Tuesday 10 June 2014

တရုတ်သို့ ရေကြောင်းမှ သစ်မှောင်ခို အများဆုံး သယ်ယူသည့် ရွှေလီမြစ်ကြောင်းကို စစ်ဆေးမည်

Photo: တရုတ်သို့ ရေကြောင်းမှ သစ်မှောင်ခို အများဆုံး သယ်ယူသည့် ရွှေလီမြစ်ကြောင်းကို စစ်ဆေးမည်
Tuesday, June 10, 2014

သစ်အလုံးလိုက် တင်ပို့မှုများကို တားမြစ်ထားသည်ဟု ဆိုသော်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အတွင်းသို့ ရွှေလီမြစ်ကြောင်းမှတစ်ဆင့် သစ်အလုံးလိုက် တင်ပို့များ ရှိနေသဖြင့် အဆိုပါ မြစ်တစ်လျှောက် သယ်ယူမှုကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ ပူးပေါင်းကာ အင်အား ၆၀ ခန့်ဖြင့် စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း ယင်းပူးပေါင်း စစ်ဆေးရေး အဖွဲ့တွင် ပါဝင်သည့် မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး တစ်ဦးက ပြောကြားသည်။

ကားလမ်းမှတစ်ဆင့် သယ်ယူရာတွင် အဖမ်းအဆီးများကြောင့် မိုးရာသီကာလ ရောက်ချိန်တွင် ရွှေလီမြစ်မှတစ်ဆင့် ဖောင်ဖွဲ့ သယ်ယူလေ့ ရှိသောကြောင့် ဧရာဝတီမြစ်နှင့် ရွှေလီမြစ်ဆုံရာတွင် ဇူလိုင်လမှ စတင်ကာ စောင့်ဆိုင်း ဖမ်းဆီးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် နယ်နိမိတ်ဆုံရာ နယ်မြေများတွင် သစ်များကို တစ်နိုင်တစ်ပိုင် ထုတ်ယူမှုများလည်း ရှိနေကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“အများစုက တစ်နိုင်တစ်ပိုင် သယ်ကြတယ်။ မြစ်ဘက်မှာက ဒိုင်လို ပုံစံမျိုး ရှိတယ်။ ကုန်းလမ်းနဲ့ သယ်ဆောင်တာ ပိုများတယ်။ မိုးရာသီ ရောက်ရင်တော့ ရေကြောင်းကနေ ဖောင်နဲ့ မျှောသယ်ကြတယ်။ တိုင်းနဲ့ ပြည်နယ်သုံးခု အဖွဲ့ပေါင်းပြီး ဖမ်းဆီးမှာပါ” ဟု ၎င်းက ထပ်လောင်း ဆိုသည်။

သစ်မှောင်ခို သယ်ယူမှုများကို မန္တလေးတိုင်းဒေသကြီးတွင် သပိတ်ကျင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ထီးချိုင့်၊ ကသာနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်း၊ မိုးမိတ်၊ ရွှေလီမြစ်၊ ဝိုင်းလုံရွာ အနောက်ဘက်တို့တွင် အများဆုံး ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“ပြည်ပကို မရောက်အောင် ထိန်းသိမ်းနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကိုယ့်နိုင်ငံက သယံဇာတတွေ ပြုန်းတီးနေပါပြီ။ အခုနောက်ပိုင်းမှာ သစ်ဈေးတွေလည်း တက်လာတယ်” ဟု မန္တလေးမြို့လုံးဆိုင်ရာ သစ်စက်ပိုင်ရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးညီညီထွေးက ဆိုသည်။

လက်ရှိ ဘဏ္ဍာနှစ်မှ စတင်၍ ပြည်ပသို့ သစ်အလုံးလိုက် တင်သွင်းမှုကို ရပ်ဆိုင်းခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ နယ်နိမိတ်ဆုံရာ နယ်မြေများတွင် သက်ဆိုင်ရာ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ အားလုံး ပူးပေါင်း၍ ဖမ်းဆီး စစ်ဆေးမှုကို ဧပြီလ ၁ ရက်နေ့မှ စတင် လုပ်ဆောင်ရွက်ခဲ့ကြောင်း ပူးပေါင်း စစ်ဆေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့မှ မေလ ၂၁ ရက်နေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်သုံးခု ပူးပေါင်းစစ်ဆေးရာ သစ်မျိုးစုံ တန်တစ်ထောင်ကျော် ဖမ်းဆီးရမိခဲ့ပြီး သစ်များ သယ်ဆောင်ရာတွင် အသုံးပြုသည့် သက်သေခံ ပစ္စည်းအဖြစ် သစ်သယ်ရာတွင် အသုံးပြုသည့် ကား ၂၁ စီး၊ လက်ကိုင်စက်လွှ ၁၆ လက်၊ တရားမဝင် အင်ဂျင် ၂၂ ကောင် တစ်လုံးတို့ကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

ရွှေလီမြစ်သည် ဧရာဝတီမြစ်နှင့် အမရပူရမြို့နယ်တွင် ပေါင်းဆုံပြီး မြစ်ငယ်မြစ်အဖြစ် စီးဝင်သည်။

The Voice Weekly
သစ်အလုံးလိုက် တင်ပို့မှုများကို တားမြစ်ထားသည်ဟု ဆိုသော်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အတွင်း သို့ ရွှေလီမြစ်ကြောင်းမှတစ်ဆင့် သစ်အလုံးလိုက် တင်ပို့များ ရှိနေသဖြင့် အဆိုပါ မြစ်တစ်လျှောက် သယ်ယူ မှုကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ ပူးပေါင်းကာ အင်အား ၆၀ ခန့်ဖြင့် စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း ယင်းပူးပေါင်း စစ်ဆေးရေး အဖွဲ့တွင် ပါဝင်သည့် မန္တလေးတိုင်း ဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး တစ်ဦးက ပြောကြားသည်။

ကားလမ်းမှတစ်ဆင့် သယ်ယူရာတွင် အဖမ်းအဆီးများကြောင့် မိုးရာသီကာလ ရောက်ချိန်တွင် ရွှေလီမြစ်မှ တစ်ဆင့် ဖောင်ဖွဲ့ သယ်ယူလေ့ ရှိသောကြောင့် ဧရာဝတီမြစ်နှင့် ရွှေလီမြစ်ဆုံရာတွင် ဇူလိုင်လမှ စတင်ကာ စောင့်ဆိုင်း ဖမ်းဆီးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် နယ်နိမိတ်ဆုံရာ နယ်မြေများတွင် သစ်များ ကို တစ်နိုင်တစ်ပိုင် ထုတ်ယူမှုများလည်း ရှိနေကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“အများစုက တစ်နိုင်တစ်ပိုင် သယ်ကြတယ်။ မြစ်ဘက်မှာက ဒိုင်လို ပုံစံမျိုး ရှိတယ်။ ကုန်းလမ်းနဲ့ သယ်ဆောင်တာ ပိုများတယ်။ မိုးရာသီ ရောက်ရင်တော့ ရေကြောင်းကနေ ဖောင်နဲ့ မျှောသယ်ကြတယ်။ တိုင်းနဲ့ ပြည်နယ်သုံးခု အဖွဲ့ပေါင်းပြီး ဖမ်းဆီးမှာပါ” ဟု ၎င်းက ထပ်လောင်း ဆိုသည်။

သစ်မှောင်ခို သယ်ယူမှုများကို မန္တလေးတိုင်းဒေသကြီးတွင် သပိတ်ကျင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ထီးချိုင့်၊ ကသာနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်း၊ မိုးမိတ်၊ ရွှေလီမြစ်၊ ဝိုင်းလုံရွာ အနောက်ဘက်တို့တွင် အများဆုံး ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“ပြည်ပကို မရောက်အောင် ထိန်းသိမ်းနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကိုယ့်နိုင်ငံက သယံဇာတတွေ ပြုန်းတီးနေပါပြီ။ အခုနောက်ပိုင်းမှာ သစ်ဈေးတွေလည်း တက်လာတယ်” ဟု မန္တလေးမြို့လုံးဆိုင်ရာ သစ်စက်ပိုင်ရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးညီညီထွေးက ဆိုသည်။

လက်ရှိ ဘဏ္ဍာနှစ်မှ စတင်၍ ပြည်ပသို့ သစ်အလုံးလိုက် တင်သွင်းမှုကို ရပ်ဆိုင်းခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ နယ်နိမိတ်ဆုံရာ နယ်မြေများတွင် သက်ဆိုင်ရာ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ အားလုံး ပူးပေါင်း၍ ဖမ်းဆီး စစ်ဆေးမှုကို ဧပြီလ ၁ ရက်နေ့မှ စတင် လုပ်ဆောင်ရွက်ခဲ့ကြောင်း ပူးပေါင်း စစ်ဆေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့မှ မေလ ၂၁ ရက်နေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်သုံးခု ပူးပေါင်း စစ်ဆေးရာ သစ်မျိုးစုံ တန်တစ်ထောင်ကျော် ဖမ်းဆီးရမိခဲ့ပြီး သစ်များ သယ်ဆောင်ရာတွင် အသုံးပြုသည့် သက်သေခံ ပစ္စည်းအဖြစ် သစ်သယ်ရာတွင် အသုံးပြုသည့် ကား ၂၁ စီး၊ လက်ကိုင်စက်လွှ ၁၆ လက်၊ တရားမဝင် အင်ဂျင် ၂၂ ကောင် တစ်လုံးတို့ကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး သစ်တော ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

ရွှေလီမြစ်သည် ဧရာဝတီမြစ်နှင့် အမရပူရမြို့နယ်တွင် ပေါင်းဆုံပြီး မြစ်ငယ်မြစ်အဖြစ် စီးဝင်သည်။

The Voice Weekly 

No comments:

Post a Comment