Tuesday 10 June 2014

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၉ နှစ်ပြည့် မွေးနေ့ ပန်းချီပြပွဲ ကျင်းပမည်

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသည့်အနေဖြင့် အသက် ၆၉ နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ပန်းချီ ဆရာသုံးဦးမှ စုအတွက် For Suu ဆိုသည့် အမည်ဖြင့် ပန်းချီပြပွဲ ပြသသွားမည်ဖြစ်သည်။

 ထိုပြပွဲကို ဇွန် ၁၄ ရက်မှ ၂၁ရက်အထိ အမှတ် ၁၃၄ ၊ ၃၅ လမ်း(အလယ်ဘလောက်) River Ayeyarwaddy တွင်ပြသ သွားမည် ဖြစ်သည်ဟု ပြပွဲစီစဉ်သူ မဖြူအိသိန်းက မဇ္ဈိမကိုပြောသည်။

“ ဒေါ်အောင်ဆန်းစုကြည်လို မြန်မာ့ခေါင်းဆောင်ကောင်း တစ်ယောက်ကို လေးစားအားကျလို့ သူ့ရဲ့မွေးနေ့ အမှတ်တရ အတွက် ပန်းချီပြပွဲလေး ပြုလုပ်လိုက်တာပါ။ဒေါ်အောင်ဆန်းစုကြည်က အသက် ၆၉ နှစ်ပြည့်ဖြစ်လို့ အစ်မတို့က ပန်းချီကား ၆၉ ကားကို ပြသသွားမှာပါ ” ဟု၎င်းကပြောသည်။

အဆိုပါ ပြပွဲတွင် ပါဝင်ပြသမည့် ပန်းချီဆရာစိုင်းလင်းမြတ်က “ ကျွန်တော်ရှင်းရှင်းပြောရရင် ပြချင်လို့ ပြတယ်။ အမေစု ကို လေးစားတယ် ၊ ကြည်ညိုတယ် ၊ စိတ်နေသဘောထားကို ကြိုက်လို့ အခုလို အမေစုပုံကို ရေးဆွဲဖြစ်တာပါ။နိုင်ငံရေး မပါဘူး။ ပုဂ္ဂိုလ်ရေးအရ လေးစားလို့ ရေးဆွဲပြသ ထားတာပါ။ ပန်းချီကားကို ကြည့်ချင်သလို ကြည့်လို့ရတယ်။ ဝေဖန်ချင်သလို ဝေဖန်လို့ရတယ်” ဟုပြောသည်။

ယင်းပြပွဲတွင်  ပန်းချီ စိုင်းလင်းမြတ် ၊ ပန်းချီ မမွှေး နှင့် ပန်းချီ ချော
အိသိမ်း စသည့် ပန်းချီဆရာ သုံးဦးတို့က ပါဝင်ပြသ မည်ဖြစ်ပြီး ရေဆေး ၊ ဆီဆေး ၊ အခရိုင်းလစ် ၊ ခဲ ၊ ပါ့စ်စတယ် ၊ မှင် စသည့် ဆေးမျိုးဖြင့် ရေးဆွဲ ထားခြင်းဖြစ်သည်။ ယင်းပန်းချီကား များတွင် အဓိပ္ပာယ်များစွာ ပါဝင်လျက်ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment