Tuesday 10 June 2014

သေဆုံးသူအား မှုခင်းဆေးပညာအရ စစ်ဆေးကြည့်ရာမှ လူသတ်မှုပေါ်ပေါက်

မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ အောင်ရှင်းနယ်မြေအတွင်း မသင်္ကဖွယ်ရာ လူသေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ရာ သေ ဆုံးသူအား မှုခင်းဆေးပညာအရ စစ်ဆေးဆောင်ရွက်ကြည့်ရာမှ လူသတ်မှုတစ်ခု ပေါ်ပေါက်ခဲ့ကြောင်း မုံရွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်းမှ ပြောပြသည်။

သေဆုံးသူမှာ ကျော်မြင့်ထွန်း(ခ) ငါးခြောက်ပြား အသက်(၃၈)နှစ်ဆိုသူဖြစ်သည်။ ထိုသူသည် ဇွန်လ ၄ ရက်နေ့မွန်းလွဲ ၂ နာရီက သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သေဆုံးခြင်း အမျိုးအစားမှာ ရုတ်တရက်သေဆုံးခဲ့ ခြင်းဖြစ်သည်။ ထို့ကြောင့် မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်လှိုင်မိုးမှ သေမှုသေခင် အမှတ်စဉ် ၅/ ၂၀၁၄ အရ အမှုရေးဖွင့်ကာ သေဆုံးသူ၏အား အလောင်းအား မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ မှုခင်းဆေးပ ညာအရ ဆက်လက်၍ စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်ဆေးရာတွင် သေဆုံးသူမှာ နံရိုးကျိုး၊ အဆုပ်နှစ်ဘက် ဖုယောင်၊ သွေးခြေဥ၊ စုပ်ပြဲ၊ ရင်ခေါင်းအ တွင်း သွေးယိုစီးမှုများကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု မုံရွာပြည်သူ့ဆေးရုံကြီးရှိ မှုခင်းဆရာဝန်ကြီးမှ မှတ်ချက်ပြုခဲ့သည်။

ထို့ကြောင့် ရဲစခန်းမှူး ရဲအုပ် ကျော်လှိုင်မိုးနှင့်အဖွဲ့သည် မသင်္ကဖွယ်ရာ လူသေဆုံးရာအရပ်သို့ သွားရောက်၍ ဒေါ်ပေါရှင်၊ မမိုးမိုးအေး၊ မစိန်မြိုင်၊ မလှဆင့်၊ မဝေကြည်တို့အား စစ်ဆေးမေးမြန်း ခဲ့ရာတွင် သေဆုံးသူ ကျော်မြင့်ထွန်း(ခ) ငါးခြောက်ပြားနှင့် ၎င်း၏ညီဖြစ်သူ ကိုမိုးဇော် ဆိုသူ ညီအကိုနှစ်ယောက်တို့မှာ ဇွန်လ ၃ ရက်နေ့ မနက် ၁၂ နာရီခွဲအချိန်က နေအိမ်အတွင်း ခိုက်ရန်ဖြစ်ပွားခဲ့ရာ ကိုမိုးဇော် ဆိုသူက သေဆုံး၏ ကိုယ်ခန္ဒာအပေါ် တက်ဆောင့်ခဲ့သဖြင့် သေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လူသေဆုံးခဲ့မှုအား မုံရွာနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၅/၂၀၁၄)မှ အမှုကြီး အမှတ်စဉ် ၃ /၂၀၁၄(ပ)၂၂၃/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂ သို့ပြောင်းလဲ အမှုဖွင့်အရေးယူခဲ့ကြောင်း ၎င်း ရဲစခန်းမှ သိရ သည်။

ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း မုံရွာမြို့နယ်၊ ကိုင်းတောကျေးရွာတွင် မသင်္ကဖွယ်ရာ လူတစ်ဦးသေဆုံး ခဲ့ပြီးနောက် ဦးအေးဆိုသူ၏ ယာတောအနီးမြုတ်နှံထားရာမှ သက်ဆိုင်ရာက မေလ(၁၆) တွင် ပြန် လည်တူး ဖော်၍ မှုခင်းဆေး ပညာအရ စစ်ဆေးရာတွင် လူသတ်မှုတစ်ခု ပေါ်ပေါက်ခဲ့သေးကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး (facebook)

No comments:

Post a Comment