Sunday 24 June 2012

ဒေါ်အောင်ဆန်းစုကြည် ဘာလူမျိုးလဲ… ?


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် မတွေ့ရတာကြာပြီဖြစ်တဲ့ အနောက်နိုင်ငံက အမျိုးတွေဆီ အလည်သွားရင်း ပျော်ရွှင်မြူးထူးနေကြောင်း သတင်းတွေမှာ ဖတ်နေရပါတယ်။ ဒီလို မြန်မာနိုင်ငံသားတစ်ယောက်ကို အနောက်နိုင်ငံတွေက ဖက်လှဲတစ်ကင်းကြိုဆိုနေတာကို တွေ့တော့ကျွန်တော်တို့ အမေစုအတွက် ၀မ်းသာဂုဏ်ယူမိပါတယ်။ ဒါပေမယ့်ဗျာ အမေစုရဲ့ ဥရောပ ခရီးစဉ်တွေမှာ ပြောတဲ့စကားတွေကို နားထောင်ကြည့်မိတော့ အမေစုက အနောက်နိုင်ငံသူကြီး လုံးလုံးလို့တောင် ထင်မိပါတယ်။
ပြီးခဲ့တဲ့ ဗြိတိန်လွှတ်တော်မှာ မိန့်ခွန်းပြောတော့ အမေစုရဲ့ ဟန်ပန်တွေကို ကြည့်ရတာတကယ့်ကို အားရစရာပါပဲ။ ဒါပေမယ့် နားထောင်နေရင်း ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကို အောင်ဆန်းလို့ သုံးထားတာကို နားထောင်ကြည့်မိတော့ နားထဲကို သံရည်ပူ လောင်းချလိုက်သလိုပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာတစ်မျိုးသားလုံးက ဗိုလ်ချုပ် အောင်ဆန်းဆိုပြီး တွဲသိကြတာပါ။ အနောက်နိုင်ငံအသုံးအနှုန်းအရ ဖခင်ကို နာမည်အတိုင်းပြောပေမယ့် ကမ္ဘာက သိတာ ဗိုလ်ချုပ်အောင်ဆန်းလို့ပဲ သိထားကြတာပါ။ ခုလိုပြောလိုက်တော့ ဘယ်လိုပဲ အနောက်တိုင်းဆန်နေပါစေ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ကျင့်ဝတ်နဲ့ သိက္ခာကို မလိုက်နာဘူးလို့ ခံစားလိုက်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အနောက်နိုင်ငံသားကို လင်တော်ခဲ့ပေမယ့် ဒီလိုမျိုး မြန်မာ့ယဉ်ကျေးမှုတွေကို မေ့သွားလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။ သူများတွေပြောနေတဲ့ အနောက်တိုင်းဆန်ပြီး ပါးနမ်း လက်ချိတ် လုပ်နေတာတွေကို နားလည်ခဲ့ပေမယ့် ဖခင်အရင်းတစ်ယောက်အပေါ်မှာ အနောက်တိုင်းဆန်ဆန် ပြောဆိုဆက်ဆံတာကတော့ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ မြန်မာ့ယဉ်ကျေးမှုအရ လက်မခံနိုင်ပါဘူး။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်ပြီး ပြည်တွင်းမှာနေစဉ်က ဘာမှ ပြတ်ပြတ်သားသား မပြောခဲ့ပေမယ့် ပြည်ပထွက်ခွာပြီးရင် နိုင်ငံတကာသိအောင် တင်ပြလိမ့်မယ်လို့ မြန်မာပြည်သူအားလုံးက ထင်မြင်ယူဆခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်က အစိုးရက တရားဥပဒေ စိုးမိုးရေးမရှိလို့ ဖြစ်ပွားခဲ့တာဆိုပြီး နိုင်ငံတကာအလယ်မှာ မြန်မာပြည်ကို သိက္ခာချခဲ့ပါတယ်။ ရိုဟင်ဂျာဖြစ်စဉ်ရဲ့နောက်ကွယ်မှာ အယ်ကိုင်ဒါစတဲ့ အစ္စလမ်ဘာဝင် အကြမ်းဖက်အဖွဲ့တွေပါဝင်တယ်လို့လည်း သတင်း တွေမှာ ဖော်ပြခဲ့တာကိုလည်း သိရပါတယ်။
နိုင်ငံအတွင်းဆူပူမှုဖြစ်စဉ်ဖြစ်ပွားခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အစိုးရရဲ့ အပြစ်ကြောင့်ဆိုရင် ခုရောက်နေတဲ့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ လူထုအုံကြွမှုဖြစ်ပွားခဲ့တာကလည်း ဗြိတိန်အစိုးရရဲ့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ပေးနိုင်မှုမရှိဘူးလို့ သွယ်ဝိုက်ပြောဆိုနေသလိုပါပဲ။ အလားတူပဲ ၂၀၁၁ ခုနှစ်တွင်ဖြစ်ပွားခဲ့သော အိန္ဒိယနိုင်ငံ မွန်ဘိုင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာလည်း အိန္ဒိယအစိုးရရဲ့ တရားဥပဒေ စိုးမိုးမှုမရှိဘူးလို့ ပြောနေသလိုပါပဲ။ မွန်ဘိုင်းဖြစ်စဉ်ရဲ့နောက်ကွယ်မှာ အစ္စလမ်းမစ် အစွန်းရောက်အဖွဲ့တွေ ပါဝင်နေတယ်ဆိုတာ အစိုးရက ဖော်ထုတ်နိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံဖြစ်စဉ်မှာ မွတ်စလင်တွေက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတယ်ဆိုတာကို လေ့လာမိမှာပါ။ မြန်မာနိုင်ငံအတွင်းရိုဟင်ဂျာပြည်နယ်ရရှိရေးကို အစပျိုးလုပ်ဆောင်မှုပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ မြန်မာနိုင်ငံသား ရခိုင်လူမျိုးတွေကို ကာကွယ်ပြောဆိုပေးခြင်း၊ ကူညီထောင်ပံ့ပေးခြင်း တစ်စုံတစ်ရာမရှိပဲ နိုင်ငံခြားမှာ ပျော်ရွှင်နေပြီး ဘင်္ဂါလီတွေကို ကာကွယ်ပေးနေတာကို တွေ့ရပါတယ်…
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုပဲ အနောက်တိုင်းဆန်ဆန် မိမိကိုယ်ကိုမိမိ ဘာလူမျိုးလဲဆိုတာကို မေ့ဖို့ မသင့်ပါဘူး။ မြန်မာလူမျိုး၊ နိုင်ငံခေါင်းဆောင်တစ်ယောက်ရဲ့ သမီးအနေနဲ့ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုကို ကမ္ဘာ့ အလယ်မှာဖော်ထုတ်ပြရမှာပါ။ ဒါပေမယ့် အမေစုဟာ အနောက်နိုင်ငံသူကြီး တစ်ယောက်ဖြစ်နေတယ်ဆိုတာကို ရင်နာနာနဲ့ တွေ့လိုက်မိလို့ ပေးခဲ့ရတဲ့ မဲတပြားအတွက် အရမ်းနှမြောမိပါတယ်ဗျာ……

1 comment:

  1. ကျွန်မက ကုလားလူမျိုးရှင့်။

    ReplyDelete