Tuesday 10 June 2014

မြန်မာနိုင်ငံ၏ မော်ဒန်ခေတ်ဦး ပန်းချီဆရာကြီးများအနက် တစ်ဦးဖြစ်သည့် ပန်းချီ ဦးခင်မောင်ရင် ကွယ်လွန်

Photo: မြန်မာနိုင်ငံ၏ မော်ဒန်ခေတ်ဦး ပန်းချီဆရာကြီးများအနက် တစ်ဦးဖြစ်သည့် ပန်းချီ ဦးခင်မောင်ရင် ကွယ်လွန် 
Tuesday, June 10, 2014 

မြန်မာနိုင်ငံ၏ မော်ဒန်ခေတ်ဦးတွင် ပါဝင်ခဲ့သည့် ပန်းချီဆရာကြီးများအနက် တစ်ဦးဖြစ်သည့် ပန်းချီဦးခင်မောင်ရင်သည် ဇွန် ၁ဝ ရက်၊ ညနေ ၃ နာရီခွဲဝန်းကျင်တွင် ပင်လုံဆေးရုံ၌ အသံအိုးကင်ဆာဖြင့် ကွယ်လွန်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပန်းချီဦးခင်မောင်ရင်ကို ၁၉၃၈ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်တွင် သာယာကုန်းရွာ၊ ပဲခူးမြို့၌ မွေးဖွားခဲ့သည်။ ဗိသုကာအင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပြီး ၁၉၆ဝ ပြည့်နှစ်တွင် ပန်းချီ စတင်ရေးဆွဲခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ပန်းချီ ဦးခင်မောင်ရင်၏ ပထမဆုံးတစ်ကိုယ်တော်ပြပွဲ ပြုလုပ်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် မြန်မာမော်ဒန်လှုပ်ရှားမှုအဖြစ် ပြုလုပ်ခဲ့သည့် ပထမဆုံး မော်ဒန်သီးသန့်ပန်းချီပြပွဲတွင် ဗဂျီအောင်စိုး၊ ဦးခင်မောင်(ဘဏ်)၊ ကိုရွှေအောင်သိမ်း၊ အုပ်ကြီးတို့ဖြင့် တွဲဖက်ပြီး ပြသခဲ့သည်။မြန်မာမော်ဒန် ပန်းချီလှုပ်ရှားမှုတွင် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်ခဲ့သည့် “အေအိုင်” ရုံးခန်း တည်ထောင်သူတစ်ဦးလည်း ဖြစ်သည်။ “နှမ လက်လျှော့နေလေတော့” ရုပ်ရှင်ကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။ ထို့ပြင် ခင်မောင်ရင်အမည်ဖြင့် ပေါ်ဦးသက်အလည်လာခြင်း နှင့်အခြားပန်းချီဆိုင်ရာ စာအုပ်များရေးသားခဲ့သည်။

ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ်ရှိပြီဖြစ်သည့် ပန်းချီဦးခင်မောင်ရင်သည် သူ၏ နောက်ဆုံးပန်းချီပြပွဲကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် “ခင်မောင်ရင် ၇၅” အမည် ဖြင့် အသက် ၇၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment