Tuesday 10 June 2014

လေ့လာရေးခရီးထွက်လာသော ကျောင်းသားများ ဆည်ရေဖောက်ထုတ် မှုကြောင့် အသက်ဆုံးရှုံးကြရ

Photo: လေ့လာရေးခရီးထွက်လာသော ကျောင်းသားများ ဆည်ရေဖောက်ထုတ် မှုကြောင့် အသက်ဆုံးရှုံးကြရ
Tuesday, June 10, 2014

အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်ကုန်းတောင်တန်းများထူထပ်သော ဟီမာချယ်ပရာဒေ့ရှ်ပြည်နယ်ရှိ မြစ်တစ်စင်းအတွင်း ရေချိုးနေကြသော ကျောင်းသား ၂ဝနှင့် ဆရာတစ်ဦးတို့သည် ဆည်တစ်ခုမှ ရေဖောက်ထုတ်လိုက်မှုကြောင့် ရေစီးဖြင့် မျောပါသွားခဲ့ကြရကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့ဝင်များက အလောင်းလေးလောင်းကို ရှာဖွေတွေ့ရှိရကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဇွန် ၉ ရက်တွင် သတင်းထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ တက္ကသိုလ်တစ်ခုမှ လေ့လာရေးခရီး
ထွက်လာခဲ့ကြသော ကျောင်းသားများနှင့် ပါမောက္ခတစ်ဦးတို့သည် ဇွန် ၈ ရက်က ဟီမာချယ်ပရာဒေ့ရှ်ပြည်နယ်ရှိ ဘီးယက်စ်မြစ်အတွင်း
ရေချိုးဆင်းနေချိန်တွင် မြစ်အတွင်းသို့ ဆည်ရေဖောက်ထုတ်မှုကြောင့် ရေစီးဖြင့်မျော ပါသွားခဲ့ကြရကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့ကပြောကြားသည်။

ဆည်ရေဖောက်ထုတ်မှုကြောင့် မြစ်ရေရုတ်ခြည်း မြင့်တက်ခဲ့ပြီး ရေချိုးနေသူများ ရေစီးဖြင့်မျောပါခဲ့ကြရကြောင်း၊ အလောင်းလေးလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်သူများအသက်ရှင်သန်နိုင်မှုမှာ မျှော်လင့်ချက်မှေးမှိန်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

အိန္ဒိယနိုင်ငံတောင်ပိုင်း ဟိုက်ဒြာဘတ်မြို့ရှိ ဗီနာနာဂျိုတီအင်ဂျင်နီယာနှင့် နည်းပညာတက္ကသိုလ်မှ လေ့လာရေးခရီးထွက်ခွာလာကြသော ကျောင်းသားများနှင့် ပါမောက္ခတစ်ဦးတို့ မမျှော်လင့်ဘဲ ကြမ္မာဆိုးနှင့် တွေ့ကြုံ ရခြင်းဖြစ်သည်။
ဆည်ရေဖောက်ထုတ်ခြင်းမပြုမီ ကြိုတင်သတိပေးမှု မရှိခဲ့ကြောင်း အဆိုပါတက္ကသိုလ်မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပီတီအိုင်။
The Mirror Daily
အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်ကုန်းတောင်တန်းများထူထပ်သော ဟီမာချယ်ပရာဒေ့ရှ်ပြည်နယ်ရှိ မြစ် တစ်စင်း အတွင်း ရေချိုးနေကြသော ကျောင်းသား ၂ဝနှင့် ဆရာတစ်ဦးတို့သည် ဆည်တစ်ခုမှ ရေဖောက် ထုတ်လိုက်မှုကြောင့် ရေစီးဖြင့် မျောပါသွားခဲ့ကြရကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့ဝင်များက အလောင်း လေးလောင်း ကို ရှာဖွေတွေ့ရှိရကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဇွန် ၉ ရက်တွင် သတင်းထုတ်ပြန် သည်။

အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ တက္ကသိုလ်တစ်ခုမှ လေ့လာရေးခရီး ထွက်လာခဲ့ကြသော ကျောင်းသားများနှင့် ပါမောက္ခတစ်ဦးတို့သည် ဇွန် ၈ ရက်က ဟီမာချယ်ပရာဒေ့ရှ်ပြည်နယ်ရှိ ဘီးယက်စ်မြစ်အတွင်း ရေချိုးဆင်း နေချိန်တွင် မြစ်အတွင်းသို့ ဆည်ရေဖောက်ထုတ်မှုကြောင့် ရေစီးဖြင့်မျော ပါသွားခဲ့ကြရကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ကပြောကြားသည်။

ဆည်ရေဖောက်ထုတ်မှုကြောင့် မြစ်ရေရုတ်ခြည်း မြင့်တက်ခဲ့ပြီး ရေချိုးနေသူများ ရေစီးဖြင့်မျောပါ ခဲ့ကြရ ကြောင်း၊ အလောင်းလေးလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်သူများအသက်ရှင်သန်နိုင်မှုမှာ မျှော်လင့်ချက် မှေးမှိန်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

အိန္ဒိယနိုင်ငံတောင်ပိုင်း ဟိုက်ဒြာဘတ်မြို့ရှိ ဗီနာနာဂျိုတီအင်ဂျင်နီယာနှင့် နည်းပညာတက္ကသိုလ်မှ လေ့လာရေး ခရီးထွက်ခွာလာကြသော ကျောင်းသားများနှင့် ပါမောက္ခတစ်ဦးတို့ မမျှော်လင့်ဘဲ ကြမ္မာဆိုးနှင့် တွေ့ကြုံ ရခြင်းဖြစ်သည်။ ဆည်ရေဖောက်ထုတ်ခြင်းမပြုမီ ကြိုတင်သတိပေးမှု မရှိခဲ့ကြောင်း အဆိုပါ တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပီတီအိုင်။
The Mirror Daily

No comments:

Post a Comment