Thursday 26 July 2012

ထိုင်းနိုင်ငံ ဖန်ငနဲ့ ဆွန်ခလာခရိုင်အတွင်းမှာ မြန်မာအလုပ်သမား ၃ ဦး ပစ်သတ်ခံရ


ထိုင်းနိုင်ငံ ဖန်ငနဲ့ ဆွန်ခလာခရိုင်အတွင်းမှာ မြန်မာအလုပ်သမား ၃ ဦး ဇူလိုင်လ ၂၅ ရက်နေ့က အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။ ဖန်ငခရိုင် ထိုင်းမွန်မြို့နားက ရာဘာခြံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ကိုထူးနိုင်ကို ဇူလိုင် ၂၅ ရက် ည ၁၀ နာရီလောက်မှာ သေနတ်ဒဏ်ရာ ၆ ချက်နဲ့ သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ဖန်ငအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED)မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။ အလားတူ ထိုင်း-မလေး ရှားနယ်စပ် ဆုံခရာခရိုင် ရာနွတ်ဒေသမှာရှိတဲ့ CPF ပုဇွန်စက်ရုံက မြန်မာရွှေ့ပြောင်း အလုပ်သမား (၃) ဦးလည်း ၂၅ ရက်နေ့ မနက်အစောပိုင်းက သေနတ်နဲ့ ပတ်ခတ်ခံရပြီး သူတို့ထဲက ၂ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ref:DVB

No comments:

Post a Comment