Thursday 26 July 2012

အငြင်းပွားနေသော တောင်တရုတ် ပင်လယ်အတွင်းရှိ တိုင်ပင်းကျွန်း တွင် အမြောက်များ ဖြန့်ချသွားမယ်

တရုတ် (တိုင်ပေ) သည် ရေပိုင်နက် အငြင်းပွား နေသည့် တောင်တရုတ် ပင်လယ် အတွင်းရှိ  တိုင်ပင်း ကျွန်းတွင် လာမည့်လ အတွင်း၌ အမြောက်များ ဖြန့်ချသွား မည်ဖြစ်ကြောင်း တရုတ် (တိုင်ပေ) ကာကွယ်ရေး ဝန်ကြီး ဌာနက ဇူလိုင် ၂၄ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရသည်။
 

အဆိုပါကျွန်းသို့  ၄ဝ  မမ  အလို အလျောက်ပစ်အမြောက်များ၊ ၁၂ဝ မမ အမြောက်များကို သြဂုတ်လ အကုန်တွင် သင်္ဘောများဖြင့် ပို့ဆောင် သွားမည်ဖြစ် ကြောင်း သိရသည်။ ၄င်းလက်နက်များ ကို ၁ဝ၆ မမ မောင်းပြန် စက်သေနတ် များနှင့် ၈၁ မမ အမြောက်များ နေရာ တွင် အစားထိုးသွား မည်ဖြစ်ကြောင်း    သိရသည်။

တိုင်ပင်းကျွန်း ကာကွယ်ရေးကို ၁၉၉၉ ခုနှစ် အတွင်းက ကမ်းတက် တပ်ဖွဲ့များ ဆုတ်ခွာ ပေးပြီးနောက် တွင် တရုတ် (တိုင်ပေ) ကမ်းခြေစောင့် တပ်ဖွဲ့က တာဝန်ယူ ထားကြောင်း သိရသည်။ တရုတ်(တိုင်ပေ) ကာကွယ်ရေး ဝန်ကြီးဌာန နှင့် ကမ်းခြေစောင့် တပ်ဖွဲ့ များသည် သြဂုတ်လ အတွင်း ပုံမှန် ကျည်စစ် ကျည်မှန် များဖြင့် စစ်ရေးလေ့ ကျင့်မှုတစ်ရပ် ပြုလုပ်နိုင် ကြောင်း သိရ သည်။  

No comments:

Post a Comment