Saturday 16 August 2014

ပါကစ္စတန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားများ ရွေးကောက်ပွဲအသစ် ကျင်းပရန် တောင်းဆို

Photo: ပါကစ္စတန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားများ ရွေးကောက်ပွဲအသစ် ကျင်းပရန် တောင်းဆို
Saturday, August 16, 2014

ပါကစ္စတန်နိုင်ငံ မြို့တော်မှာ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေ သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းအထိ စုရုံးနေပြီး အတိုက်အခံ နိုင်ငံရေးသမား အင်ရန်ခမ်းက ပါကစ္စတန်ဝန်ကြီးချုပ် န၀ပ်ရှာအစ် နုတ်ထွက်ပြီး ရွေးကောက်ပွဲအသစ် ကျင်းပတဲ့ အထိ ဆန္ဒပြသွားမယ်လို့ သူ့ကို ထောက်ခံသူတွေကို ပြောလိုက်ပါတယ်။

Pakistanခရစ်ကက် အကျော်အမော်ဘ၀ကနေ နိုင်ငံရေးသမား ဖြစ်လာတဲ့ အင်ရန်ခမ်းဟာ သြဂုတ်လ ၁၅ ရက်နေ့ညပိုင်းမှာ စတင်တဲ့ ဆန္ဒပြပွဲ ၂ ခုထဲက တခုကို ခေါင်းဆောင်နေပြီး ဘာသာရေး ခေါင်းဆောင်တာဟာ ကာဒရီက နောက်ဆန္ဒပြပွဲတခုကို ခေါင်းဆောင်ပါတယ်။

ဝန်ကြီးချုပ်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုနေတဲ့ ဒီဆန္ဒပြပွဲနှစ်ခုဟာ ၁၅ လသာ သက်တမ်းရှိသေးတဲ့ အရပ်သားအစိုးရအတွက် အကြီးဆုံး စိန်ခေါ်မှုဖြစ်ပါတယ်။

အင်ရန်ခမ်းက လက်ရှိဝန်ကြီးချုပ်ဟာ မဲမသာမှုတွေရှိတဲ့ ရွေးကောက်ပွဲတွေကနေ တက်လာတဲ့ ၀န်ကြီးချုပ်ဖြစ်လို့ နုတ်ထွက်သွားတဲ့အတွက် ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။ သူ့ကို ထောက်ခံသူတော်တော်များများကိုလည်း သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းအထိ အစ္စလာမ္မာဘက်မြို့မှာ သပိတ်စခန်းချထားတာကို တွေ့ရပါတယ်။

အစိုးရအဖွဲ့ထဲက တချို့က လက်ရှိ ဆန္ဒပြပွဲတွေရဲ့ နောက်မှာ စစ်တပ်ထဲက အမာခံတချို့ ကျောထောက်နောက်ခံပေးနေတယ်လို့ ယုံကြည်နေကြပါတယ်။ ဆန္ဒပြပွဲတွေက အစိုးရကို ဘယ်လောက်အထိ ကိုင်လှုပ်နိုင်မလဲဆိုတာက စစ်တပ်ရဲ့ ရပ်တည်ချက်အပေါ်မှာ မူတည်တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။

ပါကစ္စတန်မှာ အာဏာသိမ်းတဲ့ အစဉ်အလာရှိတဲ့ စစ်တပ်ဟာ ဒီတကြိမ်မှာ အာဏာသိမ်းမှာကို စိုးရိမ်သူတွေ မများလှပေမယ့် မတည်ငြိမ်မှုတွေကြောင့် စစ်တပ်အာဏာ ကြီးထွားလာမှာကိုတော့ အစိုးရအရာရှိတွေက တွက်ဆထားကြပါတယ်။

ဒီဗွီဘီ
ပါကစ္စတန်နိုင်ငံ မြို့တော်မှာ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေ သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်း အထိစုရုံးနေပြီး အတိုက်အခံနိုင်ငံရေးသမား အင်ရန်ခမ်းက ပါကစ္စတန်ဝန်ကြီးချုပ် န၀ပ်ရှာအစ် နုတ်ထွက် ပြီး ရွေးကောက်ပွဲအသစ်ကျင်းပတဲ့အထိ ဆန္ဒပြသွားမယ်လို့ သူ့ကို ထောက်ခံသူတွေကို ပြောလိုက် ပါတယ်။

Pakistanခရစ်ကက် အကျော်အမော်ဘ၀ကနေ နိုင်ငံရေးသမား ဖြစ်လာတဲ့ အင်ရန်ခမ်းဟာ သြဂုတ်လ ၁၅ ရက်နေ့ညပိုင်းမှာ စတင်တဲ့ ဆန္ဒပြပွဲ ၂ ခုထဲက တခုကို ခေါင်းဆောင်နေပြီး ဘာသာရေး ခေါင်းဆောင် တာဟာ ကာဒရီက နောက်ဆန္ဒပြပွဲတခုကို ခေါင်းဆောင်ပါတယ်။

ဝန်ကြီးချုပ်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုနေတဲ့ ဒီဆန္ဒပြပွဲနှစ်ခုဟာ ၁၅ လသာ သက်တမ်း ရှိသေးတဲ့ အရပ်သားအစိုးရအတွက် အကြီးဆုံး စိန်ခေါ်မှုဖြစ်ပါတယ်။

အင်ရန်ခမ်းက လက်ရှိဝန်ကြီးချုပ်ဟာ မဲမသာမှုတွေရှိတဲ့ ရွေးကောက်ပွဲတွေကနေ တက်လာတဲ့ ၀န်ကြီးချုပ် ဖြစ်လို့ နုတ်ထွက်သွားတဲ့အတွက် ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။ သူ့ကို ထောက်ခံသူတော်တော် များများ ကိုလည်း သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းအထိ အစ္စလာမ္မာဘက်မြို့မှာ သပိတ်စခန်းချထားတာကို တွေ့ရပါ တယ်။

အစိုးရအဖွဲ့ထဲက တချို့က လက်ရှိ ဆန္ဒပြပွဲတွေရဲ့ နောက်မှာ စစ်တပ်ထဲက အမာခံတချို့ ကျောထောက် နောက်ခံ ပေးနေတယ်လို့ ယုံကြည်နေကြပါတယ်။ ဆန္ဒပြပွဲတွေက အစိုးရကို ဘယ်လောက်အထိ ကိုင်လှုပ် နိုင်မလဲဆိုတာက စစ်တပ်ရဲ့ ရပ်တည်ချက်အပေါ်မှာ မူတည်တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။

ပါကစ္စတန်မှာ အာဏာသိမ်းတဲ့ အစဉ်အလာရှိတဲ့ စစ်တပ်ဟာ ဒီတကြိမ်မှာ အာဏာသိမ်းမှာကို စိုးရိမ်သူတွေ မများလှပေမယ့် မတည်ငြိမ်မှုတွေကြောင့် စစ်တပ်အာဏာ ကြီးထွားလာမှာကိုတော့ အစိုးရအရာရှိတွေက တွက်ဆထားကြပါတယ်။

ဒီဗွီဘီ 

No comments:

Post a Comment