Saturday 16 August 2014

ဂီတအဘိဓာန်နဲ့ ထူးအိမ်သင်ကို ဂုဏ်ပြုမယ့် L လွန်းဝါ

Photo: ဂီတအဘိဓာန်နဲ့ ထူးအိမ်သင်ကို ဂုဏ်ပြုမယ့် L လွန်းဝါ
Saturday, August 16, 2014

ကျွန်ုပ်၏ ဂီတအဘိဓာန် ဟု အမည်ပေးထားသည့် တစ် ကိုယ်တော်ခွေကို ဆရာဖြစ်သူ ထူးအိမ်သင်အား အနုပညာနှင့် ပူ ဇော်သည့်အနေဖြင့် ထူးအိမ်သင် ဂီတပွဲတော်တွင် ရောင်းချကာ ရရှိငွေများကို လှူဒါန်းမည်ဟု Lလွန်းဝါက ပြောသည်။

‘‘ဒီအခွေမှာ သူ (ထူးအိမ်သူ) သင်ပေးထားတဲ့ ပညာတွေနဲ့ သီချင်းတွေ ရေးထားတယ်။ အဲဒါ တွေနဲ့ သူ့ကိုပြန်ပြီး ပူဇော်ချင် တယ်။ ကျွန်တော်ကိုယ်တိုင်ရေး ပြီး အရေးနဲ့ပူဇော်တယ်။ နောက် ပြီး ဒီအခွေကရလာတဲ့ ပိုက်ဆံ တွေကို အနုပညာကြေးနဲ့ ပူဇော် တဲ့သဘောပါပဲ။ မိသားစုတွေ အ ကုန်လုံးက ပိုက်ဆံမလိုတာလည်း သိပါတယ်။ ဒါပေမဲ့ တပည့်တစ် ယောက်အနေနဲ့ ကန်တော့ချင်တဲ့ ဆန္ဒနဲ့ ဒီအခွေကို လုပ်ထားတာ ပါ’’ဟု Lလွန်းဝါက ပြောသည်။

ထူးအိမ်သင်သည် ၎င်းအ တွက် အဘိဓာန်တစ်အုပ်နှင့် တူ ညီသောကြောင့် အခွေအမည်ကို ကျွန်ုပ်၏ဂီတအဘိဓာန်ဟု အ မည်ပေးထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ယင်းအခွေတွင် ၎င်းကိုယ်တိုင်ရေးစပ်ထားသော သီချင်းခြောက်ပုဒ်ပါဝင်မည်ဖြစ်ပြီး လွန်ခဲ့သည့် ရှစ်နှစ်ခန့်ကတည်းက စီစဉ်ခဲ့သည်ဟု အယ်လ်လွန်းဝါက ပြောသည်။

‘‘၂၃ ရက်မှာ လုပ်မယ့်ပွဲမှာ သီချင်းခွေရောင်းမယ်။ အဲဒီက ရတဲ့ငွေတွေ အားလုံးကိုလည်း တစ်ပြားမှ မယူဘူး။ အကုန်လုံး လှူမယ်’’ဟု ၎င်းက ပြောသည်။

ထူးအိမ်သင် ဂီတပွဲတော် တွင် ထူးအိမ်သင်၏ သီချင်းနှစ် ပုဒ်ကို The Aces တေးဂီတအဖွဲ့ နှင့် ဂုဏ်ပြုသီဆိုမည်ဟု Lလွန်းဝါကပြောသည်။

7Day DAILY 

ဓာတ်ပုံ - ဇွဲဉာဏ်
ဓာတ်ပုံ - ဇွဲဉာဏ်
ကျွန်ုပ်၏ ဂီတအဘိဓာန် ဟု အမည်ပေးထားသည့် တစ် ကိုယ်တော်ခွေကို ဆရာဖြစ်သူ ထူးအိမ်သင်အား အနုပညာနှင့် ပူ ဇော်သည့်အနေဖြင့် ထူးအိမ်သင် ဂီတပွဲတော်တွင် ရောင်းချကာ ရရှိငွေများကို လှူဒါန်းမည် ဟု Lလွန်းဝါ က ပြောသည်။

‘‘ဒီအခွေမှာ သူ (ထူးအိမ်သူ) သင်ပေးထားတဲ့ ပညာတွေနဲ့ သီချင်းတွေ ရေးထားတယ်။ အဲဒါ တွေနဲ့ သူ့ကိုပြန်ပြီး ပူဇော်ချင် တယ်။ ကျွန်တော်ကိုယ်တိုင်ရေး ပြီး အရေးနဲ့ပူဇော်တယ်။ နောက် ပြီး ဒီအခွေကရလာတဲ့ ပိုက်ဆံ တွေကို အနုပညာကြေးနဲ့ ပူဇော် တဲ့သဘောပါပဲ။ မိသားစုတွေ အ ကုန်လုံးက ပိုက်ဆံမလိုတာလည်း သိပါတယ်။ ဒါပေမဲ့ တပည့်တစ် ယောက်အနေနဲ့ ကန်တော့ချင်တဲ့ ဆန္ဒနဲ့ ဒီအခွေကို လုပ်ထားတာ ပါ’’ဟု Lလွန်းဝါက ပြောသည်။

ထူးအိမ်သင်သည် ၎င်းအ တွက် အဘိဓာန်တစ်အုပ်နှင့် တူ ညီသောကြောင့် အခွေအမည်ကို ကျွန်ုပ်၏ ဂီတအဘိဓာန် ဟု အ မည်ပေးထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ယင်းအခွေတွင် ၎င်းကိုယ်တိုင်ရေးစပ်ထားသော သီချင်းခြောက်ပုဒ်ပါဝင်မည်ဖြစ်ပြီး လွန်ခဲ့သည့် ရှစ်နှစ်ခန့် ကတည်းက စီစဉ်ခဲ့သည်ဟု အယ်လ်လွန်းဝါက ပြောသည်။

‘‘၂၃ ရက်မှာ လုပ်မယ့်ပွဲမှာ သီချင်းခွေရောင်းမယ်။ အဲဒီက ရတဲ့ငွေတွေ အားလုံးကိုလည်း တစ်ပြားမှ မယူဘူး။ အကုန်လုံး လှူမယ်’’ဟု ၎င်းက ပြောသည်။

ထူးအိမ်သင် ဂီတပွဲတော် တွင် ထူးအိမ်သင်၏ သီချင်းနှစ် ပုဒ်ကို The Aces တေးဂီတအဖွဲ့ နှင့် ဂုဏ်ပြုသီဆိုမည်ဟု Lလွန်းဝါကပြောသည်။

7Day DAILY 

No comments:

Post a Comment