Tuesday 10 June 2014

အုပ်စုအဖွင့်ပွဲ အဓိကကျဟု စပိန်ကွင်းလယ်လူ ဒေးဗစ်ဆေးဗား ပြော

Photo: အုပ်စုအဖွင့်ပွဲ အဓိကကျဟု စပိန်ကွင်းလယ်လူ ဒေးဗစ်ဆေးဗား ပြော
Tuesday, June 10, 2014 

လက်ရှိ ချန်ပီယံ စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု ဘီမှာ နယ်သာလန်၊ချီလီ၊ သြစတြေးလျတို့နဲ့  အုပ်စုကြပ်ထဲမှာ ကျရောက်နေပြီး ဇွန် ၁၃ ရက်နေ့ အုပ်စုဖွင့်ပွဲဖြစ်တဲ့ နာမည်ကြီး နယ်သာလန်နဲ့  ရင်ဆိုင်ရမယ့်ပွဲဟာ အဓိကကျတယ်လို့ စပိန်နဲ့ မန်စီးတီး ကွင်းလယ်လူ ဒေးဗစ်ဆေးဗားက ပြောပါတယ်။

“Spains-Silva--007နယ်သာလန်နဲ့ ပွဲက ပထမဆုံး ပွဲဖြစ်လို့ အဓိကကျပါတယ်။ ပထမပွဲတွေက အမြဲတမ်းက အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းက ကျနော်တို့ ပထမပွဲမှာ ရှုံးခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ တကယ်လို့ ပထမပွဲနိုင်ရင် တာထွက်ကောင်းမှာပါ။”

စပိန်အသင်းဟာ ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက အုပ်စုဖွင့်ပွဲမှာ ဆွစ်ဇာလန်ကို တဂိုးဂိုးမရှိနဲ့ ရှုံးထားပါတယ်။

ကွင်းလယ်သမား ဒေးဗစ်ဆေးဗားဟာ နည်းပြ ဒဲဘောစကေးရဲ့ စပိန်လက်ရွေးစင် ၂၃ ယောက် စာရင်းမှာ ဇာဘီ၊ အင်နစစ်တာ၊ ဖာဘရီဂတ်စ်တို့နဲ့အတူ ရွေးချယ်ခံထားရပါတယ်။

စပိန်အသင်းဟာ ဘောလုံး ပိုင်ဆိုင်မှုကို အသားပေးပြီး အပေးအယူ ခပ်စိပ်စိပ်နဲ့ တဖက်အသင်းကို ဖိအားပေး ကစားတဲ့အသင်းဖြစ်ပြီး အားနည်းချက် နည်းတဲ့ အသင်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ တိုက်ကြီးများဖလား ဗိုလ်လုပွဲမှာ အိမ်ရှင် ဘရာဇီးကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

DVB TV News
လက်ရှိ ချန်ပီယံ စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု ဘီမှာ နယ်သာလန်၊ချီလီ၊ သြစတြေးလျတို့နဲ့ အုပ်စုကြပ်ထဲမှာ ကျရောက်နေပြီး ဇွန် ၁၃ ရက်နေ့ အုပ်စုဖွင့်ပွဲဖြစ်တဲ့ နာမည်ကြီး နယ်သာလန်နဲ့ ရင်ဆိုင်ရမယ့်ပွဲဟာ အဓိကကျတယ်လို့ စပိန်နဲ့ မန်စီးတီး ကွင်းလယ်လူ ဒေးဗစ်ဆေးဗားက ပြောပါတယ်။
“Spains-Silva--007နယ်သာလန်နဲ့ ပွဲက ပထမဆုံး ပွဲဖြစ်လို့ အဓိကကျပါတယ်။ ပထမပွဲတွေက အမြဲတမ်း က အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းက ကျနော်တို့ ပထမပွဲမှာ ရှုံးခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ တကယ်လို့ ပထမပွဲနိုင်ရင် တာထွက်ကောင်းမှာပါ။”

စပိန်အသင်းဟာ ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက အုပ်စုဖွင့်ပွဲမှာ ဆွစ်ဇာလန်ကို တဂိုးဂိုးမရှိနဲ့ ရှုံးထားပါတယ်။

ကွင်းလယ်သမား ဒေးဗစ်ဆေးဗားဟာ နည်းပြ ဒဲဘောစကေးရဲ့ စပိန်လက်ရွေးစင် ၂၃ ယောက် စာရင်းမှာ ဇာဘီ၊ အင်နစစ်တာ၊ ဖာဘရီဂတ်စ်တို့နဲ့အတူ ရွေးချယ်ခံထားရပါတယ်။

စပိန်အသင်းဟာ ဘောလုံး ပိုင်ဆိုင်မှုကို အသားပေးပြီး အပေးအယူ ခပ်စိပ်စိပ်နဲ့ တဖက်အသင်းကို ဖိအားပေး ကစားတဲ့အသင်းဖြစ်ပြီး အားနည်းချက် နည်းတဲ့ အသင်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ တိုက်ကြီးများဖလား ဗိုလ်လုပွဲမှာ အိမ်ရှင် ဘရာဇီးကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

DVB TV News

No comments:

Post a Comment