Tuesday 15 July 2014

“လောင်းရိပ်မိနေကြသော အနာဂတ်ကြယ်ပွင့်လေးများ”


Photo: “လောင်းရိပ်မိနေကြသော အနာဂတ်ကြယ်ပွင့်လေးများ”

Tuesday, July 14, 2014

ယနေ့ခေတ် နိုင်ငံရေးပြောင်းလဲမှုတိုင်း၊ ဆန္ဒပြမှုတွေတိုင်း၊ ပဋိပက္ခတွေတိုင်းမှာ ကျောင်းသားလူငယ်တွေ တစ်ခန်း တစ်ကဏ္ဍအနေနဲ့ အမြဲတမ်းလိုလို ပါဝင်နေကြတာ တွေ့မြင်နေရပါတယ်။ ဒီလိုမျိုး ကျောင်းသားလူငယ်တွေ ပါဝင် နေတာဟာ ဘယ်သူကြောင့်လဲ၊ ဘာကြောင့်လဲဆိုတာ ပြောချင်စရာ ဖြစ်လာပါတယ်။

အဆိုးဆုံးကတော့ NLDပါတီ၏ ဥက္ကဌဖြစ်သူ ဒေါ်စုက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲမှာ အသက် ၁၈နှစ်အောက် ကျောင်းသားလူငယ်တွေအနေဖြင့် တရားဝင် မဲပေးပိုင်ခွင့်မရှိသော်လည်း မိဘဆွေမျိုးသားချင်းများကို မဲထည့်ဖို့ စည်းရုံးလှုံဆော်ကြရန် ပြောကြားသွားခဲ့တာ တွေ့ရပါတယ်။

တကယ်တော့ ဒီလိုအရွယ်ကျောင်းသားလူငယ်တွေဆိုတာ ဆယ်တန်းအောင်ပြီး မိဘတွေဆီမှာ မှီခိုရင်း ပိုက်ဆံကို လက်ဖြန့်တောင်းကာ တက္ကသိုလ်ပညာကို ဆက်လက်သင်ကြားနေရတဲ့ အရွယ်တွေပဲ ဖြစ်ပါတယ်။ တစ်ချို့ ကတော့ မိဘတွေမပြေလည်လို့  ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး ကိုယ့်ခြေထောက်ပေါ်ကိုရပ်ရင်း ကျောင်းတက်နေတာတွေ လည်း ရှိပါတယ်။ 
ပြောရရင်တော့ ကျောင်းသားအရွယ်ဆိုတာ အပျံသင်ကာစအရွယ်သာဖြစ်ပြီး အသိဥာဏ်နည်းပါး ကြပါသေး တယ်။ ပညာသင်ကြားနေရဆဲဖြစ်တဲ့ ကိုယ့်တစ်ကိုယ်စာ  ဘ၀ခရီးလမ်း အချိန်ပိုင်းလေးမှာတောင် အမှားအယွင်းမရှိဖို့ တိမ်းစောင်းယိုင်လဲမသွားဖို့ကို လူကြီးမိဘတွေက အမြဲတမ်း ဘေးကနေ ၀ိုင်းဝန်းဖေးမ ထိန်းသိမ်းပေးနေရတာ ဖြစ်ပါ တယ်။

ဒီလိုမျိုး ကိုယ့်ဘ၀ကိုတောင် လမ်းမမှားအောင် အဘက်ဘက်ကနေ လူကြီးမိဘတွေက ထိန်းကျောင်း ပေးနေရ တဲ့ ကျောင်းသားလူငယ်တွေကို နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး …စတာတွေကို စဉ်းစားခိုင်းမယ်ဆိုရင်  တွေးခေါ် စဉ်းစား ဥာဏ်ပိုင်းဆိုင်ရာမှာ ဘယ်လိုမှ ပြည့်စုံမှာ မဟုတ်ပါဘူး။ မှန်ကန်စွာ ပိုင်းခြားတက်တဲ့ အတွေ့အကြုံမျိုးဆိုရင် ပိုဆိုးပြီး လုံးဝနီးပါး မရှိတာက များပါတယ်။ သူတို့မှာရှိနိုင်လှ၊ တာဝန်ယူနိုင်လှဆိုရင် ကျောင်းသားရေးရာနဲ့ သက်ဆိုင် တာထက် မပိုပါဘူး။

ဒီလိုအရွယ် ကျောင်းသားလူငယ်တွေဆိုတာ နုနယ်သေးတဲ့အတွက် အရောင်ဆိုးရတာ လွယ်ပါတယ်။ ခြယ်လှယ် ကြိုးကိုင်ပြီး လိုသလို ပုံသွင်းလို့ရနိုင်ပါတယ်။ ပြည်သူလူထုထဲက အများဆုံးအင်အားဖြစ်တဲ့အပြင် သူတို့ပါလာရင် မိဘသားချင်းတွေပါ ပါလာမယ်ဆိုတာ သူတို့သိနေပါတယ်။

 တိုင်းပြည်ရဲ့ အနာဂတ် ကြယ်ပွင့်လေးတွေဖြစ်လို့ အရေးယူမှု ပိုင်းဆိုင်ရာမှာလည်း ထိလွယ်ရှလွယ်ပြီး အုပ်ချုပ်သူ အစိုးရအနေနဲ့ အခက်အခဲများ ဖြစ်စေနိုင်ပါတယ်။ ကျောင်းသား လူငယ်တွေနဲ့ ပတ်သက်လာရင် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာလည်း ၀ိုင်းဝန်း အရှုတ်ချခံရဆုံးနဲ့ ဖိအားပေးအခံရဆုံးလည်း ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ဘယ်လို အတိုက်အခံအဖွဲ့အစည်းမဆို၊ ဘယ်လိုမြေပေါ်မြေအောက် အဖွဲ့အစည်းမဆို၊ ဘယ်လို ဆန့်ကျင်ဘက် နိုင်ငံခြားတိုင်းပြည်တွေကမဆို ကိုယ်ကျိုးအတွက် ကျောင်းသားလူငယ်တွေကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ခေတ်တိုင်း အခါတိုင်းမှာ လိုသလိုအသုံးချနေခဲ့ကြတာဖြစ်တယ်ဆိုတာ သိစေချင်ပါတော့သည်။

ပေါက်စ
ယနေ့ခေတ် နိုင်ငံရေးပြောင်းလဲမှုတိုင်း၊ ဆန္ဒပြမှုတွေတိုင်း၊ ပဋိပက္ခတွေတိုင်းမှာ ကျောင်းသားလူငယ်တွေ တစ်ခန်း တစ်ကဏ္ဍအနေနဲ့ အမြဲတမ်းလိုလို ပါဝင်နေကြတာ တွေ့မြင်နေရပါတယ်။ ဒီလိုမျိုး ကျောင်းသား လူငယ်တွေ ပါဝင် နေတာဟာ ဘယ်သူကြောင့်လဲ၊ ဘာကြောင့်လဲဆိုတာ ပြောချင်စရာ ဖြစ်လာပါတယ်။ အဆိုးဆုံးကတော့ NLDပါတီ၏ ဥက္ကဌဖြစ်သူ ဒေါ်စုက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲမှာ အသက် ၁၈နှစ်အောက် ကျောင်းသားလူငယ်တွေအနေဖြင့် တရားဝင် မဲပေးပိုင်ခွင့်မရှိသော်လည်း မိဘဆွေမျိုး သားချင်းများကို မဲထည့်ဖို့ စည်းရုံးလှုံဆော်ကြရန် ပြောကြားသွားခဲ့တာ တွေ့ရပါတယ်။တကယ်တော့ ဒီလို အရွယ်ကျောင်းသားလူငယ်တွေဆိုတာ ဆယ်တန်းအောင်ပြီး မိဘတွေဆီမှာ မှီခိုရင်း ပိုက်ဆံကို လက်ဖြန့် တောင်းကာ တက္ကသိုလ်ပညာကို ဆက်လက်သင်ကြားနေရတဲ့ အရွယ်တွေပဲ ဖြစ်ပါတယ်။ တစ်ချို့ ကတော့ မိဘတွေမပြေလည်လို့ ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး ကိုယ့်ခြေထောက်ပေါ်ကိုရပ်ရင်း ကျောင်းတက်နေတာ တွေ လည်း ရှိပါတယ်။ 

ပြောရရင်တော့ ကျောင်းသားအရွယ်ဆိုတာ အပျံသင်ကာစအရွယ်သာဖြစ်ပြီး အသိဥာဏ်နည်းပါး ကြပါသေး တယ်။ ပညာသင်ကြားနေရဆဲဖြစ်တဲ့ ကိုယ့်တစ်ကိုယ်စာ ဘ၀ခရီးလမ်း အချိန်ပိုင်းလေးမှာတောင် အမှား အယွင်းမရှိဖို့ တိမ်းစောင်းယိုင်လဲမသွားဖို့ကို လူကြီးမိဘတွေက အမြဲတမ်း ဘေးကနေ ၀ိုင်းဝန်းဖေးမ ထိန်းသိမ်းပေးနေရတာ ဖြစ်ပါ တယ်။
ဒီလိုမျိုး ကိုယ့်ဘ၀ကိုတောင် လမ်းမမှားအောင် အဘက်ဘက်ကနေ လူကြီးမိဘတွေက ထိန်းကျောင်း ပေးနေရတဲ့ ကျောင်းသားလူငယ်တွေကို နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး …စတာတွေကို စဉ်းစားခိုင်းမယ် ဆိုရင် တွေးခေါ် စဉ်းစား ဥာဏ်ပိုင်းဆိုင်ရာမှာ ဘယ်လိုမှ ပြည့်စုံမှာ မဟုတ်ပါဘူး။ မှန်ကန်စွာ ပိုင်းခြား တက်တဲ့ အတွေ့အကြုံမျိုးဆိုရင် ပိုဆိုးပြီး လုံးဝနီးပါး မရှိတာက များပါတယ်။ သူတို့မှာရှိနိုင်လှ၊ တာဝန်ယူ နိုင်လှဆိုရင် ကျောင်းသားရေးရာနဲ့ သက်ဆိုင် တာထက် မပိုပါဘူး။
ဒီလိုအရွယ် ကျောင်းသားလူငယ်တွေဆိုတာ နုနယ်သေးတဲ့အတွက် အရောင်ဆိုးရတာ လွယ်ပါတယ်။ ခြယ်လှယ် ကြိုးကိုင်ပြီး လိုသလို ပုံသွင်းလို့ရနိုင်ပါတယ်။ ပြည်သူလူထုထဲက အများဆုံးအင်အားဖြစ်တဲ့အပြင် သူတို့ပါလာရင် မိဘသားချင်းတွေပါ ပါလာမယ်ဆိုတာ သူတို့သိနေပါတယ်။
တိုင်းပြည်ရဲ့ အနာဂတ် ကြယ်ပွင့်လေးတွေဖြစ်လို့ အရေးယူမှု ပိုင်းဆိုင်ရာမှာလည်း ထိလွယ်ရှလွယ်ပြီး အုပ်ချုပ်သူ အစိုးရအနေနဲ့ အခက်အခဲများ ဖြစ်စေနိုင်ပါတယ်။ ကျောင်းသား လူငယ်တွေနဲ့ ပတ်သက်လာရင် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာလည်း ၀ိုင်းဝန်း အရှုတ်ချခံရဆုံးနဲ့ ဖိအားပေးအခံရဆုံးလည်း ဖြစ်လာနိုင် ပါတယ်။ဒါကြောင့် ဘယ်လို အတိုက်အခံအဖွဲ့အစည်းမဆို၊ ဘယ်လိုမြေပေါ်မြေအောက် အဖွဲ့အစည်းမဆို၊ ဘယ်လို ဆန့်ကျင်ဘက် နိုင်ငံခြားတိုင်းပြည်တွေကမဆို ကိုယ်ကျိုးအတွက် ကျောင်းသားလူငယ်တွေကို ခေါင်းစဉ် အမျိုးမျိုးတပ်ပြီး ခေတ်တိုင်း အခါတိုင်းမှာ လိုသလိုအသုံးချနေခဲ့ကြတာဖြစ်တယ်ဆိုတာ သိစေချင် ပါ တော့သည်။
ပေါက်စ

No comments:

Post a Comment