Thursday 26 July 2012

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းမှ ပြည်ပခရီးစဉ်များ တိုးချဲ့ပြေးဆွဲ သွားမည်

အပြည်ပြည် ဆိုင်ရာ မြန်မာ့ လေကြောင်း MAI အနေနဲ့ ခရီးသည်များ အဆင်ပြေ စေဖို့ အတွက် ပြည်ပ ခရီးစဉ်များကို အချိန်တိုးချဲ့ ပြေးဆွဲ သွားမှာ ဖြစ်တယ်လို့သိရပါတယ်။



ဒီလို MAI လေကြောင်း လိုင်းမှ ရန်ကုန်-ဘန်ကောက်-ရန်ကုန် ခရီးစဉ်ကို နံနက် တစ်ကြိမ်၊ ညနေပိုင်း တစ်ကြိမ် တစ်နေ့မှာ ၂ ကြိမ်၊ ရန်ကုန်-စင်္ကာပူ-ရန်ကုန် ခရီးစဉ်ကို ၂ ကြိမ်မှ တစ်နေ့ကို ၃ ကြိမ်၊ ပြေးဆွဲပေးလျက် ရှိပါတယ်။ ဒါ့အပြင် ရန်ကုန်-မလေးရှား-ရန်ကုန် ခရီးစဉ် များကို တစ်ပတ်မှာ ၅ ကြိမ် ပုံမှန်ပြေးဆွဲ လျက်ရှိပြီး ရန်ကုန်-ကွမ်ကျိုး-ရန်ကုန် ခရီးစဉ်ကို တစ်ပတ် ၂ ကြိမ်မှ ယခုအခါ တစ်ပတ်ကို ၃ ကြိမ်နဲ့ ရန်ကုန်-ဆီသမ်ရိ-ရန်ကုန် ခရီးစဉ်နဲ့ ရန်ကုန်-ဖနွမ်းပင်-ရန်ကုန် ခရီးစဉ်များကို တစ်ပတ် ၃ ကြိမ် တိုးချဲ့ ပျံသန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်-ဂါယာ-ရန်ကုန် ခရီးစဉ်ကို တစ်ပတ်မှာ ၃ ကြိမ် ပြေးဆွဲရာမှ ဘုရားဖူး ခရီးသည်များ အဆင်ပြေ ချောမွေ့ စေဖို့အတွက် နေ့စဉ်ပြေးဆွဲဖို့ စီစဉ်လျှက်ရှိပြီး မန္တလေးမှ ဘန်ကောက်သို့ တိုက်ရိုက် သွားလိုတဲ့ ခရီးသည်များနဲ့ ကမ္ဘာ အရပ်ရပ်မှ ခရီးသည်များ အထက် မြန်မာပြည်သို့ တိုက်ရိုက် သွားရောက် လည်ပတ်နိုင်ဖို့ အတွက် မန္တလေး-ဘန်ကောက်-မန္တလေး ခရီးစဉ် အသစ်များကို တစ်ပတ် ၂ ကြိမ် တိုးချဲ့ပြေးဆွဲ သွားမှာ ဖြစ်တယ်လို့ MAI မှ တာဝန် ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒါ့အပြင် အဆိုပါ လေကြောင်း လိုင်းမှ ခရီးသည်များ အဆင်ပြေ လွယ်ကူစေဖို့ အတွက် စင်းလုံးငှား Charter Flight ခရီးစဉ်များ ကိုလည်း စီစဉ်ဆောင်ရွက် ပေးလျက် ရှိတယ် လို့လည်း သတင်း ရရှိပါတယ်။

No comments:

Post a Comment