Saturday 16 August 2014

ပျောက်ဆုံးသွားသည့် မလေးရှားလေယာဉ်တွင် ပါသွားသည့် ခရီးသည်များ၏ ဘဏ်စာရင်းမှ ငွေများကို ခိုးယူသူနှစ်ဦး ဖမ်းဆီးခံရ

ပျောက်ဆုံးသွားသည့် မလေးရှားလေယာဉ်ခရီးစဉ် MH 370 တွင် ပါသွားသည့် ခရီးသည်လေးဦး၏ ဘဏ်စာရင်းမှ ငွေများကို ခိုးယူခဲ့သူ ဘဏ်အရာရှိ အမျိုးသမီးနှင့် ၎င်း၏ခင်ပွန်းတို့ကို မလေးရှားရဲများ က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ခရီးသည်များ၏ ဘဏ်စာရင်းမှ ရင်းဂစ်ငွေ ၁၁၀၆၄၃ (ဒေါ်လာ ၃၄၈၅၀) ပျောက်ဆုံးသွားရာတွင် သံသယ ရှိမှုဖြင့် အဆိုပါလင်မယားကို သြဂုတ်၁၃ ရက်မှစ၍ ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ က ပြောကြားသည်။

ခိုးယူလိုက်သော ငွေအချို့အား ပါကစ္စတန်နိုင်ငံသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ အွန်လိုင်းမှ တစ်ဆင့် လွှဲပြောင်း ပေးခဲ့ပြီး ၎င်းသည် မလေးရှားနိုင်ငံ အတွင်းမှာပင် ရှိနေသေးကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ငွေခိုးယူခံရသော ဘဏ်အမည်အား ရဲတပ်ဖွဲ့က ထုတ်ပြန်ထားခြင်း မရှိသေးပေ။

Ref:AFP
Mizzima - News in Burmese 

No comments:

Post a Comment