Tuesday 10 June 2014

လက်နက်ကိုင်သောင်းကျန်းသူများကို နှစ်နိုင်ငံနယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ ပူးပေါင်းနှိမ်နင်းရန် မြန်မာနယ်စပ်လုံခြုံရေးက တောင်းဆိုခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြည်ထောင်စုအဆင့်အစည်းအဝေးမှသာ ရလဒ်ရရှိမည်ဟုပြန်လည်ပြောကြားခဲ့

Photo: လက်နက်ကိုင်သောင်းကျန်းသူများကို နှစ်နိုင်ငံနယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ ပူးပေါင်းနှိမ်နင်းရန် မြန်မာနယ်စပ်လုံခြုံရေးက တောင်းဆိုခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြည်ထောင်စုအဆင့်အစည်းအဝေးမှသာ ရလဒ်ရရှိမည်ဟုပြန်လည်ပြောကြားခဲ့
Tuesday, June 10, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် သောင်းကျန်းသူလက် နက်ကိုင်များနှင့် မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား မကြာခဏတိုက်ပွဲဖြစ် ပွားမှုကြောင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များ အချင်းချင်းနားလည်မှုလွဲကာ
နှစ်ဖက်စစ်ရေးပြင်ဆင်မှုအဆင့် အထိဖြစ်ခဲ့သော်လည်း မေ ၃ဝ ရက်မှ အခြေအနေပြန်လည်တည် ငြိမ်ကာ နှစ်နိုင်ငံအလံတင်အစည်းအဝေးကို 

ဇွန် ၅ ရက်က မောင်တောမြို့နယ်စပ်ကုန် သည်များအသင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ သောင်းကျန်းသူ လက်နက်ကိုင် များကို နှစ်နိုင်ငံနယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ ပူးပေါင်းနှိမ်နင်းရန် မြန်မာနယ်စပ်လုံခြုံရေး မှတောင်းဆိုခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် ဘက်မှ ပြည်ထောင်စုအဆင့်အစည်းအဝေး မှသာ ရလဒ်ရရှိမည်ဟုပြန်လည်ပြောကြား ခဲ့ကြောင်း အစည်းအဝေးမှတ်တမ်းများအ ရသိရသည်။

''ကျွန်တော်တို့ ခိုင်မာတဲ့သတင်း အချက်အလက်တွေအရ ဘင်္ဂလားဒေ့ရှ်နယ် စပ်မှာလက်နက်ကိုင် အကြမ်းဖက်နေတဲ့သူ တွေရှိတယ်။ အဲဒီအပြင်သူတို့က ဘင်္ဂလား ဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ အင်္ကျီအရောင် ဆင်တူတာတွေကို ဖန်တီးဝတ်နေကြပါတယ်'' ဟု မောင်တောနယ်စပ်လုံခြုံရေးကို တာဝန် ယူထားသည့် အမှတ်(၁)နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့ မှူးရုံးမှ ကွပ်ကဲရေးမှူး ရဲမှူး ချုပ်တင်ကိုကို ကပြောကြားခဲ့ကြောင်း အစည်း အဝေးတွင် ရှိနေခဲ့သူတစ်ဦးက ပြောသည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ လာမည့်ရက်သတ္တပတ်အတွင်း ကျင်းပရန်စီစဉ်ထားသည့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲမှာသာ အဖြေရလဒ်ကို အတိအကျပေးနိုင်ရန်စီစဉ်ထားကြောင်း လည်း သိရသည်။ 

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေးအရာရှိများအစည်းအဝေးကို မကြာ ခဏမြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင်အလှည့်ကျပုံမှန်ပြုလုပ်နေသော်လည်း RSO လက်နက်ကိုင်သောင်းကျန်းသူများနှင့် မြန်မာ နယ်စပ်တပ်ဖွဲ့ဝင်များ အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များ ကျဆုံးခဲ့မှုများဖြစ်ပေါ်ခဲ့ရာ မေ လတစ်လတည်းတွင် အလံတင်အစည်းအ ဝေးနှစ်ကြိမ်နှင့် ယခုဇွန် ၅ ရက်တွင် တစ်ကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။

နယ်စပ်ဒေသ၏ အခြေအနေမှာ နှစ်ဖက်စစ်ရေးပြင်ဆင်မှုအဆင့်အထိရှိနေ ခဲ့သော်လည်း မေ ၃ဝ ရက်မှ ယနေ့အထိ အခြေအနေတည်ငြိမ်နေခဲ့သည်။ သို့သော် လည်း နယ်စပ်တစ်လျှောက်တွင် သောင်း ကျန်းသူ လက်နက်ကိုင်အဖွဲ့ များရှိနေသည့် အတွက် မြန်မာဘက်မှ တိုးမြှင့်ထားသည့် လုံခြုံရေးဝန်ထမ်း များကို လောလောဆယ် လျှော့ချဦးမည်မဟုတ်ကြောင်း လုံခြုံရေး တာဝန်ရှိသူများ၏ ပြောစကားကို ကိုးကား ၍ ဌာနဆိုင်ရာအကြီးအကဲတစ်ဦးက ပြော သည်။

Flower News Journal | Vol-10, No-22

Yangon Media Group
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် သောင်းကျန်းသူလက် နက်ကိုင်များနှင့် မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား မကြာခဏတိုက်ပွဲဖြစ် ပွားမှုကြောင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များ အချင်းချင်း နား လည်မှုလွဲကာ နှစ်ဖက်စစ်ရေးပြင်ဆင်မှုအဆင့် အထိဖြစ်ခဲ့သော်လည်း မေ ၃ဝ ရက်မှ အခြေအနေပြန်လည် တည် ငြိမ်ကာ နှစ်နိုင်ငံအလံတင်အစည်းအဝေးကို ဇွန် ၅ ရက်က မောင်တောမြို့ နယ်စပ်ကုန်သည်များ အသင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ သောင်းကျန်းသူ လက်နက်ကိုင် များကို နှစ်နိုင်ငံ နယ်စပ် လုံခြုံရေး တပ်ဖွဲ့မှ ပူးပေါင်းနှိမ်နင်းရန် မြန်မာနယ်စပ်လုံခြုံရေး မှတောင်းဆိုခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် ဘက်မှ ပြည်ထောင်စုအဆင့်အစည်းအဝေး မှသာ ရလဒ်ရရှိမည်ဟုပြန်လည်ပြောကြား ခဲ့ကြောင်း အစည်း အဝေး မှတ်တမ်းများအ ရသိရသည်။

''ကျွန်တော်တို့ ခိုင်မာတဲ့သတင်း အချက်အလက်တွေအရ ဘင်္ဂလားဒေ့ရှ်နယ် စပ်မှာလက်နက်ကိုင် အကြမ်းဖက်နေတဲ့သူ တွေရှိတယ်။ အဲဒီအပြင်သူတို့က ဘင်္ဂလား ဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ အင်္ကျီအရောင် ဆင်တူတာတွေကို ဖန်တီးဝတ်နေကြပါတယ်'' ဟု မောင်တောနယ်စပ်လုံခြုံရေးကို တာဝန် ယူထားသည့် အမှတ်(၁)နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့ မှူးရုံးမှ ကွပ်ကဲရေးမှူး ရဲမှူး ချုပ်တင်ကိုကို ကပြောကြားခဲ့ကြောင်း အစည်း အဝေးတွင် ရှိနေခဲ့သူတစ်ဦးက ပြောသည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ လာမည့်ရက်သတ္တပတ်အတွင်း ကျင်းပရန်စီစဉ်ထားသည့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲမှာသာ အဖြေရလဒ်ကို အတိအကျပေးနိုင်ရန်စီစဉ်ထားကြောင်း လည်း သိရသည်။ 

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေးအရာရှိများအစည်းအဝေးကို မကြာ ခဏမြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်တွင်အလှည့်ကျပုံမှန်ပြုလုပ်နေသော်လည်း RSO လက်နက်ကိုင်သောင်းကျန်းသူများနှင့် မြန်မာ နယ်စပ်တပ်ဖွဲ့ဝင်များ အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များ ကျဆုံး ခဲ့မှုများဖြစ်ပေါ်ခဲ့ရာ မေ လတစ်လတည်းတွင် အလံတင်အစည်းအ ဝေးနှစ်ကြိမ်နှင့် ယခုဇွန် ၅ ရက်တွင် တစ်ကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။

နယ်စပ်ဒေသ၏ အခြေအနေမှာ နှစ်ဖက်စစ်ရေးပြင်ဆင်မှုအဆင့်အထိရှိနေ ခဲ့သော်လည်း မေ ၃ဝ ရက်မှ ယနေ့အထိ အခြေအနေတည်ငြိမ်နေခဲ့သည်။ သို့သော် လည်း နယ်စပ်တစ်လျှောက်တွင် သောင်း ကျန်းသူ လက်နက်ကိုင်အဖွဲ့ များရှိနေသည့် အတွက် မြန်မာဘက်မှ တိုးမြှင့်ထားသည့် လုံခြုံရေးဝန်ထမ်း များကို လောလောဆယ် လျှော့ချဦးမည်မဟုတ်ကြောင်း လုံခြုံရေး တာဝန်ရှိသူများ၏ ပြောစကားကို ကိုးကား ၍ ဌာနဆိုင်ရာအကြီးအကဲတစ်ဦးက ပြော သည်။

Flower News Journal | Vol-10, No-22
Yangon Media Group 

No comments:

Post a Comment