Tuesday 10 June 2014

ကားအသုံးပြုမှု ဆန့်ကျင်သူ ထောင်ပေါင်းများစွာ အ၀တ်ဗလာဖြင့် စက်ဘီးစီးဆန္ဒပြ

၂၀၁၄ ဇွန်လ ၇ ရက်တွင် ကျရောက်သော ၁၁ နှစ်မြောက် ကမ္ဘာ့အ၀တ်ဗလာစက်ဘီးစီးနေ့အတွက် ပေါ့လန်းမြို့လမ်းမများတွင် လှည့်လည်၍ ပြင်ဆင်နေသော စက်ဘီးစီးသူများ (REUTERS/Steve Dipaola)
ပေါ့လန်း- မော်တော်ကားဖြင့် မောင်းနှင်သွားလာခြင်းအစား စက်ဘီးစီးသူပိုများလာစေရန် ဆန္ဒပြသည့် (၁၁) နှစ်မြောက် ကမ္ဘာ့အ၀တ်ဗလာဖြင့် စက်ဘီးစီးနေ့တွင် အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ် ပေါ့လန်းမြို့၏ လမ်းမများတွင် အ၀တ်ဗလာဖြင့် လူထောင်ပေါင်းများစွာသည် စက်ဘီးများ စီး၍ ဆန္ဒပြခဲ့ကြသည်။

၎င်းတို့သည် စက်ဘီးတာယာများတွင် တပ်ထားသော မီးများဖွင့်၍ ခေါင်းလောင်းများတီးကာ ဆန္ဒပြခဲ့ကြပြီး ပရိသတ်များက သြဘာပေးခဲ့သည်။
အလားတူ ဆန္ဒပြပွဲများကို အမေရိကန်နိုင်ငံရှိ မြို့ပေါင်း ၇၅ မြို့နှင့် အခြားနိုင်ငံပေါင်း ၂၀ တို့တွင် ပြုလုပ်ခဲ့ သော်လည်း ပေါ့လန်းမြို့တွင် ယမန်နှစ်က ဆန္ဒပြသူ ၈၀၀၀ ခန့်ရှိပြီး အင်အားအများဆုံး ဖြစ်သည်ဟု သိရသည်။

သို့သော် အခြားမြို့များတွင်ကဲ့သို့မဟုတ်ဘဲ ပေါ့လန်းမြို့ စက်ဘီးစီးချီတက်မှုမှာ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဆန္ဒပြပွဲတစ်ခုအဖြစ် အများက မှတ်ယူကြသည်။

ယခု ဆန္ဒပြပွဲမှာ စက်ဘီးစီးသူများ၏ ထိခိုက်လွယ်မှုကို ပြသခြင်းဖြစ်သည်ဟု ဆန္ဒပြသူများက ပြောသည်။

‘‘ဘေးပတ်ဝန်းကျင်က လူနည်းနည်းလောက် ကျွန်တော်တို့ဆီ တိုင်ထားပါတယ်။ ဒါပေမဲ့ အားလုံးခြုံကြည့် ရင် စိုးရိမ်စရာ ကိစ္စ များများစားစား မရှိပါဘူး’’ ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပီတာဆင်ဆွမ်က ယင်း စက်ဘီး စီး ဆန္ဒပြပွဲ မတိုင်မီ ပြောကြားပြီး မိမိအနေဖြင့် အကောင်းဆုံး အကြံပေးလိုသည်မှာ အ၀တ်ဗလာ ဖြင့် စက်ဘီးစီးဆန္ဒပြသူများကို မမြင်တွေ့လိုသူများအနေဖြင့် အိမ်အပြင်မထွက်ကြရန်ပင်ဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

Ref: Reuters
7Day DAILY 

No comments:

Post a Comment