Thursday 26 July 2012

ရိုဟင်ဂျာကိစ္စ အကြောင်းပြုပြီး ကျွန်တော်တို့နိုင်ငံကို ချိမ်းခြောက်တဲ့ Tehrik-i-Taliban Pakistan (the TTP) ဆိုတဲ့ အကြမ်းဖက်သမားအုပ်စု အကြောင်း တစ်စေ့တစ်စောင်း

ရိုဟင်ဂျာကိစ္စ အကြောင်းပြုပြီး ကျွန်တော်တို့နိုင်ငံကို ချိမ်းခြောက်တဲ့ Tehrik-i-Taliban Pakistan (the TTP) ဆိုတဲ့ အကြမ်းဖက်သမားအုပ်စုဟာ US Drone (မောင်းသူမဲ့လေယာဉ်) စာ ခဏခဏ မိလို့ ခေါင်းဆောင်တွေ တစ်ယောက်ပြီးတစ်ယောက် ကြွနေတဲ့ အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်..။

ပါကစ္စတန် ကောင်းကင်ယံမှာ ၀ဲနေတဲ့ US UAV Drone တွေကြောင့် အင်အားချိနဲ့လာတဲ့အဖွဲ့ဖြစ်သော်လည်း မနေ့က ပါကစ္စတန်အစိုးရနဲ့ ပတ်သက်တဲ့ Bajaur Agency ကို မနေ့က ဗုံးခွဲခဲ့လို့ လူ ၉ ယောက်သေဆုံးခဲ့တယ်

လို့သိရပါတယ်။


ဖော်ပြပါပုံထဲက ညာဖက်က မုတ်ဆိတ်နဲ့ လူကတော့ မြန်မာနိုင်ငံကို ခြိမ်းမြောက်တဲ့ TTP အကြမ်းဖက် အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ Ehsan Ullah Ehsan ဖြစ်ပါတယ်...။

သူတို့ရဲ့ခေါင်းဆောင် Ameer Hakimullah Mehsud (သေနတ်နဲ့ချိန်နေသူ) ဟာ ၂၀၁၀ ဇန်န၀ါရီ ၁၄ တုန်းက သူအိပ်နေချိန် မှာ US Drone က ပစ်လိုက်တဲ့ ဒုံးကျည်နှစ်စင်းကြောင့် သူ့လူ ၁၈ ယောက်နဲ့အတူ 
သေဆုံးခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် မသေခဲ့ပါဘူး..။ ဒဏ်ရာသာရခဲ့ပြီး နှစ်လအကြာ ဗီဒီယိုမှတ်တမ်းတွေထဲမှာ ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်..

ဒါပေမယ့် ယခုနှစ် ၂၀၁၂ ဇန်န၀ါရီ ၁၂ ရက်နေ့ညမှာ US Drone က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ကြောင့် သေဆုံးသွားတယ်လို့ သိရပြီး TTP ဘက်က မသေဘူးလို့ ငြင်းဆိုပေမယ့် အရင်ကလို သူတို့ခေါင်းဆောင်ရဲ့လှုပ်ရှားမှု ဗီဒီယိုဖိုင်ကို ယနေ့အထိ ထပ်မံမထုတ်ပြန်တော့ပါဘူး။

US က ဒီအဖွဲ့ကို သဲကြီးမဲကြီး နှစ်ပေါင်းများစွာတိုက်ခိုက်ချေမှုန်းနေပြီး ပါကစ္စတန်အစိုးရက US Drone တွေ သူတို့ကောင်းကင်မှာ ၀ဲနေတာကို ဘာ့ကြောင့်လက်ပိုက်ကြည့်နေရတာလဲဆိုရင် ..

TTP တာလီဘန်အဖွဲ့ဟာ...
၂၀၀၇ ဒီဇင်ဘာ မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ၂၀၀၈ ရွေးကောက်ပွဲကို ၀င်ရောက်အရွေးခံမယ့် ပါကစ္စတန် အမျိုးသမီးဝန်ကြီးချုပ်ဟောင်း လူထုခေါင်းဆောင် ဘနာဇီဘူတို ကို လုပ်ကြံသတ်ဖြတ်ရာမှာ ပါဝင်ပတ်သက်ခဲ့လို့ပါ..။

ထူးခြားတာက ကုလသမဂ္ဂနဲ့ ကမ္ဘာ့ထောက်လှမ်းရေးဌာနပေါင်းစုံရဲ့ စုံစမ်းထောက်လှမ်းချက်များအရ ယခင်ပါကစ္စတန် သမ္မတဟောင်း မူရှာယက်ဖ်ပါ ဘနာဇီဘူတိုကိုသတ်ရန်ကြံစည်မှု မှု ဖမ်းဝရမ်းနဲ့ တရားရင်ဆိုင်နေပါတယ်.။

ဘနာဇီဘူတို ဟာ Oxford က ကျောင်းပြီးသူပါ.....။


ဘာပဲဖြစ်ဖြစ် သတိတော့ထားသင့်ပါတယ် ...

ref:FB

No comments:

Post a Comment