
အီတလီ နိုင်ငံရောမမြို့ရှိ ဗာတီကန်စီးတီးတွင် ပြုလုပ်ခဲ့သော ပုပ်ရဟန်းမင်းကြီး၏ အရှေ့အလယ်ပိုင်း ငြိမ်း ချမ်း ရေးဆွေးနွေးပွဲတွင် ပုပ်ရဟန်းမင်းကြီးက ပါလက်စတိုင်းနှင့် အစ္စရေးခေါင်းဆောင်နှစ်ဦးအား ငြိမ်းချမ်း ရေး ထူထောင်ကြရန် တိုက်တွန်း မိန့် ကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီးသည် မကြာမီက အရှေ့အလယ်ပိုင်းသို့ သမိုင်းဝင် ခရီးသွားရောက် လည်ပတ်ပြီးနောက် ဗာတီကန်တွင် ပါလက်စတိုင်း ခေါင်းဆောင် မာမွတ်အာဘတ်စ် နှင့် အစ္စရေးသမ္မတ ရှီမွန်ပီရက်စ် တို့ကို ဖိတ်ခေါ်ကာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆုတောင်းပွဲကို တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။ သို့သော် ပုပ်ရဟန်းမင်းကြီးက ဗာတီကန်သည် နှစ်ဘက် အကြားတွင် နိုင်ငံရေး စေ့စပ် ညှိနှိုင်းသည့် အနေဖြင့် ဆောင်ရွက်ခြင်း မဟုတ်ကြောင်း အထူးပြု ပြောကြားသည်။
အစ္စရေးနှင့် ပါလက်စတိုင်း တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ ပြီးခဲ့သည့် ဧပြီတွင် ပါလက်စတိုင်း ပြိုင် ဖက် နှစ်ဖွဲ့ဖြစ်သည့် ဟားမားစ်နှင့် ဖာတာတို့ ညီညွတ်ရေး အစိုးရဖွဲ့ပြီးနောက် ပျက်ပြားသွားခဲ့ခြင်းဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးက ““ငြိမ်းချမ်းရေး ထူထောင်ခြင်းဟာ သတ္တိများစွာ လိုတဲ့ကိစ္စပါ။ ငြိမ်းချမ်းရေး ထူထောင် တာဟာ စစ်ပွဲဆင်နွှဲရခြင်း ထက်တောင် သတ်္တိပို လိုအပ်ပါ သေးတယ်””ဟု မိန့်ကြား ခဲ့သည်။
Messenger News Journal
No comments:
Post a Comment