Thursday 26 July 2012

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂျပန်လွှတ်တော် အမတ်ဟောင်းနှင့် ဂျပန်-မြန်မာအသင်း ဥက္ကဌ Mr.Hideo WATANABE မှ ဂါရဝပြုတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂျပန်လွှတ်တော် အမတ်ဟောင်းနှင့် ဂျပန်-မြန်မာအသင်း ဥက္ကဌ Mr.Hideo WATANABE သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာ သီရိဗိမာန်တွင် လာရောက်ဂါရဝပြုတွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နှစ်နိုင်ငံနှင့်တပ်မတော် (၂)ရပ်အကြား ချစ်ကြည်ရေးတိုးမြှင့်ဆောင်ရွက်ရန်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်လွှတ်တော် အမတ်ဟောင်းနှင့် ဂျပန်-မြန်မာအသင်း ဥက္ကဌ Mr.Hideo WATANABE တို့သည် အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment