Tuesday 10 June 2014

အင်္ဂလန်အဆိုတော် အက်ရှီရန် ဗြိတိန်၏ တစ်ကိုယ်တော် တေးအယ်လ်ဘမ် စာရင်းနံပါတ်တစ် နေရာတွင်ရှိ

အင်္ဂလန်ပေါ့ပ်အဆိုတော် တစ်ဦးဖြစ်သလို သီချင်းရေး ဆရာတစ်ဦးလည်းဖြစ်သော အက်ရှီရန်သည် ဗြိတိန်နိုင်ငံ၏ အောင်မြင်မှုအရဆုံး တစ်ကိုယ်တော် တေးအယ်လ်ဘမ် စာရင်းတွင် ပထမဦးဆုံးအကြိမ် အဖြစ် နံပါတ်တစ်နေရာကို ရယူနိုင်ခဲ့သည်ဟု ဘီဘီစီသတင်းဌာနက ကြေညာထားသည်။ 

အက်ရှီရန်သည် ဗြိတိန်အဆိုတော် ဆမ်စမစ်၏ နံပါတ်တစ်နေရာအား “Stay With Me” တေး အယ်လ်ဘမ်ဖြင့် အစားထိုး ဝင်ရောက် လာခဲ့ခြင်းဖြစ်ပြီး စမစ်၏ “In the Lonely Hour” တေးအယ်လ်ဘမ် မှာမူ တစ်ကိုယ်တော် တေးအယ်လ်ဘမ် စာရင်းထိပ်ဆုံးနေရာတွင် ဆက်လက်တည်ရှိနေသည်။ 

အသက်၉၇နှစ်ရှိပြီ ဖြစ်သော ဝါရင့်ဂန္တဝင် အဆိုတော် ဒိမ်းဗီရာလန်၏ ယခုသီတင်းပတ်အတွင်း ထွက်ခဲ့သည့် တစ်ကိုယ် တော် တေးအယ်လ်ဘမ်မှာမူ Top 20 စာရင်းတွင် နံပါတ်၁၃နေရာကို ရယူထားနိုင်ခဲ့သည် မှာလည်း အံ့သြဖွယ်ဖြစ်ကြောင်း ဘီဘီစီသတင်း ထုတ်ပြန်ချက်တွင်ပါရှိသည် ဒိန်းဗီရာ၏ ယခုထွက်ရှိသော နှစ်၇ဝပြည့် အထိမ်းအမှတ် တစ်ကိုယ်တော် တေးအယ်လ်ဘမ်တွင် နှစ်လေးဆယ်ကျော် စစ်တွင်းကာလက တေးသီချင်းများ ဖြစ်သည့် We’ll Meet Again, The White Cliffs of Doverတို့လည်းပါဝင်သည်။
သူမသည်  

၂ဝဝ၉ခုနှစ်ကဗြိတိန်၏အောင်မြင်မှုအရဆုံးတစ်ကိုယ်တော်တေးအယ်လ်ဘမ်စာရင်းတွင် ထိပ်ဆုံးနေရာကို ရောက်ရှိ ခဲ့သူဖြစ်ပြီး ယင်းဂီတလောက၏ အအောင်မြင်ဆုံး တစ်ဦးတည်းသော အသက်၉ဝကျော် ဂီတ အနုပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။ 

Mizzima - News in Burmese 

No comments:

Post a Comment