Thursday 26 July 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြန်မာနိုင်ငံသံရုံးနှင့်စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တွေ့ဆုံ

ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဖွဲ့ဝင်များလိုက်ပါလျက် ဇူလိုင် ၂၂ ရက် ည ၇ နာရီခွဲက ဗန်ကောက်မြို့  ရှိ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဝင်း၏နေအိမ်သို့ ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များအား သံအမတ်ကြီး ဦးတင်ဝင်းနှင့်ဇနီး ဒေါ်သုယဉ်၊ စစ်သံမှူးဗိုလ်မှူးကြီး ဝင်းမောင်နှင့်ဇနီး ဒေါ်မြင့်မြင့်ကြည်၊ သံရုံး၊ စစ်သံရုံးတို့မှဝန်ထမ်းများနှင့် မိသားစုများက ကြိုဆိုကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတအား သံအမတ်ကြီး၊ စစ်သံမှူးနှင့်သံရုံး၊ စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ၊ ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော မြန်မာပညာသင်များက မြန်မာ့ရိုးရာအစဉ်အလာ နှင့်အညီ ဂါရဝပြု ကန်တော့ကြသည်။


ထို့နောက် နိုင်ငံတော်သမ္မတက သြဝါဒစကားပြောကြားရာတွင် မိမိတို့နိုင်ငံတွင် နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိ
 နေပြီး ပြည်တွင်းနိုင်ငံရေးအခြေအနေရော၊ နယ်စပ်ဒေသတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးတည် ဆောက်မှုအခြေအနေများပါ တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက် 
 နေပါကြောင်း၊မိမိပြည်သူများ၏ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းလျှော့ချနိုင်ရေး၊
 ပြည်တွင်းအလုပ်အကိုင်နှင့်အခွင့်အလမ်းများတိုး တက်ဖြစ်ထွန်းလာစေရေးအတွက်လည်း
 ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ တစ်ဖက်က ပြည်ပရင်းနှီးမြှုပ်နှံ မှုများ ဖိတ်ခေါ်ပြီး
 နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက် လာအောင်လည်း မြှင့်တင်ဖော်ဆောင်နေပါကြောင်း၊
နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် ကမ္ဘာ့မိသားစုဝင် နိုင်ငံများအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မြန်မာ-ထိုင်းနှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်အောင် မြှင့်တင် ဆက်ဆံ ပူးပေါင်းဆောင်ရွက်နေချိန်တွင် ဤနိုင်ငံ၌ လာရောက်တာဝန်ထမ်းဆောင်နေကြသည့် သံတမန်များနှင့် မိသားစုများ၊ ပညာတော်သင်များအနေဖြင့်လည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်နိုင် စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံ၌ လာရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများအား မြန်မာသံရုံး အနေဖြင့် တတ်နိုင်သမျှ ကူညီစောင့် ရှောက်ကာကွယ်ပေး ကြရန်လိုကြောင်း၊ထို့ပြင် တရားမဝင်လူကုန်ကူးခံရသည့် 

မိမိနိုင်ငံသားများရှိပါကလည်း သက်ဆိုင်ရာ NGO အဖွဲ့များနှင့် ချိတ် ဆက်ပြီး တတ်စွမ်းသမျှ ထိထိရောက် ရောက်ကူညီစောင့်ရှောက်ပေးရန်လိုပါကြောင်း၊ ယခုကဲ့သို့ တိုင်းတစ်ပါး၌
 ရောက်ရှိတာဝန်ထမ်းဆောင်နေခိုက်တွင် အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို ထိန်း သိမ်းမြှင့်တင်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားလိုပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတက သံအမတ်ကြီး၊ စစ်သံမှူးနှင့်သံရုံး၊ စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ၊ မြန်မာပညာသင်များအား လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား သံအမတ်ကြီးနှင့် ဇနီးတို့က ညစာဖြင့် 

တည်ခင်းဧည့်ခံကြ သည်။

No comments:

Post a Comment