Thursday 26 July 2012

ဂျပန်ကမ်းလွန်တွင် တိုက်လေယာဉ်ပျက်ကျမှုအပေါ် အမေရိကန်စစ်တပ် စုံစမ်းစစ်ဆေး

အမေရိကန် စစ်ဘက်သည် ဂျပန်နိုင်ငံ ကမ်းလွန်တွင် ပျက်ကျသွားသည့် တိုက်လေယာဉ် ကိစ္စနှင့် ပတ်သက်ပြီး စနစ်တကျ စုံစမ်းမှုများ စတင် ပြုလုပ်နေပြီဟု သိရသည်။ F-16 အမျိုးအစား လေယာဉ်သည် ဂျပန်ရှိ အခြေစိုက် စခန်းတစ်ခုမှ ပျံတက်စဉ် တနင်္ဂနွေနေ့က ပျက်ကျသွားခြင်း ဖြစ်သည်။ အမေရိကန် စစ်ဘက်က ဟော့ကိုင်းဒိုးကျွန်း ကမ်းလွန်တွင် ပစိဖိတ် သမုဒ္ဒရာထဲ လေယာဉ် ထိုးဆင်းသွားရခြင်းနှင့် ပတ်သက်ပြီး စတင် ခြေရာခံနေပြီဟု ပြောကြားသွားသည်။ ထိုလေယာဉ်သည် မီဆာဝါရှိ အမှတ်(၃၅) လေတပ် တိုက်လေယာဉ် တပ်ရင်းမှဖြစ်ပြီး ဟော့ကိုင်းဒိုးကျွန်းမှ မိုင်(၂၅၀)မျှ အကွာရှိ ရေထဲသို့ ပျက်ကျခဲ့ခြင်း ဖြစ်သည်။


လေယာဉ်မှူးသည် အလျင်အမြန် ခုန်ထွက်နိုင်ခဲ့ပြီး အသက်ရှင်နိုင်ခဲ့သည်။ ၎င်းကို ရေထဲတွင် (၆)နာရီကြာ
 မျောပါနေခဲ့ပြီးမှ ကယ်ဆယ်ရေးများက ရှာဖွေတွေ့ရှိခဲ့သည်။ အမေရိကန် လေတပ်သည် လေယာဉ်မှူး၏ အမည်ကို ထုတ်ပြန် ကြေညာခြင်း မရှိချေ။ ယခုအခါ လေယာဉ်ပျက်ကျမှုကို ဂျပန်နိုင်ငံမှ အာဏာပိုင်များနှင့် ပူးပေါင်းပြီး အမေရိကန်က စုံစမ်းစစ်ဆေးနေခြင်း ဖြစ်သည်။ စစ်အခြေစိုက် စခန်းမှ တာဝန်ရှိသူများက 
 လေယာဉ်မှူး၏ အခြေအနေသည် စိတ်ချရသော အနေအထားတွင် ရှိနေပြီဟု ပြောကြားထားသည်။ 


ref:planet

No comments:

Post a Comment