Saturday 16 August 2014

ပါကစ္စတန်အစိုးရကို ဆန့်ကျင်သူများ မြို့တော်အစ္စလမ္မာဘတ်သို့ ရောက်ရှိ

Photo: ပါကစ္စတန်အစိုးရကို ဆန့်ကျင်သူများ မြို့တော်အစ္စလမ္မာဘတ်သို့ ရောက်ရှိ
Saturday, August 16, 2014

ပါကစ္စတန်အတိုက်အခံခေါင်းဆောင် အီမာရန်ခန်း ဦးဆောင်သည့် အစိုးရဆန့်ကျင် ဆန္ဒပြသူများသည် သြဂုတ် ၁၆ ရက်က မြို့တော် အစ္စလမ္မာဘတ် သို့ ရောက်ရှိလာကြောင်း သိရသည်။

လက်ရှိဝန်ကြီးချုပ် နာဝပ်ရှာရစ်ဖ်၏ အစိုးရသည် ၂၀၁၃ ခုနှစ် မေလရွေးကောက်ပွဲတွင် မဲလိမ်လည်ပြီး အပြတ်အသတ် အနိုင်ရခဲ့ခြင်းဖြစ်သောကြောင့် ၎င်းတို့ အစိုးရအနေဖြင့် နုတ်ထွက်ပြီး ရွေးကောက်ပွဲ နောက်တစ်ကြိမ် ကျင်းပပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြသည်။

“ပါကစ္စတန်နိုင်ငံအနေနဲ့ ဆုံးဖြတ်ချက်ချရမယ့် အချိန်ရောက်လာပါပြီ။ ၀န်ကြီးချုပ် နာဝပ်ရှာရစ်ဖ် နုတ်ထွက်သည်အထိ ကျွန်တော် ဒီမှာဆက်ပြီး ဆန္ဒပြသွားပါမယ်။ သူဟာ ရွေးကောက်ပွဲမှာ လိမ်လည်မှုတွေ လုပ်ပြီး အနိုင်ရလာတာဖြစ်ပါတယ်” ဟု ခန်းက ပြောကြားသည်။

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်နဲ့ တရားရုံးချုပ်တို့ကို တောင်းဆိုပါတယ်။ တရားမျှတမှုကို မရဘူးဆိုရင်တော့ လမ်းပေါ် ကနေ ဆက်ပြီးတောင်းဆိုဖို့ကလွဲပြီး တခြားနည်းလမ်း မရှိတော့ပါဘူး” ဟု ခန်းက ပြောကြားသည်။

ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူ တာဟာကာဒရီကလည်း ထောင်ပေါင်းများစွာသော ဆန္ဒပြသူ များကို ဦးဆောင်ကာ ခန်း၏အဖွဲ့ကဲ့သို့ပင် မြို့တော်အတွင်း ချီတက်ဆန္ဒပြခဲ့ကြသည်။

ခရစ်ကတ်ကစားသမားဟောင်းတစ်ဦးဖြစ်သူ ခန်းဦးဆောင်သော ဆန္ဒပြသူများသည် နိုင်ငံအရှေ့ပိုင်း ကီလိုမီတာ ၃၀၀ ဝေးသော လာဟိုးမြို့မှ သြဂုတ် ၁၄ ရက်တွင်စတင်ကာ မော်တော်ယာဉ်များဖြင့် မြို့တော်သို့ ထွက်ခွာလာခဲ့ကြခြင်းဖြစ်သည်။ လမ်းတစ်လျှောက်တွင် ကြိုဆိုထောက်ခံသူများအား နှုတ် ဆက်ခဲ့ရသာကြောင့် ယခုခရီးစဉ်သည် ၃၆ နာရီ ကြာမြင့်ခဲ့ကြောင်း သိရသည်။

ခန်း၏ Pakistan Tehreek-e-Insaaf (PTI) ပါတီအား ထောက်ခံသူများနှင့် ၀န်ကြီးချုပ် ရှာရစ်ဖ်၏ Pakistan Muslim League-N (PML-N) ပါတီ အား ထောက်ခံသူများအကြား သြဂုတ် ၁၅ ရက် နံနက်ပိုင်းက မြို့တော်အစ္စလမ္မာဘတ် အရှေ့တောင်ဘက် ကီလိုမီတာ ၂၀၀ အကွာခန့်ရှိ ဂူဂျာရန် ၀ါလာ မြို့တွင် တိုက်ခိုက်မှုများ ဖြစ်ခဲ့ကြကြောင်း ရဲများနှင့် မျက်မြင်သက်သေများက ပြောကြားသည်။

ခန်း၏ ဆန္ဒပြအဖွဲ့နောက်မှ လူငယ် ၄၀ ခန့်ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် လိုက်လာပြီး ကြွေးကြော် သံများ အော်ဟစ်ပြီးနောက် တစ်ဘက်နှင့်တစ်ဘက် ခဲများနှင့် ပစ်ပေါက်ခဲ့ကြရာ ရဲများက လူစုခွဲပေးခဲ့ ရသည်။

ဂူဂျာရန်မြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအပေါ် စုံစမ်းစစ်ဆေးမှုပြုလုပ် ရန်နှင့် ဆူပူမှုမလုပ် ဆောင်ကြရန် ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ်က သတိပေးခဲ့သည်။

Ref:AFP
Mizzima - News in Burmese
ပါကစ္စတန်အတိုက်အခံခေါင်းဆောင် အီမာရန်ခန်း ဦးဆောင်သည့် အစိုးရဆန့်ကျင် ဆန္ဒပြသူများသည် သြဂုတ် ၁၆ ရက်က မြို့တော် အစ္စလမ္မာဘတ် သို့ ရောက်ရှိလာကြောင်း သိရသည်။

လက်ရှိဝန်ကြီးချုပ် နာဝပ်ရှာရစ်ဖ်၏ အစိုးရသည် ၂၀၁၃ ခုနှစ် မေလရွေးကောက်ပွဲတွင် မဲလိမ်လည်ပြီး အပြတ်အသတ် အနိုင်ရခဲ့ခြင်းဖြစ်သောကြောင့် ၎င်းတို့ အစိုးရအနေဖြင့် နုတ်ထွက်ပြီး ရွေးကောက်ပွဲ နောက်တစ်ကြိမ် ကျင်းပပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြသည်။

“ပါကစ္စတန်နိုင်ငံအနေနဲ့ ဆုံးဖြတ်ချက်ချရမယ့် အချိန်ရောက်လာပါပြီ။ ၀န်ကြီးချုပ် နာဝပ်ရှာရစ်ဖ် နုတ်ထွက် သည် အထိ ကျွန်တော် ဒီမှာဆက်ပြီး ဆန္ဒပြသွားပါမယ်။ သူဟာ ရွေးကောက်ပွဲမှာ လိမ်လည်မှုတွေ လုပ်ပြီး အနိုင်ရလာတာဖြစ်ပါတယ်” ဟု ခန်းက ပြောကြားသည်။

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်နဲ့ တရားရုံးချုပ်တို့ကို တောင်းဆို ပါတယ်။ တရားမျှတမှုကို မရဘူးဆိုရင်တော့ လမ်းပေါ် ကနေ ဆက်ပြီးတောင်းဆိုဖို့ကလွဲပြီး တခြားနည်းလမ်း မရှိတော့ပါဘူး” ဟု ခန်းက ပြောကြားသည်။

ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူ တာဟာကာဒရီကလည်း ထောင်ပေါင်းများစွာသော ဆန္ဒပြသူ များကို ဦးဆောင်ကာ ခန်း၏အဖွဲ့ကဲ့သို့ပင် မြို့တော်အတွင်း ချီတက်ဆန္ဒပြခဲ့ကြသည်။

ခရစ်ကတ်ကစားသမားဟောင်းတစ်ဦးဖြစ်သူ ခန်းဦးဆောင်သော ဆန္ဒပြသူများသည် နိုင်ငံအရှေ့ပိုင်း ကီလို မီတာ ၃၀၀ ဝေးသော လာဟိုးမြို့မှ သြဂုတ် ၁၄ ရက်တွင်စတင်ကာ မော်တော်ယာဉ်များဖြင့် မြို့တော်သို့ ထွက်ခွာလာခဲ့ကြခြင်းဖြစ်သည်။ လမ်းတစ်လျှောက်တွင် ကြိုဆိုထောက်ခံသူများအား နှုတ် ဆက်ခဲ့ရ သာကြောင့် ယခုခရီးစဉ်သည် ၃၆ နာရီ ကြာမြင့်ခဲ့ကြောင်း သိရသည်။

ခန်း၏ Pakistan Tehreek-e-Insaaf (PTI) ပါတီအား ထောက်ခံသူများနှင့် ၀န်ကြီးချုပ် ရှာရစ်ဖ်၏ Pakistan Muslim League-N (PML-N) ပါတီ အား ထောက်ခံသူများအကြား သြဂုတ် ၁၅ ရက် နံနက်ပိုင်းက မြို့တော်အစ္စလမ္မာဘတ် အရှေ့တောင်ဘက် ကီလိုမီတာ ၂၀၀ အကွာခန့်ရှိ ဂူဂျာရန် ၀ါလာ မြို့တွင် တိုက်ခိုက်မှုများ ဖြစ်ခဲ့ကြကြောင်း ရဲများနှင့် မျက်မြင်သက်သေများက ပြောကြားသည်။

ခန်း၏ ဆန္ဒပြအဖွဲ့နောက်မှ လူငယ် ၄၀ ခန့်ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် လိုက်လာပြီး ကြွေးကြော် သံများ အော်ဟစ်ပြီးနောက် တစ်ဘက်နှင့်တစ်ဘက် ခဲများနှင့် ပစ်ပေါက်ခဲ့ကြရာ ရဲများက လူစုခွဲပေးခဲ့ ရသည်။

ဂူဂျာရန်မြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအပေါ် စုံစမ်းစစ်ဆေးမှုပြုလုပ် ရန်နှင့် ဆူပူမှုမလုပ် ဆောင်ကြရန် ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ်က သတိပေးခဲ့သည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment