Tuesday 10 June 2014

တရုတ်မှ နေ့စဉ် အေးခဲကြက်သား ခြောက်တန်ခန့် ဝင်ရောက်နေမှု တိုင်းဒေသကြီး အစိုးရသို့ ထပ်မံတင်ပြမည်

Photo: တရုတ်မှ နေ့စဉ် အေးခဲကြက်သား ခြောက်တန်ခန့် ဝင်ရောက်နေမှု တိုင်းဒေသကြီး အစိုးရသို့ ထပ်မံတင်ပြမည်
Tuesday, June 10, 2014

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယ်စပ်လမ်းကြောင်းမှတစ်ဆင့် မန္တလေးမြို့တွင်းသို့ တရားမဝင် အေးခဲကြက်သား ခြောက်တန်ခန့် နေ့စဉ် ဝင်ရောက်နေရာ ပြည်တွင်း ကြက်သားဈေးကွက် ထိခိုက်နေသဖြင့် တားဆီး ထိန်းချုပ်ပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ထပ်မံ တင်ပြသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် (မန္တလေး) အတွင်းရေးမှူး ဒေါက်တာမြင့်ဦးက ပြောကြားသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနသို့ အေးခဲကြက်သား၊ ဘဲသားများ ဝင်ရောက်နေမှုကို တားဆီး ထိန်းချုပ်ပေးရန် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်းက စာပို့သော်လည်း အရေးယူမှု မရှိသဖြင့် ထပ်မံ တင်ပြရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“နေ့စဉ် ဒီလို ဝင်နေတာကနေ ပိုပြီး တိုးဝင်လာရင် ပြည်တွင်းထုတ်လုပ်မှုကို ထိခိုက်နိုင်တယ်။ ပြည်တွင်းဈေးက မြင့်နေလို့ သူတို့ဆီကနေ ဝင်လာတာပါ။ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရဲ့လား ဆိုတာလည်း မသိနိုင်ဘူး” ဟု ၎င်းက ထပ်မံဆိုသည်။

အဆိုပါ ကြက်သား အေးခဲသားများအပြင် ကြက်ကလီစာ၊ ကြက်တောင်ပံ၊ ကြက်ဖင်ဆီဘူးများ အပါအဝင် တစ်ရက်လျှင် တန်ချိန် ခြောက်တန်မှ ၁၀ တန်ခန့်အထိ ဝင်ရောက်မှု ရှိနေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း တရားမဝင် ကုန်ပစ္စည်းများ တားဆီး ထိန်းချုပ်ရေး ရွေ့လျားအဖွဲ့ နှစ်ဖွဲ့ဖြင့် စစ်ဆေး ဖမ်းဆီးလျက်ရှိပြီး ဒေသခံများ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနက ပြည်တွင်းစားသောက်ကုန် ထုပ်ပိုးမှုများ စစ်ဆေးပြီး ဘေးအန္တရာယ် မကင်းဟု သံသယ ရှိသည့် စားသောက်ကုန်များကို FDA သို့ ဓာတ်ခွဲစမ်းသပ်ရန် ပေးပို့သွားမည် ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။

“အေးခဲသားတွေ ဝင်နေတာကို Mobile Team က ဖမ်းဆီး ထိန်းချုပ်ဖို့ ခက်တယ်။ အေးခဲသားက ခရီးသည်တွေနဲ့အတူ သယ်ရင် ခရီးသည်တင် ကားတွေနဲ့ သယ်ရင် စစ်ဆေးဖို့ ခက်တယ်” ဟု မန္တလေးတိုင်းဒေသကြီး ရွေ့လျားစစ်ဆေးရေးအဖွဲ့ (Mobile Team) တွင် ပါဝင်သူ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးသူက ဆိုသည်။

မန္တလေးမြို့တော်တွင် နေ့စဉ် ကြက်သားပိဿာချိန် လေးသောင်းခန့် စားသုံးမှု ရှိပြီး မန္တလေး ကြက်သားဈေးကွက်သည် ခြံဖမ်းဈေးနှင့် လက်လီဈေးတွင် ရောင်းချသည့် နှုန်းထား ကွာဟမှုများကြောင့် ကြက်သားထုတ်လုပ်မှုကို ထိခိုက်စေကြောင်း မန္တလေးမြို့တော်ရှိ ကြက်မွေးမြူရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“ခုလက်ရှိမှာ ခြံဈေးက တစ်ပိဿာ ၃၆၀၀ ရှိတယ်။ ဈေးထဲမှာ ရောင်းဈေးက ၆၀၀၀ ရှိတယ်။ ကြားပွဲစားတွေ ရှိနေတော့ ဒီလို ဈေးကွာတာတွေ လျှော့ချသင့်တယ်” ဟု ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် တစ်ရက်လျှင် ကြက်ကောင်ရေ ခြောက်ထောင်ခန့် ထုတ်လုပ် ဖြန့်ဖြူးနိုင်သည့် စက်ရုံကို ဇူလိုင်လတွင် စတင်လည်ပတ်မည် ဖြစ်ကြောင်း Mandalay Livestock Development ကုမ္ပဏီ တာဝန်ရှိသူထံမှ သိရသည်။

The Voice Weekly
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယ်စပ်လမ်းကြောင်းမှတစ်ဆင့် မန္တလေးမြို့တွင်းသို့ တရားမဝင် အေး ခဲကြက်သား ခြောက်တန်ခန့် နေ့စဉ် ဝင်ရောက်နေရာ ပြည်တွင်း ကြက်သားဈေးကွက် ထိခိုက်နေသဖြင့် တားဆီး ထိန်းချုပ်ပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ထပ်မံ တင်ပြသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် (မန္တလေး) အတွင်းရေးမှူး ဒေါက်တာမြင့်ဦးက ပြောကြားသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနသို့ အေးခဲကြက်သား၊ ဘဲသားများ ဝင်ရောက်နေမှုကို တားဆီး ထိန်းချုပ်ပေးရန် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်းက စာပို့သော်လည်း အရေးယူမှု မရှိသဖြင့် ထပ်မံ တင်ပြရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“နေ့စဉ် ဒီလို ဝင်နေတာကနေ ပိုပြီး တိုးဝင်လာရင် ပြည်တွင်းထုတ်လုပ်မှုကို ထိခိုက်နိုင်တယ်။ ပြည်တွင်းဈေးက မြင့်နေလို့ သူတို့ဆီကနေ ဝင်လာတာပါ။ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရဲ့လား ဆိုတာလည်း မသိနိုင်ဘူး” ဟု ၎င်းက ထပ်မံဆိုသည်။

အဆိုပါ ကြက်သား အေးခဲသားများအပြင် ကြက်ကလီစာ၊ ကြက်တောင်ပံ၊ ကြက်ဖင်ဆီဘူးများ အပါအဝင် တစ်ရက်လျှင် တန်ချိန် ခြောက်တန်မှ ၁၀ တန်ခန့်အထိ ဝင်ရောက်မှု ရှိနေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း တရားမဝင် ကုန်ပစ္စည်းများ တားဆီး ထိန်းချုပ်ရေး ရွေ့လျားအဖွဲ့ နှစ်ဖွဲ့ဖြင့် စစ်ဆေး ဖမ်းဆီးလျက်ရှိပြီး ဒေသခံများ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနက ပြည်တွင်းစားသောက်ကုန် ထုပ်ပိုးမှုများ စစ်ဆေးပြီး ဘေးအန္တရာယ် မကင်းဟု သံသယ ရှိသည့် စားသောက်ကုန်များကို FDA သို့ ဓာတ်ခွဲစမ်းသပ်ရန် ပေးပို့သွားမည် ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။

“အေးခဲသားတွေ ဝင်နေတာကို Mobile Team က ဖမ်းဆီး ထိန်းချုပ်ဖို့ ခက်တယ်။ အေးခဲသားက ခရီးသည်တွေနဲ့အတူ သယ်ရင် ခရီးသည်တင် ကားတွေနဲ့ သယ်ရင် စစ်ဆေးဖို့ ခက်တယ်” ဟု မန္တလေးတိုင်းဒေသကြီး ရွေ့လျားစစ်ဆေးရေးအဖွဲ့ (Mobile Team) တွင် ပါဝင်သူ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးသူက ဆိုသည်။

မန္တလေးမြို့တော်တွင် နေ့စဉ် ကြက်သားပိဿာချိန် လေးသောင်းခန့် စားသုံးမှု ရှိပြီး မန္တလေး ကြက်သား ဈေး ကွက်သည် ခြံဖမ်းဈေးနှင့် လက်လီဈေးတွင် ရောင်းချသည့် နှုန်းထား ကွာဟမှုများကြောင့် ကြက်သား ထုတ်လုပ်မှုကို ထိခိုက်စေကြောင်း မန္တလေးမြို့တော်ရှိ ကြက်မွေးမြူရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြား သည်။

“ခုလက်ရှိမှာ ခြံဈေးက တစ်ပိဿာ ၃၆၀၀ ရှိတယ်။ ဈေးထဲမှာ ရောင်းဈေးက ၆၀၀၀ ရှိတယ်။ ကြားပွဲစားတွေ ရှိနေတော့ ဒီလို ဈေးကွာတာတွေ လျှော့ချသင့်တယ်” ဟု ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် တစ်ရက်လျှင် ကြက်ကောင်ရေ ခြောက်ထောင်ခန့် ထုတ်လုပ် ဖြန့်ဖြူးနိုင်သည့် စက်ရုံကို ဇူလိုင်လတွင် စတင်လည်ပတ်မည် ဖြစ်ကြောင်း Mandalay Livestock Development ကုမ္ပဏီ တာဝန်ရှိသူထံမှ သိရသည်။

The Voice Weekly 

No comments:

Post a Comment