Saturday 16 August 2014

ဖွဲ့စည်းပုံကို လူထုဆန္ဒနှင့် အနီးစပ်ဆုံး ပြင်နိုင်ခဲ့ဟု ကော်မတီဝင်ဆို

ပုဒ်မ ၄၃၆အပါအ၀င် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပါရှိသည့် ပုဒ်မများကို ပြင်ဆင်ရာတွင် ပြည်သူ လူထုဆန္ဒနှင့် အနီးစပ်ဆုံးဖြစ်အောင် ပြင်ဆင်ထားသည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က သြ ဂုတ် ၁၅ ရက်တွင် မဇ္ဈိမကိုပြောသည်။

“အခန်း ၁၅ ခန်းမှာပါတဲ့ ပုဒ်မတွေထဲက ပြင်သင့်ပြင်ထိုက်တဲ့ ဥပဒေတွေကို အားလုံးပြင်ဆင် ပြီးပါပြီ။ ကော်မတီဝင်အများစုက ပြင်ဖို့လိုအပ်မယ်ထင်တဲ့ ပုဒ်မတွေကို ပြင်နိုင်ခဲ့ပါတယ်။ ဘယ်လိုတွေ ပြင်တယ် ဆိုတာထုတ်ပြောလို့ မရပေမယ့် လူထုဆန္ဒနဲ့ အနီးစပ်ဆုံးဖြစ်အောင် ပြင်နိုင်တယ်လို့ သုံးသပ်ရမှာ ပါ”ဟု ၎င်း ကပြောသည်။

ကော်မတီဝင်များအနေဖြင့် အချက်များကို မည်ကဲ့သို့ပြင်ဆင်ထားသည်ဟု ထုတ်ဖော်ပြောဆိုခြင်းမပြုရန် စည်းကမ်း သတ်မှတ်ထားခြင်းဖြစ်သည်။ “ကျွန်တော်တို့ ဘယ်လိုပြင်ထားတယ်ဆိုတာ စောင့်ကြည့်စေချင် ပါတယ်”ဟု ဒေါက်တာအေးမောင်က ဆက်ပြောသည်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်ပါရှိသည့် အခန်း ၁၅ ခန်းမှ ပုဒ်မ ပေါင်း ၄၅၇ ခုကို ပြင်ဆင်ပြီး သော်လည်း အုပ်ချုပ်ရေး၊ တရာစီရင်ရေးနှင့် စီမံခန့် ခွဲခွင့်များနှင့်သက်ဆိုင်သည့် ဇယားများကို ပြန်လည် ပြင်ဆင်ရန် ကျန်ရှိနေသေးသည်ဟု ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြော သည်။

“ပုဒ်မတွေ ပြင်ဆင်တာပြီးသွားပေမယ့် အဓိကအရေးကြီးတဲ့ ဇယားကွက်တွေ ပြန်ဆွဲဖို့ ကျန်နေသေးတယ်။ ဒီအချက်တွေကို လွှတ်တော်မတိုင်ခင်မှာ ပြင်ဆင်သွားမှာပါ” ဟု ၎င်းကပြောသည်။

စက်တင်ဘာတွင် ပြန်လည်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင် ရေးအကောင်အထည်ဖော်မှုကော်မတီမှ ပြင်ဆင်ခြင်းဥပဒေကြမ်းကို လွှတ်တော်သို့တင်ပြသွားရန် စီစဉ် ထားသည်။

ပြည်ထောင်စုလွှတ်တော်နာယက၏ ညွှန်ကြားချက်အရ ကော်မတီသည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ခြောက်လအလိုတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းများကို အပြီးသတ်လုပ်ဆောင်ရမည်ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment