Tuesday 10 June 2014

မန္တလေးခရိုင်တရားရုံး ကော်ရစ်ဒါတွင် တရားပြိုင်တစ်ဦး ရုတ်တရက်လဲကျ သေဆုံး

မန္တလေးခရိုင် တရားရုံး ကော်ရစ်ဒါတွင် တရားပြိုင်တစ်ဦး ရုတ်တရက် လဲကျကာ ဒဏ်ရာရရှိပြီး သေဆုံး မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မန္တလေးဆေးရုံ ကြီး၌ ယခုလ ၄ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၄ဝ က သေဆုံးသူ တစ်ဦးရောက်ရှိ နေကြောင်း သတင်း အရ နယ်မြေစခန်းမှူး အမှတ် (၃) ရဲအုပ်ထိုက်လင်းစိုးနှင့် အဖွဲ့ သွား ရောက်စစ်ဆေး ခဲ့ကြသည်။

သေဆုံးသူမှာ ဦးမျိုးမြင့် (၆၅နှစ်) ထီရောင်း မင်းတဲအီကင်း ရပ်ကွက်၊ အောင်မြေသာစံမြို့နယ် နေသူဖြစ်ပြီး ¤င်းသည် မန္တလေး ခရိုင်တရားရုံးတွဲဖက်တရားသူကြီး (၁)ဒေါ်ခင်မြင့်မြင့်၏တရားခွင်တွင် တရားမကြီး အမှုအမှတ်(၂၃၁/ ၂ဝ၁၂) အမှုကို တရားပြိုင်(၃) အဖြစ် ထွက်ဆိုစစ်ဆေးခဲ့ပြီး ဇနီး ဖြစ်သူ ဒေါ်ဌေးဌေးလွင် နှင့် အတူ ရုံးမှပြန်ထွက်လာစဉ် မန္တလေး ခရိုင်တရားရုံး ကော်ရစ်ဒါ၌ ရုတ် တရက်လဲကျပြီးနောက်စေ့တွင် ဖူး ရောင်ဒဏ်ရာရရှိကာမေ့မြောသွား သဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ ဆောင်စဉ်သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသေဆုံးသူ၏ ဇနီး ပြောပြချက်အရ ခင်ပွန်းဖြစ်သူ သည် လွန်ခဲ့သောတစ်နှစ်ခန့်က နှလုံးသွေးကြော ကျယ်ရောဂါဖြင့် ဆေးကုသမှုခံယူနေရသူဖြစ်ကြောင်း သိရှိရ၍ မန္တလေးတိုင်းဒေသကြီး နယ်မြေခံ ရဲစခန်းအမှတ်(၃)က သေမှုသေခင်းအမှတ်စဉ်၃/၂ဝ၁၄ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကျော်မင်းသော်
The Union Daily 

No comments:

Post a Comment