Thursday 26 July 2012

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အနီး ငလျင်လှုပ်ခတ်မှုကြောင့် လူနေအိမ်နှင့် အဆောက်အအုံအချို့ ပျက်စီး

ကချင်ပြည်နယ်အတွင်း  မိုးညှင်းမြို့နယ် မြောက်ဘက် ၂၁ မိုင်ခန့်အား ဗဟိုပြု၍ ပြင်းအားရစ်ခ်ျတာစကေး ၅ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု ဇူလိုင်လ ၂၂ ရက်နေ့တွင် လှုပ်ခတ်မှုကြောင့် ခရစ်ယာန်ကျောင်းတော်နှစ်ခုမှ အဆောက်အအုံအချို့နှင့် လူနေအိမ် ခုနစ်လုံးခန့် ပျက်စီးခဲ့ကြောင်း လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာ
ချထားရေး ဗဟိုမှ သိရှိရသည်။


အဆိုပါငလျင်ကြောင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့နယ်ခွဲ မြဇေယျာရပ်ကွက်နှင့် မြို့မရပ်ကွက်ရှိ ခရစ်ယာန်အသင်းတော် ဘုရားကျောင်းရှိ အုတ်တံတိုင်းများ ပြိုကျခြင်းနှင့် လူနေအိမ်ငါးလုံးခန့် ပြိုကျပျက်စီးခဲ့ကြောင်း၊ အလားတူ နန့်မွန်းကျော်ကျေးရွာအုပ်စု ဆနွင်းကျေးရွာတွင် အသင်းတော်ကျောင်းမှ အဆောက်အအုံအချို့နှင့် လူနေအိမ်နှစ်လုံးခန့် ပြိုကျခဲ့ကြောင်း၊ ထိခိုက်သေဆုံးသူ မရှိကြောင်းလည်း သိရှိရသည်။
ကချင်ပြည်နယ်အတွင်း လှုပ်ခတ်သွားသောငလျင်ကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၆၀ ခန့်ရှိကြောင်းနှင့် အဆိုပါပျက်စီးသွားသော နေအိမ်များရှိ အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးထားကြောင်း သိရှိရသည်။

ref:emg

No comments:

Post a Comment