Saturday 16 August 2014

ကိုးလ်ဂိတ် သွားတိုက်ဆေး သတင်းများ လုံးဝ မမှန်ကန်ဟု တရားဝင် ဖြန့်ချိသည့် ကုမ္ပဏီဆို

Photo: ကိုးလ်ဂိတ် သွားတိုက်ဆေး သတင်းများ လုံးဝ မမှန်ကန်ဟု တရားဝင် ဖြန့်ချိသည့် ကုမ္ပဏီဆို
Friday, August 15, 2014

ရန်ကုန်၊ သြဂုတ် ၁၅။ ကိုးလ်ဂိတ်(Colgate) သွားတိုက်ဆေးတွင် ကင်ဆာ ဖြစ်စေသော ဓာတုပစ္စည်း ပါဝင်နေသည်ကို ဟောင်ကောင်တွင် တွေ့ ရှိခဲ့ ဟူသည့် ဟောင်ကောင် အခြေစိုက် သတင်းစာ၏ အွန်လိုင်း သတင်းတစ်ပုဒ် ပြန့်နှံ့ခဲ့ပြီး အဆိုပါ သတင်းမှာ လုံးဝ မှန်ကန်မှုမရှိဟု မြန်မာ နိုင်ငံတွင် ကိုးလ်ဂိတ် သွားတိုက်ဆေးကို တရားဝင် ဖြန့်ချိခွင့် ရထားသည့် DKSH မှ ဌာနေ မန်နေဂျာက ငြင်းဆို လိုက်သည်။

ရန်ကုန်မြို့ ပုဇွန်တောင်ဈေးရှိ ဈေးဆိုင်တစ်ဆိုင်တွင် အလွယ်တကူဝယ်ယူနိုင်သည့် ကိုးလ်ဂိတ်သွားတိုက်ဆေးဘူးများကို တွေ့ရစဉ်။

အဆိုပါ သတင်းကို ပုဂ္ဂလိက သတင်းစာ တစ်စောင်ဖြစ်သည့်The Voice က “Colgate သွားတိုက်ဆေး အတွင်း ကင်ဆာ ဖြစ်စေသော ဓာတုပစ္စည်း ပါဝင်ကြောင်း ဟောင်ကောင်တွင် တွေ့ရှိ”ဟူ၍ မျက်နှာဖုံး သတင်း အဖြစ် ဖော်ပြခဲ့ သေးသည်။

DKSH မှ ဌာနေ မန်နေဂျာ Durgesh Chugh ကိုဆက်သွယ် မေးမြန်းရာ ၎င်းက “ကျွန်တော်တို့ ထုတ်ကုန်နဲ့ ပတ်သက်ပြီး ပြောထားတာ အားလုံးက လုံးဝ မမှန်ကန် ပါဘူး။ အခု ပြဿနာရှိတယ် ဆိုတဲ့ Colgate Total က အမေရိကန် FDA  ရဲ့ ထောက်ခံချက် အပြည့်အ၀ ရထား ပြီးသားပါ။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကလည်း သွားတိုက်ဆေးမှာ ပါတဲ့ triclosan ပမာဏက လူကို ဘေးဥပါဒ် လုံးဝ မဖြစ်စေနိုင် ဘူးလို့ သက်သေပြု ထားပြီးသားပါ။ ဓာတ်ခွဲခန်း တွေမှာလည်း စမ်းသပ်ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန် အားလုံးကို ဥရောပ၊ ကနေဒါ၊ သြစတြေးလျ မှာလည်း စစ်ဆေးပြီး သားပါ။ ဘာအန္တရာယ်မှ မရှိပါဘူး။ စိတ်ချလက်ချ ဆက်သုံး နိုင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

သုံးစွဲသူ အိမ်ရှင်မ တစ်ဦးက “The Voice  မှာ ဖတ်လိုက် ရတော့ အရမ်းလန့် သွားတယ်။ ကျွန်မတို့ မိသား စုက colgate သုံးနေကျ လေ။ ဒါနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတွေ အနေနဲ့ သေသေချာချာ စစ်ဆေး ပေးစေ ချင်တယ်။ တကယ် အန္တရာယ် ရှိတယ် ဆိုလည်း တင်သွင်းတဲ့ ကုမ္ပဏီကို ထိထိ ရောက်ရောက် အရေးယူ ပေးစေချင်တယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က သွားတိုက်ဆေး များတွင် ကင်ဆာ ဖြစ်စေ နိုင်သော ဓာတု ပစ္စည်းများ ပါဝင် နေတတ် သည်ကို လွန်ခဲ့သော နှစ်နှစ် ကပင် သိရှိပြီး ဖြစ်သည် ဟုဆိုသည်။ သို့သော် လက်ရှိ အခြေအနေတွင် အစား အသောက်များ အန္တရာယ် ကင်းရှင်းရေး ဘက်ကိုသာ အာရုံစိုက် နေရသဖြင့် သွားတိုက်ဆေး ကဲ့သို့ လူ့အသုံးအဆောင် ပစ္စည်းများကို မစစ်ဆေး နိုင်သေးဟု ဆိုသည်။ “အခု လောလောဆယ် ကိုင်တွယ်ဖို့ မဖြစ်နိုင် သေးပါဘူး။ ဓာတ်ခွဲခန်း ပြဿနာ၊ တံဆိပ် အများကြီးကို စစ်ဆေးဖို့ ငွေကြေး မလုံလောက်တဲ့ ပြဿနာတွေ ရှိပါသေးတယ်” ဟု ဦးဗအုပ်ခိုင်က ပြောသည်။

မဇ္ဈိမက မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေးဌာန တာဝန်ရှိသူ များထံ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့ သော်လည်း ဆက်သွယ် မေးမြန်း၍ မရခဲ့ပေ။

Mizzima - News in Burmese
ရန်ကုန်၊ သြဂုတ် ၁၅။ ကိုးလ်ဂိတ်(Colgate) သွားတိုက်ဆေးတွင် ကင်ဆာ ဖြစ်စေသော ဓာတုပစ္စည်း ပါဝင်နေသည်ကို ဟောင်ကောင်တွင် တွေ့ ရှိခဲ့ ဟူသည့် ဟောင်ကောင် အခြေစိုက် သတင်းစာ၏ အွန်လိုင်း သတင်းတစ်ပုဒ် ပြန့်နှံ့ခဲ့ပြီး အဆိုပါ သတင်းမှာ လုံးဝ မှန်ကန်မှုမရှိဟု မြန်မာ နိုင်ငံတွင် ကိုးလ်ဂိတ် သွားတိုက် ဆေးကို တရားဝင် ဖြန့်ချိခွင့် ရထားသည့် DKSH မှ ဌာနေ မန်နေဂျာက ငြင်းဆို လိုက်သည်။

ရန်ကုန်မြို့ ပုဇွန်တောင်ဈေးရှိ ဈေးဆိုင်တစ်ဆိုင်တွင် အလွယ်တကူဝယ်ယူနိုင်သည့် ကိုးလ်ဂိတ်သွားတိုက် ဆေးဘူး များကို တွေ့ရစဉ်။

အဆိုပါ သတင်းကို ပုဂ္ဂလိက သတင်းစာ တစ်စောင်ဖြစ်သည့်The Voice က “Colgate သွားတိုက်ဆေး အတွင်း ကင်ဆာ ဖြစ်စေသော ဓာတုပစ္စည်း ပါဝင်ကြောင်း ဟောင်ကောင်တွင် တွေ့ရှိ”ဟူ၍ မျက်နှာဖုံး သတင်း အဖြစ် ဖော်ပြခဲ့ သေးသည်။

DKSH မှ ဌာနေ မန်နေဂျာ Durgesh Chugh ကိုဆက်သွယ် မေးမြန်းရာ ၎င်းက “ကျွန်တော်တို့ ထုတ်ကုန်နဲ့ ပတ်သက်ပြီး ပြောထားတာ အားလုံးက လုံးဝ မမှန်ကန် ပါဘူး။ အခု ပြဿနာရှိတယ် ဆိုတဲ့ Colgate Total က အမေရိကန် FDA  ရဲ့ ထောက်ခံချက် အပြည့်အ၀ ရထား ပြီးသားပါ။ ကမ္ဘာ့ ကျန်းမာ ရေး အဖွဲ့ကလည်း သွားတိုက်ဆေးမှာ ပါတဲ့ triclosan ပမာဏက လူကို ဘေးဥပါဒ် လုံးဝ မဖြစ်စေနိုင် ဘူးလို့ သက်သေပြု ထားပြီးသားပါ။ ဓာတ်ခွဲခန်း တွေမှာလည်း စမ်းသပ်ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန် အားလုံးကို ဥရောပ၊ ကနေဒါ၊ သြစတြေးလျ မှာလည်း စစ်ဆေးပြီး သားပါ။ ဘာအန္တရာယ်မှ မရှိပါဘူး။ စိတ်ချလက်ချ ဆက်သုံး နိုင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

သုံးစွဲသူ အိမ်ရှင်မ တစ်ဦးက “The Voice  မှာ ဖတ်လိုက် ရတော့ အရမ်းလန့် သွားတယ်။ ကျွန်မတို့ မိသား စုက colgate သုံးနေကျ လေ။ ဒါနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတွေ အနေနဲ့ သေသေချာချာ စစ်ဆေး ပေးစေ ချင်တယ်။ တကယ် အန္တရာယ် ရှိတယ် ဆိုလည်း တင်သွင်းတဲ့ ကုမ္ပဏီကို ထိထိ ရောက်ရောက် အရေးယူ ပေးစေချင်တယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က သွားတိုက်ဆေး များတွင် ကင်ဆာ ဖြစ်စေ နိုင်သော ဓာတု ပစ္စည်းများ ပါဝင် နေတတ် သည်ကို လွန်ခဲ့သော နှစ်နှစ် ကပင် သိရှိပြီး ဖြစ်သည် ဟုဆိုသည်။ သို့သော် လက်ရှိ အခြေအနေတွင် အစား အသောက်များ အန္တရာယ် ကင်းရှင်းရေး ဘက်ကိုသာ အာရုံစိုက် နေရသဖြင့် သွားတိုက်ဆေး ကဲ့သို့ လူ့အသုံးအဆောင် ပစ္စည်းများကို မစစ်ဆေး နိုင်သေးဟု ဆိုသည်။ “အခု လောလောဆယ် ကိုင်တွယ်ဖို့ မဖြစ်နိုင် သေးပါဘူး။ ဓာတ်ခွဲခန်း ပြဿနာ၊ တံဆိပ် အများကြီးကို စစ်ဆေးဖို့ ငွေကြေး မလုံလောက်တဲ့ ပြဿနာတွေ ရှိပါသေးတယ်” ဟု ဦးဗအုပ်ခိုင်က ပြောသည်။

မဇ္ဈိမက မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေးဌာန တာဝန်ရှိသူ များထံ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့ သော်လည်း ဆက်သွယ် မေးမြန်း၍ မရခဲ့ပေ။

Mizzima - News in Burmese 

No comments:

Post a Comment