအနီး ဘောလုံးကွင်းတွင် ထွန်တုံးတိုက် ပွဲ ဆင်နွှဲရန် တောင်သူ ၂၀ ခန့် စု ဝေးနေစဉ် ရဲတပ်ဖွဲ့ဝင် ၅၀ ခန့် ရောက်ရှိလာပြီး သေနတ်ပစ် ဖောက်ခဲ့ခြင်းဖြစ်ကြောင်း ညောင် ၀န်းရွာခံ တောင်သူများက ပြော ကြားသည်။

ရဲတပ်ဖွဲ့က ပြောကြားရာ တွင်မူ တပ်ဖွဲ့ဝင်များ ရောက်ရှိ သွားစဉ် စုဝေးနေသည့် ရွာသူရွာ သား ၂၀၀ ခန့်က တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်ခြင်း၊ ခဲ များ၊ လေးခွများဖြင့် ပစ်ပေါက်ကြ သဖြင့် လူအုပ်အား ဟန့်တားနိုင် ရန် ရိုင်ဖယ် M-16 သေနတ် ဆယ်ချက်ခန့် ပစ်ဖောက်ခဲ့စဉ် အမျိုးသမီးတစ်ဦး သေနတ်မှန် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်ဟု ဆို သည်။

လူစုကွဲစေရန် တိုက်ခန်း အဆောက်အအုံတွင် အကာအ ကွယ်ယူ၍ ဆောင်ရွက်နေစဉ် ရွာ သားများ၏ ရိုက်နှက်မှုကြောင့် ရဲ တပ်ဖွဲ့ဝင် ၁၄ ဦး ဒဏ်ရာရရှိခဲ့ကာတိုက်ခန်းအတွင်း ပိတ်မိနေခဲ့ပြီး ပြန်လည်ထွက်ခွာနိုင်ရန် ပစ်ခတ် ဖောက်ထွက်ပါက နှစ်ဖက်ထိခိုက် ဒဏ်ရာရ သေဆုံးမှုများ ရှိနိုင်၍ ကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်များ၏ ၀ိုင်းဝန်းဖျန်ဖြေ ပေးခဲ့သည်ဟု မန္တလေးတိုင်း ရဲ တပ်ဖွဲ့က ထုတ်ပြန်သည်။

စဥ့်ကူးမြို့နယ် ညောင်ဝန်း ကျေးရွာအနီး ငွေတောင်ပြင်ပ ကွင်းအမှတ် (၁၂၁) ထောက်ပို့ တပ် (မန္တလေး) မှ သိမ်းဆည်းပြီး ဂရိတ်ဝေါ ကုမ္ပဏီသို့ အငှားချ ထားသော မြေများတွင် ဇွန်လ ဆန်းမှ စတင်ကာ ညောင်ဝန်း ကျေးရွာ ဒေသခံတောင်သူများက ကျူးကျော်ထွန်ယက်မှု အကြိမ် ကြိမ် ပြုလုပ်ခဲ့ခြင်းကြောင့် လက်ပံ လှရဲစခန်းတွင် ပြစ်မှုပုဒ်မ ၄၄၇/ ၁၁၄ ဖြင့် ညောင်ဝန်းရွာမှ ဦးစိန် ဌေးနှင့် အဖွဲ့ကို အမှုဖွင့် တရား စွဲဆိုထားခဲ့သည်။ တရားစွဲခံရသူ များအား သုံးကြိမ်ဆင့်ခေါ်သော် လည်း လာရောက်မှုမရှိဘဲ ဆက် လက်ကျူးလွန်ထွန်ယက်နေသည့် အတွက် စဥ့်ကူးမြို့နယ် အုပ်ချုပ် ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင် ၄၀ ကျော် သွားရောက်တားမြစ်ရာမှ ရုန်းရင်းဆန်ခတ်မှုများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

‘‘ရဲတွေက လိုက်ထရပ်ကား နဲ့ ရောက်လာပြီး ရွာသားတွေကို သေနတ်တွေနဲ့ အတင်းဝင်ပစ် တာ။ မိုးပေါ်သေနတ်ထောင် ဖောက်တာရော၊ ရွာသားတွေကို ချိန်ပစ်တာရော သေနတ်အချက် ၃၀ ကျော် ပစ်ခတ်မှုတွေ လုပ် သွားတယ်။ ရွာက အိမ်တစ်အိမ် ကို မှန်တွေ ထုခွဲဝင်ရောက်ပြီး အဲ ဒီအိမ်ကို ခံတပ်သဘောမျိုး လုပ်၊ ရဲတွေက မှန်ကွဲပေါက်တွေထဲက နေ သေနတ်ပြောင်းတွေထုတ်ပြီး ရွာသားတွေကို ပစ်တာ။ သူပုန် ရွာကို ၀င်စီးသလိုပဲ’’ ဟု ညောင် ၀န်းကျေးရွာမှ တောင်သူ ဦးခင် မောင်ဌေးက ပြောသည်။

ရွာသားများဘက်က တုံ့ပြန် ပြောကြားရာတွင် ရွာသားတစ်ဦး သေနတ်မှန်ခံရပြီးချိန် အခြားသူ များကိုပါ ထိခိုက်မည်စိုးသည့်အ တွက် တောင်သူများက ပိုမိုစုဝေး အင်အားများလာပြီး ရဲတပ်ဖွဲ့ဝင် များအား လေးခွ၊ ခဲများဖြင့် ပြန် လည်ပစ်ပေါက်ခဲ့ခြင်းသာ ဖြစ် သည်ဟု ပြောသည်။

ညောင်ဝန်းကျေးရွာ ရွာဦး ဘုန်းတော်ကြီးကျောင်းတွင် ရဲ တပ်ဖွဲ့တာဝန်ရှိသူများနှင့် တောင် သူများ ညှိနှိုင်းခဲ့ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် တောင်သူ ဦး မြင့်ကြည်ကို ပြန်လွှတ်ပေးခဲ့ပြီးရွာသားများကလည်း ပိတ်မိနေ သည့် ရဲတပ်ဖွဲ့ဝင်များကိုလမ်းပြန်ဖွင့်ပေးခဲ့သည်။ သေနတ်ဒဏ်ရာရသူကို ဆေးဝါးကုသပေးမည့်အ  ကြောင်း ခရိုင်ရဲမှူးက ကတိခံ လက်မှတ်ထိုးပေးပြီးနောက် သြ ဂုတ်လ ၁၄ ရက် ညနေတွင် ပြေ လည်မှုရခဲ့သည်ဟု ဆိုသည်။

တောင်သူများကို  သေ နတ်ပစ်ဖောက်အကြမ်းဖက် နှိမ် နင်းခြင်းအပေါ် မည်သူက စေ
ခိုင်း သည်ကို ထုတ်ဖော်ပြောရန် ဒေ သခံများက တိုင်းရဲတပ်ဖွဲ့ တာဝန် ရှိသူများထံ တောင်းဆိုခဲ့ရာ ခုံဖွဲ့ စစ်ဆေးဆောင်ရွက်ပေးမည်ဟု ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့မှူးနှင့် တိုင်းအကူ တပ်ဖွဲ့ခွဲမှူး ဒု-ရဲမှူး ကြီး မြင့်ဦးတို့က ကတိပြု ပြော ကြားခဲ့သည်ဟု ဆိုသည်။

ရုန်းရင်းဆန်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ အမျိုးသမီး နှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးမှာ စဥ့်ကူးမြို့နယ် ဆေးရုံနှင့် သေ နတ်မှန်ဒဏ်ရာရသူ အမျိုးသမီး မှာ မန္တလေးဆေးရုံကြီးတွင် ဆေး ၀ါးကုသမှုခံယူနေရသည်။ ညောင် ၀န်းရွာမှ တပ်သိမ်းမြေဧက သုံး ထောင်ကျော် ပြန်ရရေး တောင်သူ များ ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေ သည်မှာ နှစ်လကျော် ကြာပြီဖြစ် ပြီး ယင်းမြေများပြန်ရရန် တောင် သူများက ဆက်လက်တိုက်ပွဲ ဆင်နွှဲမည်ဟု ညောင်ဝန်းရွာခံ တောင်သူများက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ နှစ်ကုန် ပိုင်းနှင့် ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ဖြစ်ပွားခဲ့သော ဧရာဝတီတိုင်းဒေ သကြီး ကျုံပျော်မြို့နယ် ရှားခဲ အင်းပြဿနာနှင့် မအူပင်ခရိုင် မလက်တိုကျေးရွာ မြေယာပြဿ နာ ရုန်းရင်းဆန်ခတ် မှုများ တွင် လည်း ရှားခဲအင်းပြဿနာ၌ ရဲ တပ်ဖွဲ့၏ သေနတ်ဖြင့် ပစ်ခတ်မှု ကြောင့် အမျိုးသားတစ်ဦး သေ ဆုံးခဲ့ပြီး မလက်တိုကျေးရွာ ရုန်း ရင်းဆန်ခတ်မှုတွင် ရဲတပ်သား တစ်ဦး သေဆုံးခဲ့ကာဒေသခံလယ် သမား ၁၅ ဦး သေနတ်ကျည်ထိမှန် ဒဏ်ရာရခဲ့သည်။

7Day DAILY

No comments:

Post a Comment