Saturday 16 August 2014

ရဲတပ်ဖွဲ့နှင့် ဆက်စပ်ဌာနများအတွက် လုံခြုံရေးကိရိယာများ တိုးမြှင့်အသုံးပြုခွင့်ပေးမည်

Photo: ရဲတပ်ဖွဲ့နှင့် ဆက်စပ်ဌာနများအတွက် လုံခြုံရေးကိရိယာများ တိုးမြှင့်အသုံးပြုခွင့်ပေးမည်
Saturday, August 16, 2014

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြားဆက်စပ်ဌာနများအတွက်လုံခြုံရေးစစ်ဆေးသည့်ကိရိယာများနှင့်ဆက်သွယ်ရေး ကိရိယာများတိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသတင်းရရှိသည်။

‘‘ပုံမှန်အသုံးပြုဖို့နဲ့ အခမ်းအနားတွေမှာ လုံခြုံရေးနဲ့ပတ် သက်ပြီး စစ်ဆေးနိုင်ဖို့အတွက် ကိရိယာတွေကိုတိုးချဲ့တပ်ဆင် သွားမှာဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီးဦးဌေးအောင်ကပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေးအတွက် စစ်ဆေး နိုင်မည့်  X-ray စက်များ၊ မိုင်းရှာဖွေရေးကိရိယာများနှင့် ရဲတပ်ဖွဲ့ ဝင်များကြား အပြန်အလှန်ဆက် သွယ်နိုင်မည့်ကိရိယာများကို နိုင်ငံတစ်ဝန်းရှိ ရဲတပ်ဖွဲ့ဌာနများထံသို့ တိုးချဲ့ချထားပေးမည်ဖြစ်ပြီး လက်ရှိတွင် အဆိုပါပစ္စည်းများဝယ်ယူနိုင်ရန် ပုဂ္ဂလိကကုမ္ပဏီများကို တင်ဒါခေါ်ယူထားကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့အနေနဲ့ လုံခြုံရေးနဲ့ဆက်သွယ်ရေးကိရိယာ တွေကို ဒီနှစ်အတွက်ရတဲ့ ဘတ်ဂျက်ပေါ်မူတည်ပြီး ရဲတပ်ဖွဲ့ဌာန အားလုံးမှာ တိုးချဲ့ပေးသွားပါမယ်။ နှစ်အလိုက်ရတဲ့ဘတ်ဂျက် ပေါ်မူတည်ပြီးတော့ တိုးချဲ့မှုတွေကိုလည်း လုပ်သွားပါမယ်’’ဟု ရဲမှူးကြီးဦးဌေးအောင်ကပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် လုံခြုံရေးနှင့်ဆက်သွယ် ရေးကိရိယာများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန နှင့် မီးသတ်ဦးစီးဌာနတို့တွင် တိုးချဲ့အသုံးပြုသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

7Day DAILY 

ဓာတ်ပုံ - ကျော်ဇင်သန်း
ဓာတ်ပုံ - ကျော်ဇင်သန်း
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြားဆက်စပ်ဌာနများအတွက် လုံခြုံရေး စစ်ဆေးသည့် ကိရိယာများနှင့်ဆက်သွယ်ရေး ကိရိယာများတိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသတင်းရရှိသည်။

‘‘ပုံမှန်အသုံးပြုဖို့နဲ့ အခမ်းအနားတွေမှာ လုံခြုံရေးနဲ့ပတ် သက်ပြီး စစ်ဆေးနိုင်ဖို့အတွက် ကိရိယာတွေကို တိုးချဲ့တပ်ဆင် သွားမှာဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီးဦးဌေးအောင်ကပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေးအတွက် စစ်ဆေး နိုင်မည့်  X-ray စက်များ၊ မိုင်း 
ရှာဖွေရေး ကိရိယာများနှင့် ရဲတပ်ဖွဲ့ ဝင်များကြား အပြန်အလှန်ဆက် သွယ်နိုင်မည့်ကိရိယာများကို နိုင်ငံ တစ်ဝန်းရှိ ရဲတပ်ဖွဲ့ဌာနများထံသို့ တိုးချဲ့ချထားပေးမည်ဖြစ်ပြီး လက်ရှိတွင် အဆိုပါပစ္စည်းများဝယ်ယူနိုင်ရန် ပုဂ္ဂလိကကုမ္ပဏီများကို တင်ဒါခေါ်ယူထားကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့အနေနဲ့ လုံခြုံရေးနဲ့ဆက်သွယ်ရေးကိရိယာ တွေကို ဒီနှစ်အတွက်ရတဲ့ ဘတ်ဂျက်ပေါ် မူတည်ပြီး ရဲတပ်ဖွဲ့ဌာန အားလုံးမှာ တိုးချဲ့ပေးသွားပါမယ်။ နှစ်အလိုက်ရတဲ့ဘတ်ဂျက် ပေါ်မူတည်ပြီးတော့ တိုးချဲ့မှုတွေကိုလည်း လုပ်သွားပါမယ်’’ဟု ရဲမှူးကြီးဦးဌေးအောင်ကပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် လုံခြုံရေးနှင့်ဆက်သွယ် ရေးကိရိယာများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန နှင့် မီးသတ်ဦးစီးဌာနတို့တွင် တိုးချဲ့အသုံးပြုသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment