Thursday 26 July 2012

ကယ်ဆယ်ရေးစခန်းများအတွက် ထောက်ပံ့ပစ္စည်းများ တောင်ကြီးသင်္ဘောဖြင့် စစ်တွေမြို့သို့ ရောက်ရှိ

ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်း အသီးသီးတွင် ရောက်ရှိနေသော ဒေသခံပြည်သူများအား ထောက်ပံ့ ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံအနယ် နယ်အရပ်ရပ်မှ လှူဒါန်း ထားသော ဆေးဝါးပစ္စည်းများ၊ စာရေးကိရိယာများ၊ အဝတ်အထည်များ၊ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများပါဝင်သော ပစ္စည်းမျိုးစုံသည် ဇူလိုင် ၂၃ ရက်က ရန်ကုန်မြို့မှ စစ်တွေမြို့သို့ မြန်မာ့ကြယ် ငါးပွင့် သင်္ဘောလုပ်ငန်း တောင်ကြီး သင်္ဘောဖြင့်ထပ်မံရောက်ရှိသည်။
အဆိုပါရေယာဉ်ပေါ်မှ ထောက်ပံ့ကူညီသည့်ပစ္စည်းများကို ကယ်ဆယ်ရေးစခန်းများသို့ အမြန်ဆုံးရောက်ရှိ ဖြန့်ဖြူးနိုင်ရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူတို့က သယ်ချခြင်း ဆောင်ရွက်ပေးကြပြီး တပ်မတော် မော်တော်ယာဉ်များဖြင့် စစ်တွေမြို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန သိုလှောင်ရုံသို့ သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment